သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-23
အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား လုပ်ငန်းခွင်ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြေ ရှင်းရေးဥပဒေမှာ ထောင်ဒဏ်တွေထည့်သွင်းပေးဖို့ မန္တလေးစက်မှုဇုန်မှာ အလုပ်သမား ၂ဝဝ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2014-11-23
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အကူအညီပေးဖို့အတွက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဒီကနေ့ညနေမှာ ထိုင်းနိုင်ငံ ကို ရောက်ရှိမယ်လို့ သိရပါတယ်။
2014-11-23
တပ်မတော်ရဲ့သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်ဖို့အတွက် သတင်းသမားတွေနဲ့ မကြာခင် တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ပြောလိုက်ပါတယ်။
2014-11-23
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အပြောင်းအလဲ ဖြစ်ပေါ် မှှုတွေအပေါ် လူထုအခြေပြု လူ့အဖွဲ့ အစည်းတွေအနေ နဲ့ ထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ အခြေစိုက် လူထု အခြေပြု လူမုှုအဖွဲ့အစည်းတွေ ထိုင်း မြန်မာ နယ်စပ် တစ်နေရာမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2014-11-23
ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်း ထဲကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သူတွေအတွက် ရန်ကုန်မြို့ မှာနေတဲ့ လူငယ် ၁ဝဝ ကျော်က ရန်ကုန်မြို့ ရွှေလီလမ်း ကမြန်မာ ငြိမ်းချမ်းရေးစင်တာရှေ့မှာ ဝမ်းနည်းကြောင်း ဆုတောင်းခဲ့ကြပါတယ်။
2014-11-23
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည် နယ်က ကျောက်မီးသွေးတွင်းတစ်ခု မနေ့မနက် ၉ နာရီလောက်က ပေါက်ကွဲလို့ အလုပ်သမား ၃ ယောက်သေဆုံး မှုမှာ မြန်မာနိုင်ငံသားတစ်ယာက် ပါဝင်တယ်လို့ မနေ့ကထုတ်တဲ့ မလေးရှားနိုင်ငံက ဘာနားမား သတင်းတစ်ပုဒ် မှာ ဖေါ်ပြထားပါတယ်။
2014-11-23
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေ ညီလာခံက ဆုံးဖြတ်ချက်ကို ဗြိတိသျှနိုင်ငံခြားရေးနဲ့ဓန သဟာယရုံးဝန်ကြီး မစ္စတာ ဟျူဂိုဆွိုင်းယားက မနေ့က ကြိုဆိုလိုက်ပါတယ်။
2014-11-23
အိန္ဒိယအမျိုးသား ထောက်လှမ်းရေးအေဂျင်စီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာလူမျိုး ခါလစ်မိုဟာမက် ဆိုသူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက် အသွယ်ရှိသူဖြစ်တယ်လို့ ဒီနေ့ထုတ် ဟင်ဒူစတန်တိုင်းမ်စ်း သတင်းတစ်ပုဒ် မှာဖေါ်ပြထားပါတယ်။
2014-11-22
လက်ရှိ တည်ဆဲဥပဒေတွေနဲ့ တရားစွဲခံ ထားရတဲ့ မီဒီယာသမားတွေကို လက်ရှိ ထုတ်ပြန်ထားတဲ့ မီဒီယာဥပဒေနဲ့ ပြောင်းလဲ စီရင်ပေးဖို့ သက်ဆိုင်ရာ တရားရုံးတွေမှာ လျှောက်ထားနိုင် တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
2014-11-22
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကရပ်ဆိုင်းပေးဖို့ ဒေသခံ ၅၀ ခန့်က ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2014-11-22
ကေအိုင်အို ဗိုလ်သင်တန်းကျောင်းကို တပ်မတော်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သေဆုံးမှုတွေ ဖြစ်ရတဲ့ကိစ္စမျိုးတွေကြောင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မှာ စိုးရိမ်မိကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-11-22
အသတ်ခံလိုက်ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ကရင်အစည်းအရုံး KKO အဖွဲ့ဝင်ဖြစ်တဲ့ အထောက်အထား မတွေ့ရကြောင်း အဲဒီအမှုကို စစ်ဆေးနေတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ပြောပါတယ်။
2014-11-22
ကေအိုင်အေဋ္ဌာနချုပ် လိုင်ဇာမြို့က ဗိုလ်လောင်း သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ကေအိုင်အိုရဲ့ အစိုးရအပေါ် ယုံကြည်မှုဟာ အောက်ဆုံးအဆင့် ထိ လျော့ကျသွားနိုင်တယ်လို့ KIA ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီနေ့ ပြောလိုက်ပါတယ်။
2014-11-21
ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့် အရေးကော်မတီက ရခိုင်ပြည်နယ်ရှိ ရိုဟင် ဂျာ လူနည်း စုမွတ်စလင်တွေကို တန်းတူ ညီမျှအခွင့်အရေးပေးတဲ့အနေနဲ့ နိုင်ငံသားအဖြစ်သတ်မှတ်ပေးဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2014-11-21
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင် ဆင်ပေးဖို့ မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့မှာ ဒေသခံ တစ်ထောင်နီးပါးလောက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။