သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-20
ရန်ကုန်တိုင်းတစ်တိုင်းလုံးက ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ Stay at home အမိန့်ကို အစိုးရက ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
2020-09-20
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာရပ်ကွက် ကမ်းနားပိုင်းမှာ စစ်တောင်းမြစ်ထဲကို သားအမိ သုံးယောက် မျောပါသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2020-09-19
အတည်ပြုလူနာနေ့စဉ် ရာနဲ့ချီတိုးလာနေပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းထဲက လူနာအရေအတွက် အများဆုံးဖြစ်နေတာကြောင့် ပိုးကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် ၁၄ရက် ကြာ အသွားအလာတင်းတင်းကျပ်ကျပ် ကန့်သတ်ဖို့ တချို့က တောင်းဆိုလာကြပါတယ်။
2020-09-18
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ခံ ကိုယ်စား လှယ်လောင်း အများဆုံးပါတီ သုံးပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP တို့ ဖြစ်ပါတယ်။
2020-09-18
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း မှာတင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သောင်းနီးပါး ရှိလာနေပါပြီ။ ကိုရိုနာကပ်ဘေး ကာလအတွင်း ဒီလူတွေဟာ ဘုန်းကြီးကျောင်းနဲ့ ဘုရားကသိမ်တွေမှာ အစုလိုက် ဖြစ်သလို ခိုလှုံနေရတာကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2020-09-18
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင်က အထွေထွေ အတွင်းရေးမှူး ဖြစ်သူကို ကလေးမြို့က သူ့ရဲ့နေအိမ်မှာ စက်တင်ဘာ ၁၇ ရက် မနေ့က ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
2020-09-18
နေပြည်တော်မှာ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ရှစ်ဦးထပ်တိုးလာပြီး ပိုးတွေ့သူ စုစုပေါင်း ၆၅ ဦးရှိတယ်လို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က ပြောပါတယ်။
2020-09-18
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းက စစ်တပ်ရှေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်ဆိုင်းဘုတ်ကို ဖယ်ရှားပေးဖို့ တပ်မတော်က ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားပါတယ်။
2020-09-17
ကမ္ဘာအနှံ့မှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ခုက စုပေါင်းပြီး မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်ရက်စက်မှုကို ခံစားနေရတဲ့ ရခိုင်လူမျိုးတွေနဲ့ သူတို့အားလုံး အတူတကွရှိကြောင်း ကြေညာချက်တစောင်ကို စက်တင်ဘာလ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2020-09-17
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ နောက်ထပ် အယောက်၂၀ ထပ်တိုးလာ ပါတယ်။
2020-09-17
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာထဲကို ဒီနေ့မနက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရလို့ ရွာထဲမှာရှိနေတဲ့ အရပ်သားတစ်ဦးသေဆုံးပြီး အသက် ၈၇ နှစ်အရွယ် အဘွားတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး လက်နက်ကြီးကျည်စတွေထိမှန်ပြီး ဒဏ်ရာရ သွားတယ်လို့ ကျေးရွာလူကြီးတွေက ပြောပါတယ်။
2020-09-17
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းမှာ မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ ယဉ်တန်းပေါ်က ပါတီဝင်တွေနဲ့ NLD ထောက်ခံသူတွေအကြား မနေ့က နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ရဲစခန်းမှာ အပြန်အလှန်အမှုဖွင့်ထားကြပါတယ်။
2020-09-16
ကိုဗစ်ကာလအတွင်း မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် အခက်အခဲတွေနဲ့ စားဝတ်နေရေး အကြပ်အတည်းတွေကြောင့် စိတ်ဖိစီးမှုတွေ ရှိနေပြီး မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးထိ ရှိလာနေပြီ ဖြစ်ပါတယ်။
2020-09-16
လက်ရှိကပ်ရောဂါကာလဟာ တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင် တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်ဖို့ ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2020-09-16
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံထားတဲ့ တပ်မတော်သားသုံးဦးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန် ပါတယ်။