သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-21
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ချက် သမ္မတနိုင်ငံကို သွားရောက်ဖွယ်ရှိတယ်လို့ ချက်နိုင်ငံထုတ် Prague Daily Monitor သတင်းစာက ဖေါ်ပြပါတယ်။
2017-09-21
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ်အကြမ်းဖက်နေတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ခိုင်မာမြန်ဆန်စွာ အရေးယူဆောင်ရွက်စေချင်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
2017-09-21
ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တိုးတက်လာပြီဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်နေကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။
2017-09-21
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့ညက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကိုအကြောင်းပြုပြီး ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရာမှာ လူငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန်ဒဏ်ရာရပြီး လူ ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
2017-09-21
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က ရခိုင်ပြည်နယ်လွှတ်တော်က တာဝန်ရှိသူတွေနဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံပြီး မောင်တောဒေသ အကြမ်းဖက် မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေကို ကူညီဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။
2017-09-21
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်နဲ့ ဥရောပသမဂ္ဂတို့ပူးပေါင်းပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမမှာ ကျင်းပပါတယ်။
2017-09-21
အစိုးရအနေနဲ့ ရခိုင်အရေးမှာ နိုင်ငံတကာဖိအားပေးမှုတွေအတိုင်း အလျှော့မပေးသင့်ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးဝေလွင်က ပြောပါတယ်။
2017-09-21
မောင်တောဒေသကနေ စစ်တပ်ကိုရုပ်သိမ်းဖို့ နိုင်ငံတကာက ဖိအားပေးနေတဲ့အတွက် ဒေသလုံခြုံရေး လုပ်ဆောင်ရတာ အကျပ်အတည်းဖြစ်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2017-09-21
၂၀၁၆ ခုနှစ် ဧပြီလ အတွင်းက အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။
2017-09-21
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်စွန့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အတွက် ဒေါ်လာ ၃၂ သန်းနီးပါး ကူညီပေးသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။
2017-09-20
ဗြိတိန်နိုင်ငံမှာ သင်တန်းတက်ရောက်နေကြတဲ့ မြန်မာ့တပ်မတော်သင်တန်းသား အရာရှိတွေကို ဗြိတိန်အစိုးရက ပြန်လည်စေလွှတ်ခဲ့အပေါ် တပ်မတော်က မနေ့က သဘောထားထုတ်ပြန်ခဲ့ ပါတယ်။
2017-09-20
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာ မနေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ဘူးသီးတောင်မြို့ကို ပို့ဆောင်မယ့် ပစ္စည်းတွေ စက်လှေပေါ်တင်ဆောင်နေရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
2017-09-20
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်နှိမ်နင်းတာတွေ ရှိနေတဲ့အတွက် ပြစ်ဒဏ်ခတ်တဲ့အနေ နဲ့ မြန်မာ့တပ်မတော်အတွက် သင်တန်း ပေးနေတာတွေကို ယာယီရပ်နားလိုက်ပြီလို့ ဗြိတိန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။
2017-09-20
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မြန်မာအစိုးရက ကြိုးပမ်းနေတဲ့အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
2017-09-20
မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA ကို အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းအဖြစ် Facebook လူမှုရေးစာမျက်နှာက ပိတ်ပင် လိုက်ကြောင်း Facebook ကုမ္ပဏီပြောခွင့်ရသူက ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာကို အတည်ပြု ပြောကြားလိုက်ပါတယ်။