သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-11
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေ စီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ အမေရိကန် အစိုးရကိုယ်စားလှယ်အဖွဲ့ ဟာ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်က ရှမ်းမျိုးနွယ်စု များဓမ္မာရုံမှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-11
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာရှိတဲ့ မိုးကုတ် အင်းအစပ်က မုံကွင်းမှာ ကျောက် မျက်လုပ်ငန်းရှင်များ အသင်းက ကျောက် မျက်ဈေး ဆောက်လုပ်ဖို့ အတွက် ပြင်ဆင်နေတာကို မြို့ခံ ၁ဝဝဝ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-01-11
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယာယီရပ်ဆိုင်းထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-01-11
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား လာမယ့်ဖေဖော် ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြော ပါတယ်။
2015-01-11
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက ရန်ကုန်မြို့ ဗဟန်း မြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂဖံ့ွဖြိုးရေး အစီအစဉ် UNDP ရုံးမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က အဖွဲ့ဝင်တွေ၊ ရုပ်သံမီဒီယာနဲ့ ပုံနှိပ်မီဒီယာမှာ လုပ်ကိုင်နေ သူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2015-01-11
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2015-01-10
မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ဈေးကွက် ကို အောက်တိုဘာလမှာ စတင် ဖွင့်လှစ် မယ်လို့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိန်းက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
2015-01-10
ရန်ကုန်မြို့ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ မြို့ပြ ဆိုင်ရာ ပြဿနာတွေကို စနစ်တကျ မဖြေ ရှင်းနိုင်ဘူးဆိုရင် နောက်လာမယ့် နှစ် ၅၀ မှာ ဖြေ ရှင်းဖို့ခက်တဲ့ ပြဿနာ ကြီးတွေနဲ့ ကြုံတွေ့ရလိမ့်မယ် လို့ ပြည်တွင်းပညာရှင်အဖွဲ့တွေက သတိပေးလိုက်ပါတယ်။
2015-01-10
လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာန လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Tom Malinowski နဲ့အဖွဲ့ဟာ ဒီကနေ့ မြန်မာ နိုင်ငံခရီးစဉ် စတင်မှာ ဖြစ်ကြောင်း AP သတင်းကဖေါ်ပြပါတယ်။
2015-01-10
လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင် ပနိုင်ငံရေး ဘယ်လှုပ်ရှားမှုက ပြည်သူ့ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
2015-01-10
ဒီနေ့ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မှာ မြစ်ကြီးနားမြို့ နောင့်နမ်းဓမ္မတက္ကသိုလ်မှာ လူဦးရေ ၃ဝဝဝ ကျော်က ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဒီနေ့ ဆုတောင်းပွဲ ကျင်းပခဲ့ကြပါတယ်။
2015-01-10
ဗ.က.သ များအဖွဲ့ချုပ်က ကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ဖို့ မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ ဝတ်ပြုဆုတောင်းခဲ့တဲ့ တမာအရိပ်အမျိုးသမီးအဖွဲ့က မတင်မာရီကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လ ချမှတ် လိုက်တာကို ရှုတ်ချကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။
2015-01-10
ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက် ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ Ms. Yanghee Lee ဟာ ဒီကနေ့ ပြည်နယ် ECC ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-10
မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့ လက်တစ် ကမ်းအလိုမှာရောက်နေပြီး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို မကြာမီ လက်မှတ်ရေးထိုးနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် က မြစ်ကြီးနားမြို့ မနောကွင်းဥယျာဉ်မှာ ပြုလုပ်နေတဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
2015-01-10
နိုင်ငံတစ်ခု ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲမွဲတေရတဲ့ အကြောင်းတရားနောက်မှာ ရုပ်ပိုင်းဆိုင်ရာ နိမ့်ကျခြင်းသာမက အတွေးအခေါ်ပိုင်းဆိုင်ရာ အားနည်းခြင်း လည်း ပါဝင်တာကြောင့် နိုင်ငံသူ နိုင်ငံသားတွေ ဉာဏ်ပညာ အမြော်အမြင် မြင့်မားဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြော ပါတယ်။