သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-16
တောင်ကြီးမြို့ မြို့လယ်ခေါင်မှာ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်က လက်လုပ်မိုင်းလို့ ယူဆရတဲ့ လက်ဆွဲသေတ္တာတစ်လုံး တွေ့ရှိခဲ့တဲ့အတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေက ဖောက်ခွဲပြီး ရှင်းလင်းဆောင်ရွက်ခဲ့ရပါတယ်။
2018-11-16
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စ ရပ်တန့်သွားတာနဲ့ ပတ်သက်ပြီး၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက စိုးရိမ်ကြပေမယ့် မြန်မာနဲ့အတူ ရပ်တည်နေကြတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နေးရှင်းသတင်းက ဖော်ပြပါတယ်။
2018-11-16
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအပေါ် တန်ဖိုးထားပါကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် အားပေးကူညီသွားမှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခချန်းက ပြောလိုက်ပါတယ်။
2018-11-15
ဘင်္ဂလားဒေ့ရ်ှဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေးအစီအစဉ်အရ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာဘက်က စောင့်ဆိုင်းခဲ့ကြပေမယ့် ပြန်မလာကြတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သတင်းထောက်တွေကို ရှင်းလင်းခဲ့ပါတယ်။
2018-11-15
ဒီကနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးကြမယ့် တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံကိစ္စ နောက်ဆုံးအဆင့် မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
2018-11-15
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပါတီစည်းကမ်းချိုးဖောက်မှုကြောင့် သတိပေးအရေးယူဖို့ စီစဉ်နေကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။
2018-11-15
လက်ရှိမြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေ အခက်အခဲရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေး ဆက်သွယ်ရေးဝန်ကြီးဌာန အသစ် ဖွဲ့စည်းတာလို့ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။
2018-11-15
အစိုးရက နောက်ထပ်အသစ်ဖွဲ့စည်းမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှာ အရည်အချင်းရှိပြီး တာဝန်ယူမှုရှိကာ ဦးဆောင်ပေးနိုင်မယ့်သူတွေကို ခန့်အပ်တာဝန်ပေးအပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ပါတယ်။
2018-11-15
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရတာဝန်ရှိ သူတွေဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ ဒီနေ့မနက် ၇ နာရီက စတင်ပြီး မောင်တောမြို့နယ်အတွင်းက တောင်ပြိုလက်ဝဲနဲ့ ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွေမှာ သွားရောက်စောင့်ဆိုင်းနေခဲ့ပေမယ့် ဒီနေ့ညနေ ၄ နာရီခန့်အထိ ပြန်လာသူမရှိခဲ့ပါဘူး။
2018-11-15
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို Facebook မှာ အသရေပျက်အောင် ပုတ်ခတ်ရေးသားခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံထားရတဲ့ မန္တလေးမြို့က ဦးကျော်မျိုးရွှေအမှုကို စမ်းချောင်းမြို့နယ်တရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
2018-11-15
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက Unchiprang ရိုဟင်ဂျာစခန်းမှာ ဒုက္ခသည် တထောင်ခန့်က ရခိုင်ပြည်နယ်ကို မပြန်ဘူးဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပြီးနောက် ပြန်ပို့ရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဆိုင်းငံ့ထားလိုက်ပြီလို့ နောက်ဆုံးရ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
2018-11-15
ကျန်းမာရေး ပညာရေး နှစ်ခုပေါင်းအသုံးစရိတ်ဟာ ကာကွယ်ရေးအသုံးစရိတ်ထက် ပိုမိုရရှိအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ကြိုးစားနေတယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဒီနေ့ ပြောလိုက်ပါတယ်။
2018-11-14
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို စတင်ပြန်ပို့ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ ပြန်ပို့တော့မှာမဟုတ်ဘူးလို့ အမည်မဖော်လိုသူ သတင်း ရင်းမြစ်သုံးခုက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
2018-11-14
ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုအမေရိကန်ဒုသမ္မတ Mike Pence က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
2018-11-14
ရိုဟင်ဂျာဒုက္ခသည်မိသားစု ၃ဝ ကို ကော့ဆက်ဘဇားခရိုင်အနီးက Gundrum နယ်စပ်စခန်းမှာ မနက်ဖြန် ကြာသပတေးနေ့ လွှဲပြောင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။