သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-25
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ ရပ်ကွက်( ၅) ထဲက နေအိမ်ပေါ် အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ရင်ဘက်မှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးကို ဆေးရုံအဆင့်ဆင့် ပြောင်းပို့နေရတယ်လို့ ပန်ဆိုင်းဒေသခံတွေက ပြောပါတယ်။
2021-10-25
ချင်းပြည်နယ် ဖလမ်းမြို့နဲ့ ဟားခါးမြို့အကြား လမ်းမကြီးဘေးမှာရှိတဲ့ တားလ်ရွာက လူနေအိမ် ၁၁ လုံးကို အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၇ နာရီခန့်မှာ စစ်တပ်က မီးထပ်ရှို့ခဲ့တယ်လို့ ကိုယ်တိုင်မြင်ခဲ့ရတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
2021-10-25
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က အမှတ် (၂) ရဲစခန်းအနီး စစ်ကားပေါ်မှာ အောက်တိုဘာလ ၂၅ ရက် ဒီနေ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲတစ်ဦး သေဆုံးခဲ့ကာ စစ်သားနဲ့ ရဲလေးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာမြို့က ဒေသခံတွေက ပြောပါတယ်။
2021-10-25
အောက်တိုဘာလ ၂၆ ရက် မနက်ဖြန်မှာ စတင်ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးကိုတက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဆင့် ရှိသူကို ဖိတ်ထားပေမယ့် တက်ဖြစ်/မတက်ဖြစ် မသေချာသေးဘူးလို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
2021-10-25
အာဏာရှင်ကိုဆန့်ကျင်တဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွား မယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က အောက်တိုဘာလ ၁၅ ရက် ဒီနေ့ကျရောက်တဲ့ KIO (၆၁) နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
2021-10-25
စဉ့်ကိုင်မြို့နယ်မှာ အဖမ်းခံလိုက်ရတဲ့ မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦး ကို အရင်စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) အစား အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၂ (က) နဲ့ ပြောင်းလဲတရားစွဲဆို လိုက်ပါတယ်။
2021-10-25
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ကျောင်းဆရာမ တစ်ဦးဟာ အောက်တိုဘာလ ၂၄ ရက် မနေ့ည ၆ နာရီခွဲခန့် နေအိမ်မှာရှိနေချိန် ပစ်သတ်ခံလိုက်ရပါတယ်။
2021-10-24
အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာပြည်ဝင်ခွင့်ပေးပြီး အဓိကသက်ဆိုင်တဲ့ သူတွေကြား ညှိနှိုင်းဆောင်ရွက်ခွင့်ရဖို့ မြန်မာစစ်ခေါင်းဆောင်ကို ဆက်ပြီးဖိအား ပေးသွားမယ်လို့ ဒီသီတင်းပတ်မှာထုတ်ပြန်မယ့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။
2021-10-24
စစ်ကောင်စီက ဖမ်းဆီးစဥ်မှာ ရိုက်နှက်တာခံရပြီး ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီရဲ့ အသက်အန္တရာယ် စိုးရိမ်နေဆဲဖြစ်တယ်လို့ သူ့ရဲ့ မိသားစုက ပြောပါတယ်။
2021-10-24
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို ABSDF က ပါဝင်တက်ရောက်ခဲ့ရာမှာ ဗဟိုကော်မတီရဲ့ သဘောထားမပါဘူးလို့ ဒီနေ့ အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
2021-10-24
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီကို အောက်တိုဘာ ၂၃ ရက် ညပိုင်းက ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်းက ဒီနေ့ အောက်တိုဘာ ၂၄ ရက်မှာ လူမှုကွန်ရက်ပေါ် မှာ ရေးသားထားပါတယ်။
2021-10-24
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့ထဲကို အောက်တိုဘာ ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မိုးဗြဲမြို့က အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ငါးဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2021-10-24
ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး အဖြစ်ကနေ နုတ်ထွက်သူ ၁၂ ယောက်ထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2021-10-24
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာမှာ ပျူစောထီးတပ်ဖွဲ့ ဖွဲ့ဖို့ စစ်သင်တန်းပေးတာကို လက်မခံလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ ၂၃ ရက်နေ့ မနေ့ညနေပိုင်းက ရွာကိုမီးရှို့ခဲ့ရာ အိမ် ခြောက်လုံး မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-24
KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲမှာ ရက်ပေါင်း ၂၀ အတွင်း တိုက်ပွဲပေါင်း ၁၂၃ ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ (KNU) က အောက်တိုဘာလ ၂၃ ရက် မနေ့က ထုတ်ပြန် ပါတယ်။