သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-09
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေး အမှုနဲ့ပတ်သက်ပြီး အာမခံလျှောက်ထားတာကို ဒီကနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။
2017-11-09
ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲက ကုလားတန်မြစ်ထဲမှာ မနေ့ မနက်က တပ်မတော်သားတွေပါတဲ့ စက်လှေနဲ့ ကုန်တင်လှေ ၂ စီး ရှေ့ဆင့်နောက်ဆင့် ခုတ်မောင်းနေစဉ် AA ရခိုင်တပ်မတော်က ကုန်းပေါ်ကနေ ပစ်ခတ်ရာမှာ တပ်မတော်သားတချို့ ကျဆုံးခဲ့ပြီး ဒဏ်ရာသူတွေလည်းရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2017-11-09
ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် မပြုဖို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သက်ဆိုင်ရာ ရဲစခန်းတွေကို ညွန်ကြားစာပေးပို့ထားပါတယ်။
2017-11-09
အချိန်ပိုကြေးပေးဖို့ တောင်းဆိုတဲ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာရှိတဲ့ ပင်လယ်စာစက်ရုံက မြန်မာနိုင်ငံ သားအလုပ်သမား ၆၀ ကို ထိုင်းအလုပ်ရှင်က မနေ့က အလုပ်ထုတ်လိုက်ပါတယ်။
2017-11-09
မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် Cardinal Charles Maung Bo ကာဒီနယ်လ် ချားလ်စ် မောင်ဘို က ပုပ်ရဟန်းမင်းကြီး Francis ဖရန့်စစ်ကို မြန်မာနိုင်ငံ ကြွရောက်နေစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ခေါ်ဝေါ်သုံးစွဲခြင်း မပြုဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2017-11-09
ကရင်ပြည်နယ်မှာ အစိုးရက ဆောက်လုပ်မယ်လို့ ပြင်ဆင်နေတဲ့ ကျောက်မီးသွေး စီမံကိန်းကို ဝေဖန်မယ်လို့ သတင်းထွက်နေတဲ့ ကြောင်ကနဲဒုံးအဖွဲ့ကို ကရင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြည်နယ်အာဏာပိုင်တွေက ဖျော်ဖြေခွင့်မပြုဘဲ ပိတ်ပင်လိုက်ပါတယ်။
2017-11-08
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရအနေနဲ့ လက်ခံကျေနပ်ခြင်း မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-11-08
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးရေးအတွက် UNFC ဘက်က အဆိုပြုထားတဲ့ အချက် ၈ ချက်ထဲက အချက် ၆ ချက်ကို သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ UNFC က ဒီနေ့ ထုတ်ပြန်ပါတယ်။
2017-11-08
ထိုင်းနိုင်ငံမှာ ယာယီနေထိုင်အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူ၊ ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့ အထောက်ထားမဲ့ထောက်ခံစာ ကိုင်ဆောင်ထားသူအားလုံး လာမယ့် ဒီဇင်ဘာလ ၃၁ရက် နောက်ဆုံးထားပြီး သက်သေခံလက်မှတ် CI ထုတ်ယူကြဖို့ မြန်မာသံရုံးက နှိုးဆော်လိုက်ပါတယ်။
2017-11-08
ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပူးပေါင်းပြီး အိုင်တီနည်းပညာ အလွဲသုံးစွဲမှုကို စောင့်ကြည့်ဖော်ထုတ်အရေးယူနိုင်ဖို့အတွက် ကော်မတီဖွဲ့စည်းသွားမယ် လို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2017-11-08
NCA စာချုပ်မှာ လက်မှတ်ရေးထိုးရေးအဆုံးအဖြတ်ပေးနိုင်မယ့် မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ်ပါတီဌာနချုပ်မှာ ဒီလ ၂၃ ရက်နေ့မှာ ကျင်းပြုလုပ်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။
2017-11-08
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောပါတယ်။
2017-11-08
ကိုယ်ကိုယ်ကို သေကြောင်းကြံစည်မှုနဲ့ အမှုပိတ်သိမ်းထားတဲ့ မြန်မာနိုင်ငံသား အိမ်အကူ မိန်းကလေးအလုပ်လုပ်တဲ့ နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က မနေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ပုံစံမျိုး မတွေ့ရဘူးလို့ စစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။
2017-11-08
ကချင်ပြည်နယ်မှာ တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်ပေါင်းစုံကို အသုံးပြုနေကြတဲ့ ဘယ်လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2017-11-08
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲမှာ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံခဲ့ရသူ ၃၀ နီးပါးကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံအစိုးရကို အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။