သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-07
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြင်ရှည်ကျေးရွာအုပ်စု အောင်စည်ကုန်း ကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းစာရွက်တွေ မနေ့က လက်နက်ကြီးကျည်ထိမှန် ပျက်စီးခဲ့တာကြောင့် အဲ့ဒီရွာက ဒေသခံတွေ မဲစာရင်းမှာ အမည်ပါ၊ မပါ စစ်ဆေးဖို့ အခက်အခဲတွေရှိနေပါတယ်။
2020-10-06
မကွေးတိုင်းမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းသူ တစ်သောင်းခွဲကျော်ရှိနေပြီး ကပ်ရောဂါကာလမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ အဆင်ပြေပါ့မလားလို့ သူတို့ စိုးရိမ်နေကြပါတယ်။
2020-10-06
ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မနေ့ညက ကင်းလှည့်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ သုံးဦး သေဆုံးသွားပါတယ်။
2020-10-06
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာက ရိုဟင်ဂျာ ကလေး၊ လူကြီး စုစုပေါင်း ၁၅ ယောက်ကို တပ်မတော်က အောက်တိုဘာ ၅ ရက် မနေ့က လမ်းပြအဖြစ် ခေါ်ဆောင်သွားစဉ် လမ်းမှာ AA နဲ့ တိုက်ပွဲဖြစ်လို့ ကလေး နှစ်ယောက်သေဆုံးပြီး လူကြီးတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-10-06
ပြည်တွင်းစစ်ရပ်တန့်ဖို့နဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်နှုန်းမြင့် အင်တာနက် လိုင်းတွေ ပြန်ရအောင် အမြန်ဆုံး ဖွင့်ပေးဖို့ မန္တလေးမြို့မှာ စတစ်ကာကပ် လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် နှစ်ယောက် ကို အောင်မြေသာစံမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် တစ်နှစ်စီ အမိန့်ချလိုက်ပါတယ်။
2020-10-05
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်နိုင်တော့မယ်လို့ မှန်းဆနေကြတာကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း ကာကွယ်ဆေးထုတ်နိုင်မယ်လို့ ယူဆရတဲ့နိုင်ငံတွေကို ချဉ်းကပ်ထားပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။
2020-10-05
ကပ်ဘေးကာလ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ချမှတ်ထားတဲ့ အကန့်အသတ်တွေကြောင့် ဧရာဝတီတိုင်းထဲမှာ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးမယ့် ကိုယ်စားလှယ်လောင်းတွေ အခက်ကြုံနေကြရပါတယ်။
2020-10-05
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ DHRP ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် သူတွေထဲက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးဝင်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားပြီးနောက် အောက်တိုဘာ ၁ရက်နေ့ကမှ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်လိုက်ပါတယ်။
2020-10-05
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်(မြောက်ပိုင်း) အောင်သာစည်ရွာဘက်က တောင်ကုန်းတောင်တန်းတွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့မနက်မှာတော့ ကံပြင်ကျေးရွာက အသက် ၇၃ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးအစထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိသွားပါတယ်။
2020-10-05
ရခိုင်ပြည်နယ် စစ်တွေနဲ့ တောင်ကုတ်မြို့နယ်တွေမှာ အောက်တိုဘာ ၄ ရက်နေ့ မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် အရပ်သား လေးဦးကို တပ်မတော်က ဖမ်းဆီးသွားပါတယ်။
2020-10-05
ကပ်ရောဂါကာလမှာ လူစုလူဝေးနဲ့ အင်အားပြဝန်းရံတာတွေ မလုပ်ဖို့ NLD နဲ့ USDP နှစ်ဘက် ထိပ်တန်းခေါင်းဆောင် တွေက သတိပေးနေပေမယ့် အောက်ခြေမှာတော့ နှစ်ဘက်စလုံးက ထောက်ခံဝန်းရံသူတွေဟာ ရာနဲ့ချီစုဝေးပြီး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပါတယ်။
2020-10-05
တပ်မတော်နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာမှာ အောက်တိုဘာ ၄ ရက် မနေ့ ညနေပိုင်းက နေအိမ်ပေါ် လက်နက်ကြီးကျလို့ ရွာသားတစ်ဦး ဒဏ်ရာရပြီး ဒေသခံ ခုနှစ်ရာဝန်းကျင် နီးစပ်ရာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
2020-10-05
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက တပ်မတော်တပ်ရင်းတစ်ခုနဲ့ တာမိုးညဲ ပြည်သူ့စစ်ဌာနေရုံးခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLAနဲ့ ကိုးကန့်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့က RPG လို့ခေါ်တဲ့ ပခုံးထမ်း လောင်ချာတွေနဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်က RFA ကိုပြောပါတယ်။
2020-10-05
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် NLD ပါတီ သတင်းပြန်ကြားရေးတာဝန်ယူထားသူ တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ အပါအဝင် ပါတီဝင်တချို့ အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရပါတယ်။
2020-10-04
လူစုလူဝေး အများအပြားနဲ့ ယာဉ်အမျိုးမျိုးအသုံးပြုပြီး စုဝေးလှည့်လည် အင်အားပြတာတွေကို ယာယီရပ်နားထားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အောက်တိုဘာ ၃ ရက်နေ့ မနေ့က ကြေညာချက်ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။