သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-14
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မောင်တောဒေသ တစ်ခုတည်းကိုမဟုတ်ဘဲ ရခိုင်ပြည်နယ် မြို့နယ်အားလုံး ဖံ့ွဖြိုးတိုးတက်ရေးအတွက် အာရုံစိုက်ပေးဖို့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ခရစ်စတင်းဘာဂနာကို ဒီနေ့ တင်ပြလိုက်တယ်လို့ သိရပါတယ်။
2018-10-14
ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းကို နိုင်ငံတကာက အရေးယူအပြစ်ပေးတာတွေ ဝင်ရောက်လာမယ်ဆိုရင် သူကိုယ်တိုင် သေနတ်ကိုင်မယ်လို့ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ဆရာတော် ဦးဝီရသူက မိန့်လိုက်ပါတယ်။
2018-10-14
အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံမယ့် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရ ကိစ္စတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့နဲ့ တစ်ခုတည်းသော တပ်မတော်ထားရှိရေးအတွက် မူချနိုင်ဖို့ စတဲ့ အချက်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
2018-10-13
တောင်ကိုရီးယားနိုင်ငံကို ရိုဟင်ဂျာ မွတ်စလင်အရေး လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မောင်ဇာနည် ခေါ် ဒေါက်တာ ဇာနည် လာရောက်ဟောပြောမှာကို ဆန့်ကျင်တဲ့ မြန်မာတွေက အင်တာနက်ကနေ လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ခုကို စနေနေ့ မနေ့က စတင်ခဲ့ပါတယ်။
2018-10-13
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့တွေ့ဆုံပွဲကို KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးနဲ့ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ် ရွက်ဆစ်တို့အပါအဝင် ၁၀ ဖွဲ့စလုံးက ခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။
2018-10-13
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားမှာ ပြန်လည်လက်ခံဖို့ စာရင်းပေးပို့ပြီးသားဖြစ်တဲ့ ဟိန္ဒူနဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည် ၅ ထောင်ကျော်ကို လက်ခံဖို့ အဆင်သင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2018-10-13
"ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးထားတဲ့ လားဟူ ဓမ္မဆရာ ၉၀ ကျော်ကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2018-10-13
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စ်တင်း ဘာဂနာ နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-10-13
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ စီမံကိန်းတွေမှာ ငွေကျပ် ၅၁ ဘီလီယံကျော် ဆုံးရှုံးနေတဲ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းထားတဲ့ စီမံကိန်းတွေမှာလည်း နှစ်စဉ်ပြည်သူ့ ဘဏ္ဍာငွေ ကျပ် ၅ ဒဿမ ၈ ဘီလီယံ ဆုံးရှုံးနစ်နာနေတဲ့ အပေါ် ဥပဒေအတိုင်းအရေးယူပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက တိုင်ကြားလိုက်ပါတယ်။
2018-10-13
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲက ဆင်ဘိုမြို့နယ်ခွဲဒေသဘက်မှာ တပ်မတော်နဲ့ KIA တို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က စစ်အင်အားတွေ ဖြည့်တင်း ထားတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာတဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။
2018-10-13
Eleven Media က သတင်းစာဆရာ ၃ ဦး အမှုဖွင့်ဖမ်းဆီးခံရမှုအပေါ် အာရှနိုင်ငံပေါင်း ၂ဝ က သတင်းမီဒီယာအဖွဲ့အစည်း ၂၄ ဖွဲ့ပါဝင်တဲ့ အာရှသတင်းကွန်ယက် ANN အဖွဲ့က မြန်မာအစိုးရကို ဒီကနေ့မှာ ဝေဖန်ရှုတ်ချလိုက်ပါတယ်။
2018-10-12
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ အဂတိလိုက်စားမှုနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် တရားရေးဝန်ထမ်း ၅ ဦးနဲ့ ရဲအရာရှိတစ်ဦး လွတ်မြောက်ဖို့ မျှော်လင့်ထားကြောင်း ရှေ့နေတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2018-10-12
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲအနီးက မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မျဉ်းအနီးမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေကို မြန်မာနိုင်ငံဘက်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က အကူအညီပေးဖို့ သဘောတူထားတယ်လို့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောလိုက်ပါတယ်။
2018-10-12
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ပဲခူးတိုင်း မင်းလှမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လဆီချလိုက်တဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင်ဟောင်း ကိုသန်းထိုက်တို့ကို ချွင်းချက်မရှိ၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့က မြန်မာအစိုးရကို ဒီနေ့ တောင်းဆိုလိုက် ပါတယ်။
2018-10-12
Eleven Media က အယ်ဒီတာတွေနဲ့ သတင်းထောက်ချုပ်ကို ရန်ကုန်တိုင်းအစိုးရက ၅ဝ၅ (ခ) နဲ့အမှုဖွင့် အရေးယူခဲ့တာဟာ လက်ရှိအစိုးရအတွက်သာမက နိုင်ငံအတွက်ပါ အများကြီး ထိခိုက်နစ်နာမှုဖြစ်စေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။