သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-13
သဘာဝသယံဇာတတွေ ထုတ်ယူသုံးစွဲ တဲ့နေရာမှာ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင် သာမှုရှိစေဖို့ ဆောင်ရွက်နေသူတွေ ကို ဒေသခံအာဏာပိုင်တွေနဲ့ ကုမ္ပဏီတွေက ဟန့်တားနှောင့် ယှက်တာတွေ ရှိနေကြောင်း အရပ်ဘက်လူမှု့အဖွဲ့ အစည်းတွေက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-10-13
ကျောင်းမုန့်ဈေးတန်းတွေနဲ့ ဈေးကွက်ထဲ မှာ ရောင်းချနေတဲ့ မုန့်နဲ့ စားသောက်ကုန် ၁၉ မျိုးမှာ တားမြစ်ထားတဲ့ဆိုးဆေးတွေ ပါဝင်အသုံးပြုထားတဲ့အတွက် စားသုံးရန်သင့်လျော်ခြင်း မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာ ချက်ကို ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။
2014-10-13
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ် ဗကသအဖွဲ့ဝင် ၁ဝဝ ကျော်က ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသူ မဖြူနှင်းထွေးကို လွှတ်ပေးဖို့ ဒီနေ့ ယင်းမာပင်ခရိုင် တရားရုံးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။
2014-10-12
ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်ကာလ အတွင်း တိုင်းရင်းသားဒေသတွေမှာ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲတဲ့ စီမံကိန်းတွေ နဲ့ မြေယာသိမ်းဆည်းမှုတွေကို ရပ်တန့်ဖို့ ထားဝယ်မြို့ အခြေစိုက် လူမှုအဖွဲ့အစည်းတွေက အစိုးရ အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူကို ဒီကနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2014-10-12
တပ်မတော်နဲ့ သတင်းမီဒီယာတွေရဲ့ ဆက်ဆံရေး တိုးမြင့်နိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့တို့ အောက်တိုဘာ ၁၄ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံကြမယ်လို့ သိရပါတယ်။
2014-10-12
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ညောင်ဝန်းကျေးရွာမှာ နှစ် ၄၀ ကျော် ကြာ တပ်မြေအဖြစ် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက သုံးထောင်ကျော်အတွင်း ဒေသခံလယ် သမားတွေက ဝင်ရောက်စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။
2014-10-12
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ရန်ကုန်တိုင်း ဌာနခွဲ ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပရာမှာ ပါတီခေါင်းဆောင်တွေအကြား ပွင့်ပွင့်လင်းလင်းရှိ သလို ပြင်းပြင်းထန်ထန်လည်း ပြောဆိုကြတယ်လို့ သိရ ပါတယ်။
2014-10-12
ကယားပြည်နယ် လွိုင်ကော်မြို့ နယ် ကျေးရွာဆယ်ရွာမှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေအတွင်းမှာ လာမယ့်နှစ်ကစပြီး လယ်သမားတွေ ဝင်ရောက်လုပ်ပိုင်ခွင့် မရှိတော့ကြောင်း ဒီလဆန်းပိုင်းက အမိန့်ထုတ်ပြန်လိုက် ပါတယ်။
2014-10-12
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ ဦးကို သွားရောက်တွေ့ ဆုံမယ့် သူတို့မိသားစုဝင်တွေဟာ ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို ဒီနေ့ ညနေက လေကြောင်းခရီးနဲ့ ရောက် ရှိလာပါတယ်။
2014-10-12
ထိုင်းနိုင်ငံမှာ နိုင်ငံအခြေအနေဟာ ခန့်မှန်း ရခက်ခဲပြီး တခါတရံ ဆူပူမှုတွေ ဖြစ် ပွားလေ့ရှိကြောင်း၊ ဗြိတိန်နိုင်ငံသားတွေ အပါအဝင် အနောက်နိုင်ငံသား ခရီးသွားတွေကို ထိုင်းတောင် ပိုင်းက ခိုဆမူအိ၊ ခိုဖငံ၊ ခိုတောင်းကျွန်းစုတွေမှာ အကြောင်း မရှိဘဲ ရန်လိုရက်စက်တတ်တဲ့ ဒုစရိုက်သမားတွေနဲ့ ဒုစရိုက် ဂိုဏ်းတွေက မကြာခဏ တိုက်ခိုက်တာတွေရှိနေတဲ့အတွက် သတိထားကြဖို့ ဗြိတိန်အစိုးရက မနေ့က သတိပေးလိုက် ပါတယ်။
2014-10-12
ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်က လှေစီးပြီး မလေးရှားကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မွတ်စလင် ၅၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းအရာရှိတစ်ဦးက ပြောကြားလိုက် ပါတယ်။
2014-10-12
ထိုင်းတောင်ပိုင်း ခိုတောင်းကျွန်းလူသတ်မှု အတွက် မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးထား တဲ့ အပေါ် မြန်မာအစိုးရဖက်က စိုးရိမ်ကြောင်း ပြောဆို ကန့်ကွက်တာမရှိဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချားက ပြောကြားလိုက်ပါတယ်။
2014-10-11
နိုင်ငံရေး အကျပ်အတည်းတွေ နောက် ထပ်ဖြစ်မလာစေဖို့ ရွေးကောက်ပွဲစနစ်သစ်ကို အကောင် အထည်ဖော်သင့်ကြောင်း နိုင်ငံရေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာကျော်ဝင်းက ပြောပါတယ်။
2014-10-11
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို သုံးသပ် စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကို ရခိုင်အမျိုးသားကွန်ရက်က မြန်မာနိုင်ငံ ထိုင်းသံရုံးက တစ်ဆင့် အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေး ပို့တောင်းဆိုလိုက်ပါတယ်။
2014-10-11
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဒီကနေ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကြောင့် မြဝတီ-ဘားအံလမ်း အလယ်ဗိုလ်တဲမှာ ခရီးသည်တင်ယဉ်တစ်စီးကိုထိမှန်ပြီး လူ ၄ ဦး သေ ဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။