သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-16
ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေ တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဟာ စီးပွားရေးကို အဓိကမထားပဲ နိုင်ငံရေးကို သိပ်ပြီး အာရုံစိုက်လွန်းတယ်လို့ တချို့က ပြော ကြကြောင်း၊ တကယ်တော့ နိုင်ငံရေးဆိုတာ စီးပွားရေးနဲ့ ကင်းကွာလု့ိ မရကြောင်း၊ ဒါကြောင့် ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် တာဝန်ယူမှုရှိတဲ့ စီးပွားရေး သမားကောင်းတွေကို ကြိုဆိုပါကြောင်း ပြောကြားလိုက် ပါတယ်။
2016-09-16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လူတချို့က အချိန်မတန်သေးဘူး လို့ ပြောကြပေမယ့် အခုအချိန်ဟာ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းချိန်တန်ပြီလို့ ထပ်မံပြော ကြားလိုက်ပါတယ်။
2016-09-16
လက်ရှိအချိန်ဟာ နောက်ကြောင်းပြန် မသွားရေးအတွက် ရုန်းကန်နေကြရ တာဖြစ်ပြီး ဒီမိုကရေစီခိုင်မာဖို့ ကြိုးစားရအုံးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော လိုက်ပါတယ်။
2016-09-15
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာ အဝင်မှာဖြစ်ပွာခဲ့တဲ့ ရွာသား ၇ ဦး အသတ်ခံရမှုအထဲက မိုင်းယော်ကျေးရွာ အနီးပြောင်းခင်းထဲမှာ အသတ်ခံထားရတဲ့ အမျိုး သားငါးဦး အမှုနဲ့ဆက်စပ်ပြီး တပ်မေတာ်က စစ်ဆေးနေတဲ့ စကခ(၁ဝ) တပ်မှူးအပါအဝင် ခမရ ၃၆၂ က အရာရှိနဲ့ တပ်ကြပ်အဆင့် ထိ ၇ ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅ နှစ်စီ မနေ့က ချမှတ်လိုက် ပါတယ်။
2016-09-15
ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်၊ သုံးသပ်ရေးကော်မရှင် အဖွဲ့ဟာ စီမံ ကိန်းဒေသတွေကိုလေ့လာဖို့ ဒီကနေ့ မြစ်ကြီးနားမြို့ ကို ရောက်ရှိလာပါတယ်။
2016-09-15
ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၁၅ ရက် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ဒီကနေ့ နေပြည်တော်က သဘင်ဆောင်မှာ ကျင်းပခဲ့ပါတယ်။
2016-09-15
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်က နီကယ်စက်ရုံစီမံ ကိန်းကြောင့် သိမ်းဆည်းခံ ထားရတဲ့ လယ်မြေဧက သုံးထောင်ကျော် ပြန်လည်ရရှိရေးနဲ့ပတ်သက်ပြီး ဒေသ ခံတောင်သူတွေ၊ ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ပြေလည် မှု မရရှိခဲ့ဘူးလို့ တောင်သူတွေက ပြောပါတယ်။
2016-09-15
ပြီးခဲ့တဲ့နှစ်က မြောက်ဥက္ကလာပမြို့နယ်မှာ အမျိူးသမီးတစ်ဦးကို ချုပ်နှောင်ညှင်း ပမ်းနှိပ်စက်ခဲ့တဲ့ အမှုကို ဒီကနေ့ မြောက် ဥက္ကလာပ တရားရုံးက ပြစ်မှုကျူးလွန်သူကို ထောင် ဒဏ်၂ နှစ် ချမှတ်ခဲ့တာကို မကျေနပ်တဲ့အတွက် အမျိုး သမီးရေးတက်ကြွလှုပ်ရှားသူ ၂၅ ဦးက ရန်ကုန်မြို့ ပြည်သူ့ ဟစ်တိုင်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-09-15
ချင်းတွင်းမြစ်ရေ အမဲရောင်ဖြစ်နေတာ ဘာကြောင့်လဲဆိုတာကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ကွင်းဆင်းလေ့လာရာ ကျောက်မီးသွေးကြော တစ်ခုကြောင့် ဖြစ်နိုင်တာကို တွေ့ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောပါတယ်။
2016-09-15
ထိုင်းနိုင်ငံ လူကုန်ကူးမှုလျော့နည်း ပပျောက်ရေးမှာ ကူညီဆောင်ရွက်ခဲ့သူတွေ ကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး စုံစမ်းထောက်လှမ်းရေး DSI အဖွဲ့က ဂုဏ်ပြုလွှာနဲ့ ရွှေ တံဆိပ်ဆုတွေ ချီးမြှင့်ခဲ့ရာမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT အဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်း နဲ့ မြန်မာသံရုံးတို့ကိုလည်း ပေးအပ်ခဲ့ပါတယ်။
2016-09-14
သမ္မတအိုဘားမားက မြန်မာပြည်အပေါ် ပိတ်ဆို့မှုတွေကို အမြန်ဆုံးရုပ်သိမ်းတော့ မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အိမ်ဖြူတော် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ ဆုံဆွေးနွေးပွဲအပြီးမှာ သူက အခုလို ပြောကြား ခဲ့တာပါ။
2016-09-14
ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ဟိုတယ်ဆောက်လုပ်ခွင့် ဆိုင်းငံ့ လိုက်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
2016-09-14
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို အသိအမှတ်မပြုကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-09-14
တနသာၤရီတိုင်းဒေသကြီး ထားဝယ် ခရိုင် မောင်းမကန်ကမ်းခြေမှာ ဟိုတယ် လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၂ ခု ဟာ မြေယာပိုင်ဆိုင်မှု ထက်ကျော်လွန်ပြီး ကျူးကျော် ဆောက်လုပ်ထားတဲ့ ဘန်ဂ လိုတွေကို ဖျက်သိမ်းပေးဖို့နဲ့ လုပ်ငန်းရပ်ဆိုင်းထားဖို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ညွှန်ကြားလိုက်ပါတယ်။
2016-09-14
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တရား မဝင်သစ်ခိုးထုတ်တဲ့ ကားတွေ ၇ မိနစ်ကို ကားတစ်စီးနှုန်းနဲ့ ၂၄ နာရီ တစ်နှစ်ပတ်လုံး ပျက်ရက်မရှိ တင်ပို့နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ကျော်ဦး က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။