သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-26
ဒီကနေ့ မနက်ပိုင်းက တပ်မတော်ရဟတ် ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင် ဆည်အတွင်း ထိုးဆင်းပျက်ကျသွားခဲ့တယ် လို့ အစိုးရ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဖော်ပြပါတယ်။
2016-04-26
တရားမဝင်နယ်စပ်ဖြတ်ကျော်မှု နဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။
2016-04-26
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ တရားမဝင် စီတန်းလှည့်လည် မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထား ရတဲ့ မစုစုနွေး အပါအဝင် ၉ ဦးကို တရားလိုဘက်က အမှု ကို ရုပ်သိမ်းပေးလိုက်ပါတယ်။
2016-04-26
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ် ရွှေဂွန်းကျေးရွာက ဗလီဘေးနဲ့ ကွမ်းတောကျေးရွာက ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း စေတီတည်ခဲ့တဲ့ မြိုင်ကြီးငူ ဆရာတော်ကို ထိလွယ် ရှလွယ်တဲ့ကိစ္စတွေကို မလုပ်ဖို့ အတွက် မေတ္တာရပ်ခံသွား မယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။
2016-04-26
ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တာဝန်ယူမှာဖြစ်ပြီး မနက်ဖြန် ဧပြီလ ၂၇ ရက်နေ့ မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2016-04-26
မြန်မာအမျိုးသား မဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့နဲ့ အလွတ်သဘော တွေ့ဆုံလိုကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ဇော်ဦးနဲ့ အဖွဲ့က ကမ်းလှမ်း တာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ငြင်းပယ် လိုက်ပါတယ်။
2016-04-25
နေပြည်တော် စည်ပင်တရားရုံးမှာ လယ်ယာမြေကိစ္စတွေနဲ့ အမှုရင်ဆိုင်နေ ရတဲ့ တောင်သူတွေ၊ ထောင်ကျနေ တဲ့တောင်သူတွေအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်း ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နေပြည်တော်ကောင်စီဥက္ကဌ ထံ စာပေးပို့တင်ပြသွားမယ်လို့ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း က ပြောပါတယ်။
2016-04-25
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပတ်ဂျာဆန် လို့ လူသိများတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က လူထုဟောပြောပွဲ ကျင်းပပြီး လူဦးရေ တစ်ထောင်နီးပါးလောက် တက်ရောက်ခဲ့ သလို ကချင်ပြည်နယ် တနိုင်းမြို့မှာလည်း မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2016-04-25
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစပြီး ဧရာ ဝတီမြစ်ရေ မြင့်တက်လာတာကြောင့် မလိခ မြစ်အောက် ဖက် ဧရာဝတီမြစ်ဆုံ မြစ်ကမ်းစပ်အနီးမှာရှိတဲ့ ဈေးဆိုင် ၃၇ ဆိုင် ရေနစ်မြုပ်ခဲ့ပါတယ်။
2016-04-25
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဆိုသူတချို့ရဲ့ ပြုမူလုပ်ဆောင်မှုတွေဟာ တည်ဆဲ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ညီညွတ်မှု ရှိ မရှိကို သုံးသပ်ဆောင်ရွက်ဖို့ လိုအပ် မှာဖြစ်ကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဝင် ၁၇ ဦးကို ပါတီကနေ အနားပေးလိုက်တာနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက သဘောထားထုတ်ပြန်လိုက်ပါတယ်။
2016-04-25
စက်မှုဇုန်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ ကြုံတေ့ွနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တင်ပြကြဖို့နဲ့ တင်ပြ ရာမှာလည်း လာဘ်ထိုးပြီး လုပ်ခိုင်းတာမျိုးကို လက် မခံကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
2016-04-25
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ ထိုင်းနိုင်ငံသားပိုင် မော်လမြိုင် ဘိလပ်မြေ စက်ရုံအတွက် ကျောက်မီးသွေးသုံးဓာတ် အားပေး စက်ရုံတည်ဆောက်နေတာကို ရပ်ဆိုင်းပေးဖို့ ဒေသခံ လေးထောင်နီးပါးက လက်မှတ်ရေးထိုး ပြီး ဒီနေ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြလိုက်ပါတယ်။
2016-04-25
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စပြီး လေးရက်ဆက်တိုက် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း၊ ချင်း စတဲ့ တိုင်းဒေ သကြီးနဲ့ ပြည်နယ် ၅ ခုမှာ မိုးသီးကြွေတာ၊ လေပြင်းတိုက် တာနဲ့ မိုးကြီးခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး နေအိမ် တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2016-04-25
ဧရာဝတီတိုင်းဒေသကြီးမှာ နေထိုင် တဲ့ ပြည်သူတွေအားလုံး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိစေဖို့အတွက် တရားဥပဒေစိုးမိုးပြီး လာဘ်ပေး လာဘ်ယူကင်း စင်အောင် ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ က ပြောလိုက်ပါတယ်။
2016-04-24
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ အုပ်စုဖွဲ့ရိုက်နှက်မှုတွေ မကြာခဏဖြစ် ပွားနေတာကြောင့် အုပ်စုဖွဲ့ပြီး တုတ်၊ ဓါး၊ လက်နက်တွေ ကိုင်ဆောင်သွားလာခြင်းမလုပ်ဖို့ ပခုက္ကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဧပြီလ ၂၃ ရက်နေ့ မနေ့က ရက်စွဲနဲ့ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။