သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-12
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၇ ဖဲ့ွနဲ့ ဖွဲ့စည်းထားတဲ့ FPNCC အဖွဲ့ဝင် NDAA မိုင်းလားတပ်ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-11-12
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရဟန်းသာမဏေတွေ၊ သီလရှင်တွေ မကြွရောက်ဖို့ နိုင်ငံတော်သံဃာ့မဟာနာယက မဟန အဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်တားမြစ်သွားမှာဖြစ်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဒီနေ့ ပြောပါတယ်။
2017-11-11
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်ယာမြေဧက ၂ ထောင်ကျော်အတွက် လျော်ကြေးပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တေ့ွဆုံစဉ် ဒေသခံတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။
2017-11-11
မကြာခင် ကျင်းပမယ့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေမှာ ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် အရပ်ဖက်အဖွဲ့ ၂၀ကျော်က နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တေ့ွဆုံခွင့်တောင်းထားပါတယ်။
2017-11-11
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ မူးယစ်အဖွဲ့တစ်ဖွဲ့ကို ရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးသုံးစွဲသူ၂၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
2017-11-11
မွန်ပြည်နယ် ပေါင်မြို့နယ်မှာရှိတဲ့ ကျောက်ထုတ်ရေးစီမံကိန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေရှိနေတာကြောင့် ကျောက်မိုင်းတွေကို ပိတ်သိမ်းပေးဖို့ လူမှုဖွ့ဲဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကွန်ရက်(ပေါင်မြို့နယ်)က တောင်းဆိုလိုက်ပါတယ်။
2017-11-11
ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ ပိုင်ရှင်မဲ့ စပါးခင်းတွေကို ရိတ်သိမ်းပြီး တစ်တင်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဒေါ်လာနဲ့ ပုဂ္ဂလိကကို ရောင်းချဖို့အတွက် ရခိုင်ပြည်နယ် အစိုးရက မနေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
2017-11-10
ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးဖို့ ပြည်ထောင်စုလွှတ်တော် က အတည်ပြုလိုက်ပါတယ်။
2017-11-10
စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Peter Lysholt Hansen နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်ကနေ တဘက်နိုင်ငံကို ထွက်ပြေးနေကြတဲ့ မွတ်စလင်တွေအရေးနဲ့ ပတ်သက်ပြီး ဒေသခံတချို့နဲ့ စစ်တွေမြို့က Memory ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပါတယ်။
2017-11-10
ကချင်ပြည်နယ်က ကျောက်စိမ်းတွင်းနယ်မြေတွေဖြစ်တဲ့ လုံးခင်း-ဖားကန့်နဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေတွေရဲ့ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေကျပ်သန်းပေါင်း ၃ ထောင်ကျော်ရှိတဲ့အထဲက ကျပ်သန်း ၇ ရာကျော်ကို သုံးစွဲဖို့ ထုတ်ပေးထားတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
2017-11-10
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၁၈ ထပ်တိုးဘတ်ဂျက် စုစုပေါင်း ငွေကျပ် ၂၅၄၄ ဘီလီယံထဲက ဘီလီယံ ၇၀ ကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။
2017-11-10
နေပြည်တော်ကောင်စီနယ်မြေက လွှတ်တော်အဆောက်ဦးကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး မှတ်တမ်းတင် ရိုက်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ တူရကီအခြေစိုက် TRT သတင်းဌာနက နိုင်ငံခြားသား သတင်းထောက် ၂ ယောက် ၊ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ဦးလှတင် တို့ကို နေပြည်တော် တရားရုံးက ဒီကနေ့ ထောင်ဒဏ် နှစ်လစီ အသီးသီးချမှတ်လိုက်ပါတယ်။
2017-11-10
ကရင်ပြည်နယ်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်တာဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားဖြစ်တယ်လို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် ကပြောပါတယ်။
2017-11-09
ရခိုင်ပြည်နယ်မှာ NVC နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ရာမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သူ ၁၈ ဦးအထိ အသတ်ခံခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
2017-11-09
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးဖို့အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်တို့ အပြီးသတ်ဆွေးနွေးဖို့ အချက်အနည်းငယ် သာ ကျန်တော့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။