သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-03
ကြာအင်းဆိပ်ကြီး မြို့ပေါ်တိုက်ပွဲမှာ အနည်းဆုံး အရပ်သား တစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ကြာအင်းဆိပ်ကြီး မြို့ခံတွေက RFA ကို ပြောပါတယ်။
2023-11-03
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ထိုင်းအစိုးရက ကယ်ထုတ်ဖို့ကြိုးစားနေတယ်လို့ ထိုင်း PBS သတင်းဌာနက နိုဝင်ဘာလ ၃ ရက်မှာ ရေးသားထားပါတယ်။
2023-11-03
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင် လွှတ်တော်အမတ် နှစ်ဦးနဲ့ NLD ပါတီဝင်တစ်ဦး နိုဝင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-11-03
ဖြူးမြို့နယ် ပျဉ်းမပင်ရွာအနီးမှာ ဒီနေ့မနက်ပိုင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
2023-11-03
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်း သုံးနေရာကို PDF နဲ့ KIA ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၃ နာရီလောက် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကောလင်း PDF က ပြောပါတယ်။
2023-11-03
KIA နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်က အစည်းအဝေးမှာ ပြောပါတယ်။
2023-11-03
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အခုသီတင်းပတ်တွေအတွင်း ထိုင်းနဲ့ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၂၂၆ ဦးကို မြန်မာရေတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-11-03
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နှစ်ရက်အတွင်း သိန္နီနဲ့ မူဆယ်မြို့နယ်တွေမှာ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ပါတယ်။
2023-11-03
ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ဝိတုတ်တပ်စခန်း နှစ်ခုကို KIA၊ CDF (တွန်းဇံ)နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
2023-11-03
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂၃,၀၀၀ ကျော်ထပ်တိုးလာပြီး စုစုပေါင်း ၃၇,၄၀၀ ကျော်အထိ ရှိလာပါတယ်။
2023-11-02
၁၀ ၂၇ စစ်ဆင်ရေး ခုနစ်ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာလ ၂ ရက်နေ့အထိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို ထိန်းချုပ်နိုင်ပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
2023-11-02
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့မှာ နိုဝင်ဘာ ၁ ရက်နေ့ မနက်က မြန်မာစစ်ဘေးဒုက္ခသည် လေးဆယ်ကျော် ဖမ်းဆီးခံရတယ်လို့ အဲဒီမှာ နေထိုင်တဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
2023-11-02
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာက ဒုက္ခသည်စခန်းအနီးကို နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်နဲ့ဈေးဆိုင်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-02
ချင်းရွှေဟော်မြို့တစ်ဖက်ကမ်း တရုတ်နိုင်ငံ မိန်းတိန်မြို့ကို ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်နီးပါး စားစရာနဲ့ သောက်သုံးရေ မရတဲ့အတွက် အခက်အခဲ ဖြစ်နေပါတယ်။
2023-11-02
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနဲ့ မြဝတီမြို့နယ်တွေမှာ နိုဝင်ဘာ ၂ ရက်ကစလို့ စစ်ကောင်စီတပ်စခန်းတွေကို KNU ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။