သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-08
ကမ္ဘာ့ရာသီဥတုဒဏ် အဆိုးဝါးဆုံးခံရတဲ့ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး မိုဇမ်းဘစ်နိုင်ငံက အဆိုးဆုံးပဲ လို့လည်း German Watch ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
2016-11-08
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက သူ့အနေနဲ့ အဂတိလိုက်စားမှု ရှိခဲ့တာကို အချက် အလက်ခိုင်ခိုင်မာမာနဲ့ ထောက်ပြမယ် ဆိုရင် ရာထူးကနေနှုတ်ထွက်ဖို့ ဝန်မလေးကြောင်းနဲ့ အချက် အလက်မခိုင်မာဘဲ စွပ်စွဲပြောဆိုမယ်ဆိုရင် ရေးသားသူအနေ နဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောပါတယ်။
2016-11-08
မြန်မာနိုင်ငံက တောင်သူတွေရဲ့ အသိပညာ အားနည်းမှုကြောင့် ပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေသြဇာတွေကို အလွန်အကျွံ သုံးစွဲလာကြတဲ့အတွက် စားသုံးသူတွေအနေနဲ့ အန္တရာယ် ရှိကြောင်း မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင် က ပြောပါတယ်။
2016-11-08
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Eleven Media ကို တရားစွဲဖို့ စီစဉ်နေ တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါ တယ်။
2016-11-08
ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ၁၃ ခု စုပေါင်းပြီး ရှမ်းပြည်နယ် တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
2016-11-08
ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲက မန်မိုင်ကျေးရွာနားမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ နိုဝင်ဘာလ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2016-11-07
မြန်မာနိုင်ငံမီဒီယာဟာ လွန်ခဲ့တဲ့လေး ငါးနှစ်နဲ့ နှိုင်းယှဉ်ရင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တွေ ရှိလာပေမယ့် သတင်းရယူခွင့်မှာတော့ လက်ရှိအချိန်အထိ အကန့်အ သတ်တွေရှိနေသေးတယ်လို့ ဒီနေ့ကျင်းပတဲ့ ၅ ကြိမ်မြောက် မီဒီယာညီလာခံမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် က ပြောလိုက်ပါတယ်။
2016-11-07
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) ဗဟိုကင်းမှာရှိတဲ့ ယမ်းတိုက်တစ်ခု ဒီနေ့ နေ့လည်က မီးလောင်ပေါက်ကွဲခဲ့ပါတယ်။
2016-11-07
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံကို တရားဝင်သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေကိုပါ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေရှိနေတဲ့ အတွက် အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးဖို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက တရုတ်နိုင်ငံ ရွှေလီ မြို့ ပြည်ပရေးရာဌာနကို နိုဝင်ဘာ ၄ ရက်နေ့က အကြောင်း ကြားထားပါတယ်။
2016-11-07
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဥရောပသမဂ္ဂ ကာကွယ်ရေး ဦးစီးချုပ်တွေရဲ့ စစ်ဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေးကို တက်ရောက်ဖို့ နိုဝင်ဘာလ ၆ ရက်နေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
2016-11-07
ဒီနေ့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပ တဲ့ ၆၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
2016-11-07
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန် လည်ပြုပြင်ပေးဖို့ တရုတ် ကုမ္ပဏီဖြစ်တဲ့ CNPC ရုံးရှေ့ မှာ ဒေသခံ ၁၀၀ ကျော်က မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2016-11-06
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြိုနယ်က ကြက်ဘဲဈေးမှာ မှုခင်းတွေလျော့ ကျစေဖို့နဲ့ ဈေးလုံခြုံရေးအတွက် CCTV ကင်မရာအလုံး ၁၇၀ ကျော်ကို တစ်လအတွင်း အပြီးတပ် ဆင်သွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် က ပြောပါတယ်။
2016-11-06
အမျိုးဘာသာအတွက် အားကိုးစရာ တပ်မတော်သာရှိတဲ့အတွက် တပ်မတော် ကို ထောက်ခံကြိုဆိုကြောင်း လူထုထောက် ခံပွဲကို ရန်ကုန်မြို့ တာမွေ မြို့နယ် ပြည်သူ့ဟစ်တိုင်ကွင်းမှာ ဒီကနေ့ အမျိုးသားရေး လှုပ်ရှားသူတွေက ကျင်းပခဲ့ပါတယ်။
2016-11-06
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSSနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ် ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်တဲ့ စိစစ်ရေး အဖွဲ့ရဲ့ အစီရင်ခံစာကို လာမယ့် နိုဝင်ဘာလလယ်မှာ ပြုလုပ် မယ့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U အစည်း အဝေးမှာ တင်ပြသွားမယ်လို့ စိစစ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။