သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-04
အမျိုးဘာသာသာသနာစောင့်ရှောက်ရေး လုပ်ကြရာမှာ သံဃာတော်တွေအနေနဲ့ နိုင် ငံရေးထဲ နယ်မကျွံမိစေဖို့ သီတဂူ ဆရာတော် ဦးဉာဏိဿရက မိန့်ကြားလိုက်ပါတယ်။
2015-10-04
မကွေးတိုင်းဒေသကြီးထဲက အစိုးရဝန် ထမ်းတွေရဲ့ မဲစာရင်း အမှတ်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ က တောင်းယူနေတယ်လို့ သိရပါတယ်။
2015-10-04
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အုပ်ချုပ်ရေးကဏ္ဍပါမှ ဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
2015-10-04
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွ့ဲနဲ့ အစိုးရတို့ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်စာချုပ် NCA ကို လာမယ့် အောက်တိုဘာလ ၁၅ ရက် မနက်ပိုင်းမှာ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာမှာ လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ကြပါတယ်။
2015-10-03
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေမှာ အမှား များနေပေမယ့်လည်း ရွေးကောက်ပွဲနေ့မှာ မဲပေးကြဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-10-03
လာမယ့်ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာကို ရယူဖို့ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်တာကြောင့် ပါတီကြီးနှစ်ခု ပြိုင်ဆိုင် မှုပြင်းထန်မှာဖြစ်တဲ့အတွက် လုံခြုံရေးကြပ်မတ်ဖို့လိုတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြော ပါတယ်။
2015-10-03
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်လောင်းတွေဟာ မက်လုံးပေး မဲဆွယ်တယ်ဆို ပြီး ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (က)နဲ့ လှည်းကူးမြို့မ ရဲစခန်းမှာ တရားစွဲလိုက်ပါတယ်။
2015-10-03
လာမယ့်ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင် ရပြီးအစိုးရဖွဲ့နိုင်မယ်ဆိုရင် သူမကို သမ္မတဖြစ်ခွင့်ပိတ်ပင် ထားတဲ့ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက် ပါတယ်။
2015-10-03
မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ တရားစွဲဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတစ်ခုက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အတူ ပြည်ထောင်စု ဝန်ကြီးတချို့ကို ဆင့်ခေါ်ထားတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်မှာမဟုတ်သလို သွားရောက်ဖြေရှင်းမှာလည်း မဟုတ်ဘူးလို့ သမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။
2015-10-03
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးရေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ခြင်းမရှိတာ ဟာ စာချုပ်ပြီးပြည့်စုံမှုမရှိဘူးလို့ UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက သဘောထားကြေညာချက် တစ်စောင် ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
2015-10-03
အင်ဒိုနီးရှားနိုင်ငံ မာလုကုပြည်နယ်၊ အာရု ကျွန်းက ငါးဖမ်းလုပ်ငန်းတွေမှာ လူမှောင်ခို ဂိုဏ်းတွေနဲ့ တံငါလုပ်ငန်းတွေနဲ့ပတ်သက် လို့ တရားစီရင်နိုင်ဖို့ အင်ဒိုနီးရှားအစိုးရ မျက်မြင်သက်သေနဲ့ ထိခိုက်နစ်နာသူများ ကာကွယ်ရေးအေဂျင်စီ LPSK က မြန် မာနိုင်ငံ ပြန်ရောက်လာပြီဖြစ်တဲ့ လူကုန်ကူးခံရသူတွေ ကို တွေ့ဆုံမေးမြန်းဖို့ ရှိတယ်လို့ သိရပါတယ်။
2015-10-02
မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ တဖြေးဖြေး ပိုမိုကျယ်ပြန့်လာနေပြီး အဖက်ဖက်က တိုးတက်မှုတွေ ရရှိနေပါတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်ပါတယ်။
2015-10-02
အပြောင်းအလဲကို လက်တွေ့လုပ်ဆောင်မှု မှာ မပါတဲ့သူတွေကသာ မပြောင်းလဲသေး ဘူးလို့ ပြောနေကြတာဖြစ်တယ်လို့ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ပတ်သက်ပြီး ပြည်ခိုင် ဖြိုးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးက မဲဆွယ်စည်းရုံးရေးခရီးစဉ် မှာ ပြောပါတယ်။
2015-10-02
ရခိုင်ပြည်နယ် ဂွမြို့နယ် မကျည်းငူရွာမှာ စိုက်ထူထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး ဗီနိုင်း ပိုစတာ မနေ့ညက ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီကိုယ်စား လှယ်လောင်းတွေက ပြောပါတယ်။
2015-10-02
ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းဟာ သူ့မဲဆန္ဒနယ်ဖြစ် တဲ့ ရှားတောမြို့နယ်က ကျေးရွာတွေမှာ ဒေသခံတွေနဲ့တွေ့ဆုံ ပြီး မဲဆွယ်စည်းရုံးနေပါတယ်။