သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-17
အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် ပိတ်ထားရတဲ့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက စာသင်ကျောင်း ၁၂၆ ကျောင်းသာ ပြန်ဖွင့်နိုင်ပြီး ၂၉၈ ကျောင်း ကတော့ ပြန်ဖွင့်ပေးဖို့ ကျန်သေးတယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2017-11-17
ရှစ်လေးလုံးသမိုင်းပြတိုက်ကို တစ်နှစ်အတွင်း အုတ်မြစ်ချနိုင်ရေးအတွက် ၈၈ မျိူးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းနဲ့ ရှစ်လေးလုံးသမိုင်းပြတိုက်(ယာယီ) တာဝန်ခံတွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဒီကနေ့ ရှစ်လေးလုံးပြတိုက်(ယာယီ) မှာ ဆွေးနွေးခဲ့ကြပါတယ်။
2017-11-16
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူတွေအနေနဲ့ တကယ့် မြန်မာနိုင်ငံသား အစစ်အမှန်တွေက ပြန်လည်လက်ခံဖို့ အသင့်ဖြစ်တဲ့အချိန်ကျမှ ပြန်လာနိုင်မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို လိုက်ပါတယ်။
2017-11-16
နေပြည်တော်ကောင်စီနယ်မြေက လွှတ်တော်အဆောက်အအုံကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်နဲ့ ယာဉ်မောင်းတို့ကို နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် တရားရုံးမျာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။
2017-11-16
၂၀၁၆- ၁၇ ဘဏ္ဍာနှစ်က အစိုးရရဲ့ ဘက်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ကနေ ကျပ် သန်း ၁၉၀၀ နီးပါး ချေးယူခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။
2017-11-16
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာက အလယ်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာမကို အဓ္ဓမပြုကျင့်ခဲ့တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်သား ၂ ဦးကို တာဝန်ကနေ ရပ်စဲပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီလို့ TNLA က ပြောပါတယ်။
2017-11-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ်- ၁၅၃-၁၅၄ အကြား အပေါက်ဝကျေးရွာ ဒေးဝန်းတံတားအနီးမှာ ဒီနေ့မနက် လက်လုပ်မိုင်း ၄ လုံး တွေ့ရှိခဲ့ပါတယ်။
2017-11-16
ကချင်ပြည်နယ် ဖားကန့်မှာ မနှစ်က ရတနာတောင်တန်းကုမ္ပဏီက တူးဖော်တွေ့ရှိခဲ့တဲ့ တန်ချိန် ၃၀၀ ကျော်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ကျပ်ငွေ ၁၀ ဘီလီယံကျော် တန်ဖိုး သတ်မှတ်ပြီး ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာ တင်ပြရောင်းချသွားမယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
2017-11-16
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ NCA လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ အချက်တွေကို ဒီနေ့ ရန်ကုန်မြို့ NRPC မှာ ဆွေးနွေးဖို့ရှိပေမယ့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပါတယ်။
2017-11-15
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တီလာဆန်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်ဝေါ်ရလောက်အောင် အချက်အလက်ပြည့်စုံရဲ့လားဆိုတာ ဆက်လက်သုံးသပ် လေ့လာဖို့ လိုအပ်နေသေးကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2017-11-15
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်ပူပန်ပေမယ့် မြန်မာ အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ သိမ်းကျုံးအရေးယူဖို့ အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။
2017-11-15
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပျော်ရွာတံတားအနီးမှာ ဒီကနေ့ မနက် ၉ နာရီလောက်က တပ်မတော် ထောက်ပို့တပ် ယာဉ်တန်း ဗုံးဖေါက်ကွဲခံရတယ်လို့ မင်းပြားမြို့နယ်ရဲစခန်းက အတည်ပြုပြောပါတယ်။
2017-11-15
၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က အရွယ်မရောက်သေးတဲ့ ကလေးတွေကို တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းနေတယ်ဆိုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဒီနေ့ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
2017-11-15
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သူတွေကို ပြန်လည်လက်ခံပြီး သူတို့ရဲ့မူလနေရာနဲ့ အနီးစပ်ဆုံးနေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ စဉ်းစားနေတယ်လို့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် က ဒီနေ့ ပြောပါတယ်။
2017-11-15
နိုင်ငံရေးလုပ်မှတော့ လောကဒဏ်တွေကို ရင်ဆိုင်ရတာဟာ အထူးအဆန်းမဟုတ်ကြောင်း တာဝန်ယူတဲ့သူတိုင်း ရင်ဆိုင်ရမယ့်ကိစ္စတွေဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။