သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-23
မနက်ဖြန် မေလ ၂၄ ရက်နေ့မှာ စတင် ကျင်းပတော့ မယ့် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့အတွက် အရင်အစည်း အဝေးတုန်းက ဖိတ်ကြားမှု မရှိခဲ့တဲ့ ရခိုင်တပ်မတော် AA၊ တအာင်းပလောင်အဖွဲ့ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကို အစိုးရဘက်က မနေ့က ဖိတ်ကြားလိုက်ပါတယ်။
2017-05-22
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ နန်စီ ပွန်ကျောက်စိမ်းလုပ်ကွက်မှာ မေ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် လူ ၃ ယောက် သေ နတ်ထိမှန်ပြီး သေဆုံးခဲ့တဲ့ကိစ္စမှာ ရဲတပ်ဖွဲ့ဝင်တွေအနေ နဲ့ သေနတ်ကို အောက်စိုက်ပြီးသာပစ်ခဲ့တာဆိုပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ က ဒီကနေ့ စစ်ကိုင်းတိုင်း လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
2017-05-22
လက်ရှိအကျဉ်းထောက်စနစ်ဟာ လူ့အဖွဲ့ အစည်းအတွက် အန္တရာယ်ရှိတဲ့အတွက် အကျဉ်းထောင် စနစ်ကို ပြုပြင်ပြောင်း လဲဖို့ လိုတယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအ သင်း AAPP က တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည် က ပြော ပါတယ်။
2017-05-22
ရခိုင်ပြည်နယ်က မြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်တွေအားလုံးကို လာမယ့်ဇွန်လ ၁ ရက် နေ့ကနေစတင်ပြီး ဖျက်သိမ်းသွား မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ပြောပါတယ်။
2017-05-22
ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ရန်ကုန်မြို့ အမေရိ ကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ အမျိူးသားရေးလှုပ်ရှား သူ ၄ ဦး ကို နိုင်ငံတော် အကြည်ညိုပျက်စေ မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒီကနေ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားစွဲခံရသူ ၇ ဦး အားလုံးမစုံလင် တာကြောင့် လာမယ့် ဇွန်လ ၁ ရက်နေ့မှာ နောက်ထပ်ရုံး ထုတ်ဖို့ ချိန်းဆိုလိုက်ပါတယ်။
2017-05-22
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်ရေနံ တင် သင်္ဘောကြီးတွေ ဝင်ထွက် သွားလာနေ တာကြောင့် ဒေသခံ ရေလုပ်သားတွေ အခက် အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ကိစ္စကို ဖြေရှင်းပေး ဖို့ ရေလုပ်သား ၆ဝဝ လောက်က ဒီနေ့ ချီတက်ဆန္ဒပြ ကြပါတယ်။
2017-05-22
မကွေးမြို့မှာ မနေ့ညနေက လေပြင်းတိုက် ခတ်မှုကြောင့် မကွေးမြသလွန်ဘုရား သာသနိက အဆောက်အအုံတချို့နဲ့ လူနေအိမ် ၂၀၀ကျော်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နဲ့ ဆေးပေးခန်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မကွေးတိုင်းဒေ သကြီး အစိုးရအဖွဲ့က ပြောပါတယ်။
2017-05-22
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွန့်မြိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး ဝရမ်းထုတ်ခံထားရသူ တစ်ဦးဖြစ်တဲ့ ကိုမြတ်ဘုန်းမိုရ် ဟာ ဒီကနေ့မနက်က မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှာ လာရောက် အဖမ်းခံ ခဲ့ပါတယ်။
2017-05-22
ကချင်လွတ်မြောက်ရေးတပ်မတော် ကေ အိုင်အေ က လီဆူတိုင်းရင်းသားတွေကို ဖမ်းဆီးသတ်ဖြတ်၊ ဆက်ကြေးကောက်၊ အဓမ္မပြုကျင့် စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ် ခဲ့တယ်ဆိုပြီး လီဆူလူမျိုး အယောက် နှစ်ထောင်ကျော်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြကြပါတယ်။
2017-05-21
တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ဖားကန့် မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မှာ လည်း ကာမိုင်းနဲ့ မိုးကောင်းကြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး တန်ဆန်း က ပြောပါတယ်။
2017-05-21
ကချင်ပြည်နယ်အတွင်းက ပုဂ္ဂလိက လုပ်ငန်းမျိုးစုံမှာ အစိုးရရဲ့ခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် နှစ်ထောင်ကျော်ရှိတယ် လို့ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။
2017-05-21
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ၊ ရေဆိုင်ကျေးရွာ မှာရှိတဲ့ အဝါရောင် မျိုးဆက် လူငယ်ပရဟိတမိဘမဲ့နဲ့ ဆင်း ရဲနွမ်းပါးကလေးငယ်တွေကို စာသင်ပေးတဲ့ ဘုန်းတော် ကြီးကျောင်းမှာ ကျောင်းသားတွေကို ဝါးစိမ်းတုတ်နဲ့ ရိုက်နှက်ခဲ့တဲ့ သံဃာ ၄ ပါးကို မိဘအုပ်ထိန်းသူတွေက လပွတ္တာ တရားရုံးမှာ တရားစွဲဆို လိုက်ပါတယ်။
2017-05-21
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေ ကို ဓမ္မ၊ အဓမ္မ ခွဲခြားပေးဖို့အတွက် နိုင် ငံတော် သံဃာ့ မဟာနာယကအဖွဲ့ဝင် ဆရာတော်တွေကို တောင်းဆိုမယ့် လက်မှတ်ကောက်ခံရေး လှုပ်ရှားမှုကို ဒီကနေ့ ရန်ကုန် မြို့ တောင်ဥက္ကလာပ မြို့နယ်မှာ အဓမ္မဝါဒဆန့်ကျင်ရေးကော် မတီ နဲ့ ရွှေဝါရောင်သံဃာတွေ စုပေါင်းပြီး ပြုလုပ်နေ ပါတယ်။
2017-05-21
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စုမှာ TNLA နဲ့ RCSS /SSA တို့အကြား ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျောက်မဲ မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာကျော်ရှိပြီလို့ ကျောက်မဲမြို့ စစ်ဘေးရှောင်ကော်မတီ က တာဝန်ရှိသူကပြောပါတယ်။
2017-05-21
ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင် ပိုင်းအဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ကို တက်ရောက် မှာဖြစ်ပေမယ့် ညီလာခံကရရှိတဲ့ သဘောတူညီချက်တွေ ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း တစ်ရပ် အဖြစ် ချုပ်ဆိုရာမှာ ပါဝင်လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ဒီကနေ့မှာကျရောက်တဲ့ ၅၉ နှစ်မြောက် ရှမ်းတော် လှန်ရေးနေ့အဖြစ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။