သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-16
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ဘက် ၅ မိုင် ဝန်းကျင်အကွာ၊ လခြမ်းတောင်အနီးမှာ အစိုးရတပ် ခလရ ၁၅ နဲ့ ကေအိုင်အေ တပ်ရင်း ၅ တို့အကြား မနေ့ကစပြီး တိုက်ပွဲဖြစ်ပွားရာမှာ၊ အစိုးရတပ်က အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့ ပါတယ်။
2015-11-16
NLD ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ဝန်ကြီးနေ ရာတွေအတွက် စိတ်ကူးယဉ်မနေကြဖို့ ဒေါ်အောင် ဆန်းစုကြည်က ဒီကနေ့ ခေါ်ယူပြောကြားခဲ့တယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြော ပါတယ်။
2015-11-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက် ပွဲမှာ တစ်နိုင်ငံလုံးမှာ အနိုင်ရသွားတာဟာ တိုင်းရင်းသားပါတီတွေရဲ့ ယုံကြည်မှုကို လျော့နည်းသွားစေ တယ်လို့ ပြောကြပါတယ်။
2015-11-16
၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကျန်ရှိနေသေးတဲ့ လွှတ်တော်သက်တမ်း ကာလအတွင်းမှာ နိုင်ငံတော် နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် သစ္စာရှိစွာနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။
2015-11-15
၁၉၇၄-၇၅နဲ့ ၇၆ ခုနှစ်တွေမှာ နိုင်ငံရေး လှုပ်ရှားခဲ့ကြတဲ့ အင်အားစုတွေ က ရွေးကောက်ပွဲမှာ NLD က ပြတ်ပြတ်သားသား အနိုင်ရခဲ့တာကို ဂုဏ်ပြုကြောင်း ဒီကနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2015-11-15
နိုဝင်ဘာလ ၁၃ ရက်နေ့ သောကြာနေ့ ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အကြမ်းဖက်သမားတွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ညနေက ရန်ကုန်မြို့ ပြင်သစ်သံရုံးရှေ့မှာ ကျင်းပ ခဲ့ပါတယ်။
2015-11-15
သတင်းစာဆရာမကြီး လူထုဒေါ်အမာ ရဲ့ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ် ပွဲကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ ကနေ ၂၉ ရက်နေ့အထိ မန္တလေးမြို့မှာ ၄ ရက်ကြာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
2015-11-15
UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ အနေနဲ့ NLD ပါတီဖွဲ့စည်းမယ့် အစိုးရဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိရေးနဲ့ တိုင်းရင်းသားတွေ မျှော် မှန်းနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတွက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ ရလဒ်တွေကို စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ UWSA ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
2015-11-15
ရွေးကောက်ပွဲအပြီးကာလ တိုင်းပြည် တည်ငြိမ်ရေးအတွက် အနိုင်ရပါတီနဲ့ လက်ရှိအစိုးရအဖွဲ့တို့ တိုင်ပင်ညှိနှိုင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက တိုက်တွန်းပြောဆိုလိုက် ပါတယ်။
2015-11-15
အထွေထွေရွေးကောက်ပွဲမှာ အနိုင် ရရှိခဲ့တဲ့ပါတီကို လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ အစိုးရက စနစ်တကျ အာဏာလွှဲပြောင်းပေးသွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန် မှုမရှိကြဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကတိပေး ပြော ကြားလိုက်ပါတယ်။
2015-11-15
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မဲဆန္ဒ နယ်မြေအမှတ် (၂) မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်ရဲ့ ယာဉ်တန်းဟာ မနေ့ညနေ သုံးနာရီ အချိန်က တာမိုးညှဲကနေ ကွတ်ခိုင်ကိုလာတဲ့လမ်းမှာ ပစ်ခတ်တိုက် ခိုက်ခံရပါတယ်။
2015-11-15
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ မနက်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2015-11-14
ADB အာရှဖွံ့ဖြိုးရေးဘဏ်က ပေး တဲ့ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၆ဝ နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့ မှာ သောက်သုံးရေ စီမံခန့်ခွဲရေး တိုးတက်ကောင်းမွန် ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါ တယ်။
2015-11-14
ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ လဲချားနဲ့မိုင်းနောင်မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တစ်သောင်းခွဲလောက်ရှိပြီး အဲဒီထဲက ဒုက္ခသည်တစ်ထောင်လောက်ကို ကျောက်မဲမြို့က အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ ခိုလှုံနိုင် ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
2015-11-14
ရွေးကောက်ပွဲနေ့မှာ ရန်ကုန်နဲ့ စစ်ကိုင်းဒေသကြီး၊ ချင်းနဲ့ ရခိုင်ပြနယ်တွေ မှာ စောင့် ကြည့်လေ့လာခဲ့တဲ့ အောက်ချင်းငှက် လေ့ လာစောင့်ကြည့်ရေးအဖွဲ့က သူတို့တွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။