သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-31
ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ်လမ်းဟောင်းက အလယ်ဗိုလ်တဲစခန်းမှာ တပ်မတော် ဆက်သွယ်ရေးတပ်က တပ်သားနှစ်ဦး မနေ့က အသတ်ခံရသလို သူတို့ရုပ်အလောင်းကို သွားရောက်သယ်ဆောင်တဲ့ တပ်မတော်သား တချို့လည်း မိုင်းထိသေဆုံးခဲ့ပါတယ်။
2020-08-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ ဒီနေ့မနက်က ဘယ်ကနေ ပစ်ခတ်လိုက်တဲ့ ကျည်ဆံမှန်းမသိတဲ့ ကျည်ဆံတချို့ နေအိမ်ထဲကျခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ခြေထောက်ကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-08-31
လူနာနံပါတ် ၆၅၉ ဟာ သြဂုတ်လထဲမှာ ရခိုင်ပြည်နယ်ကနေတဆင့် နေပြည်တော်ကို လာရောက်ခဲ့ဖူးတဲ့အတွက်၊ အဲဒီလူနာနဲ့ ဆက်စပ်သူ ၇၀ ကျော်ကို ကျန်းမာရေးစစ် ဆေးတာ၊ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်ဆောင်နေတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က RFA ကိုပြောပါတယ်။
2020-08-30
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများနေတဲ့ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတချို့ဟာ ဗိုင်းရပ်စ်ကူးစက်မှုအပေါ် မယုံကြည်ဖြစ်နေတာကြောင့် ကာကွယ်ထိန်းချုပ်ရေးမှာ အခက်အခဲတွေရှိနေပါတယ်။
2020-08-30
ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ မနက်ထုတ်ပြန်တဲ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၇၈၇ ဦးအထိရှိလာပြီဖြစ်ပြီး ဒီနေ့မနက်မှာ ထပ်တိုးလူနာသစ် ၁၂ ဦးရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2020-08-30
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူအရေအတွက် ဆက်တိုက်များပြားလာနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့လတွေအတွင်း ပြည်ပခရီးသွားရာဇဝင်မရှိတဲ့သူတွေ အများအပြားပါဝင်နေပါတယ်။
2020-08-30
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တွေကို ဒီနေ့ စတင်ကြေညာလိုက်ပါတယ်။
2020-08-30
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ရာမှာ လာရောက်ဖြေရှင်းတာမရှိဘဲ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ကသာ ကိုယ်စားတက်ရောက်ခဲ့ပါတယ်။
2020-08-29
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေ တစ်နေ့တခြား တိုးလာနေပြီး နှစ်ပတ်နီးပါးအတွင်းမှာပဲ ပိုးတွေ့အတည်ပြုလူနာ ၂၃၈ ဦးအထိ ရှိနေပါတယ်။
2020-08-29
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးက မဲရုံလုံတွေခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းခွဲ ခန့်ထားဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီစဉ်နေပါတယ်။
2020-08-29
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတွေမှာ ကိုယ်စားလှယ် လောင်း ၇၀ နီးပါးနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ညီညွတ်ရေးပါတီ MUP က ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါပြီ။
2020-08-29
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးမြို့နယ်အစပ် ဧရာဝတီမြစ်ထဲမှာ လှေနဲ့အတူ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၄၂ ဦးကို လက်ရှိအချိန်ထိ စစ်ဆေးနေပြီး သူတို့ကိုခေါ်လာတဲ့ လှေသမား ငါးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ နဲ့ အမှုဖွင့်ထားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က RFA ကို ပြောပါတယ်။
2020-08-29
မြန်မာနိုင်ငံ မြို့အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာချိန်မှာ ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသမှာ လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ပါတယ်။ နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာပြည်သားတချို့ ဖမ်းဆီးခံနေရပါတယ်။
2020-08-28
ရိုဟင်ဂျာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရကြောင်း တရားဝင် ကြေညာပေးဖို့ အမေရိကန်အစိုးရကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းနေပေမယ့်၊ တရားဝင် သတ်မှတ်ဖို့ ၀န်လေးနေတယ်လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အဖွဲ့ ကပြောလိုက်ပါတယ်
2020-08-28
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှာ ဒုတိယအကြိမ် ကြေညာနိုင်အောင် ပြင်ဆင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ခွဲတွေကို ညွှန်ကြားထားပါတယ်။