သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-03
ရှစ်လေးလုံး အရေးတော်ပုံ လှုပ်ရှားမှုမှာ ကျန်းမာရေး ဝန်ထမ်းများသမဂ္ဂ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အမျိုးသားစာပေဆုရ စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့်ဟာ ရန်ကုန်မြို့မှာ မနေ့ညက ကွယ်လွန်သွားခဲ့ပါတယ်။
2018-10-03
ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေး ထိခိုက်မှု အတော်များများ ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက RFA ကို ပြောပါတယ်။
2018-10-03
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေရရှိဖို့ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဆုံးဖြတ်ချက်ချနိုင်မယ့် ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လျာထားတယ်လို့ သိရပါတယ်။
2018-10-03
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲတိုက်နယ် မြောက်ကြိမ်ကျေးရွာမှာ အကျဉ်းဦးစီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၃၀၀ ကျော်ကို ပြန်လည်စွန့်လွှတ်ပြီး မူလတောင်သူတွေကို ပေးအပ်သွားမယ်လို့ သိရပါတယ်။
2018-10-02
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူနိုင်ရေးအတွက် လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို အပြည့်အဝ လုပ်ကိုင်ခွင့်ပေးပြီး ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။
2018-10-02
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ဥပဒေရေးရာ အရာရှိတဦးက အင်္ဂါနေ့မှာ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
2018-10-02
ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာ သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးပျက်စီးနေမှုကို ထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ ကုလသမဂ္ဂ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM တို့ပူပေါင်းပြီး သစ်ပင် ၄ သောင်းခွဲကို ပြီးခဲ့တဲ့ ၂ ပတ်အတွင်း စိုက်ပျိုးခဲ့ကြောင်းနဲ့ နောက်ထပ် သစ်ပင် ၃သောင်း ၆ ထောင်ကျော်ကို ရက်ပိုင်းအတွင်း စိုက်ပျိုးမယ်လို့ သိရပါတယ်။
2018-10-02
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့အနေနဲ့ မြန်မာ အစိုးရနဲ့ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်ချေရှိပါတယ်လို့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ပြောလိုက်ပါတယ်။
2018-10-02
မြန်မာနိုင်ငံ အရပ်သားအစိုးရ ခေါင်းဆောင်အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချို့ အပြုအမူတွေဟာ ဝမ်းနည်းဖွယ်ရာဖြစ်ပေမဲ့ သူ့ကို နှင်းအပ်ထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ ပြန်လည်ရုပ်သိမ်းမှာမဟုတ်ကြောင်း နိုဘယ်ဆုရွေးချယ်ရေးဖောင်ဒေးရှင်းက ပြောလိုက်ပါတယ်။
2018-10-02
မွန်အမျိုးသားပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး နိုင်ငွေသိမ်း (အသက် ၉၅ နှစ်) ဟာ ၂ဝ၁၈ အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန် ရန်ကင်းမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
2018-10-02
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသက အထူးစီမံကိန်း ၂ ခုကို အကောင်အထည်ဖော်ပြီး အကျိုးအမြတ်ခွဲဝေရာမှာ အဆိုပြုထားတဲ့ ၈၅/၁၅ ရာခိုင်နှုန်းအစား ၇၀/၃၀ ရာခိုင်နှုန်းကို ပြောင်းလဲစာချုပ်ချုပ်ဖို့ တရုတ်နဲ့ မြန်မာအကြား သဘောတူလိုက်တယ်လို့ သိရပါတယ်။
2018-10-02
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီရယ်လ် Scot Marciel အနေနဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်မှုတွေ မလုပ်ဖို့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဦးညီညီထွန်းဆိုသူက ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
2018-10-02
ရွှေဘုံသာလမ်းမှာ ဒေါ်လာဈေး ကစားသူတွေထဲက တရားခံပြေးအဖြစ် သတ်မှတ်ထားသူတစ်ဦး လာရောက်အဖမ်းခံထားပြီး တရားစွဲတင်ဖို့ လုပ်နေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စ သုံးလုံးက သိရပါတယ်။
2018-10-02
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က အမှုဖွင့်တရားစွဲဆိုခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တာမရှိကြောင်း ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး က ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
2018-10-02
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က ကားလမ်းပိတ်ဆို့ပြီး ဆက်ကြေးကောက်ခံခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်အွမ်ကျေးရွာမှာ နေထိုင်တဲ့သူတွေရဲ့ အိမ်ထောင်စုနဲ့ ခရီးသွားလာမှုစာရင်းတွေကို အစိုးရတပ်မတော်က စစ်ဆေးနေတယ်လို့ နမ့်အွန်ကျေးရွာဒေသ ခံတွေက RFA ကို ပြောပါတယ်။