သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-19
ဝန်ကြီးဌာနတွေမှာ တပ်မတော်က အရာ ရှိတွေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တာကို ကန့်ကွက်တဲ့ ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှုကို ပျဉ်းမနားအလယ်ရိုးမ ကဗျာဆရာအဖွဲ့က ဒီကနေ့ နေပြည်တော်မှာ စတင်လိုက် ပါတယ်။
2015-09-18
နိုင်ငံသား အထောက်အထားမပြနိုင် သူ မြန်မာဆိုသူ လူငယ်တစ်ဦး ဟာ နှစ်ပေါင်းများစွာ ကျွန်ပြုခိုင်းစေခံရတဲ့ သင်္ဘောပေါ်ကနေ လွတ်လာခဲ့ပေမယ့်မြန်မာနိုင်ငံ ကို ပြန်ခွင့်မရကြောင်း AP သတင်းတရပ်မှာ ဖေါ်ပြထား ပါတယ်။
2015-09-18
ရှမ်းပြည်နယ် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသမှာ အစိုးရနဲ့ ကေအိုင်အို တပ်ဖွဲ့တွေအကြား နေရာအနှံ့ တိုက်ပွဲဖြစ် ပွားနေတယ်လို့ သိရပါတယ်။
2015-09-18
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ NCA လတ်မှတ်ထိုးရေးမှာ မပါဝင်တဲ့ အဖွဲ့ ၆ ဖွဲ့ ကိစ္စအပါအဝင် အားလုံးပါဝင် လက်မှတ်ထိုးနိုင်ရေး ကိစ္စတွေကို ဆုံးဖြတ်ဖို့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့နဲ့ အဖွဲ့ဝင် မဟုတ်တဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်အား လုံးပါဝင်တဲ့ ထိပ်သီးအစည်းအဝေးကို လာမည့် စက်တင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများရဲ့ အဆင့်မြင့် ညှိနှိုင်းရေး EAOs’ Senior Delegation အစည်းဝေးကနေပြီး ဆုံးဖြတ်ခဲ့ပါတယ်။
2015-09-18
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ တပ်မတော်က အငြိမ်းစားအရာရှိတွေကို အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်လိုက်တာ ကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ရှေ့နေ ၂ဝ လောက် က ဖဲကြိုးအဝါတွေတပ်ဆင်ပြီး ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။
2015-09-18
ခရီးသည်တင် ဘတ်စ်ကားတွေက သပိတ်မှောက်နေတာကြောင့် ဒဂုံ တက္ကသိုလ်က စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသူ ကျောင်း သားတွေ ကျောင်းတက်ဖို့ အခက်တွေ့နေတဲ့အတွက် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီကနေ့ ဘတ်စ်ကားတွေကို အခမဲ့စီးနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
2015-09-18
နေပြည်တော်ကောင်စီနယ်မြေ ၊ ဇေယျာသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းတို့ဟာ ဒီကနေ့ သူတို့ရဲ့ မဲဆန္ဒ နယ်မှာ အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြပါတယ်။
2015-09-18
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းက ခန္တီးမြို့နဲ့ ဟုမ္မလင်း မြို့တွေကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ NLD ပါတီရဲ့ ရွေးကောက် ပွဲ အောင်နိုင်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က RFA ကိုပြောပါတယ်။
2015-09-18
ဖမ်းဆီးခံထားရတဲ့ ကျောင်း သူ ကျောင်းသားတွေကို လွှတ်ပေးဖို့နဲ့ လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးဖို့ ဒီကနေ့ ကျရောက်တဲ့ ၈ နှစ်မြောက် ရွှေဝါရောင် သံဃာ့လှုပ်ရှား မှု နှစ်ပတ်လည်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
2015-09-18
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ မှာ သေနတ်ထိမှန် သေဆုံးသွားတဲ့ တောင် သူ ဒေါ်ခင်ဝင်းအတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့တာကြောင့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် နဲ့ နော်အုန်းလှတို့ကို တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၄ လစီ အမိန့်ချလိုက်ပါတယ်။
2015-09-18
လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အတွက် ပယ်ချခံရသူ ကိုယ်စား လှယ်လောင်း ၁၀၀ လောက်ရှိနေပြီး အဲဒီအထဲမှာ နိုင်ငံသား ကိစ္စနဲ့ ဆက်နွယ်ပြီး ပယ်ချခံရသူ ၅၀ လောက်ရှိနေကြောင်း အမေရိကန်အစိုးရက စိုးရိမ်မိကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-09-18
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က ရပ်ကွက်တိုင်းမှာ တစ်အိမ်တက်တစ်အိမ် ဆင်း ဒီကနေ့ မဲဆွယ်စည်းရုံးရေးဆင်းနေပါတယ်။
2015-09-18
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှှိုးမြို့နယ်မှာ မဲစာရင်းကြေညာထားတဲ့ ကျေးရွာတွေကို သွားဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် လာမယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်သူ လူဦးရေ ၂ဝဝ ရှိ တဲ့ ကျေးရွာတစ်ရွာမှာ မဲရုံတစ်ရုံထားပေးသင့်တယ်လို့ SNLD ကျားခေါင်းပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိုင်းဝမ်လှိုင်ခမ်းက ပြောပါတယ်။
2015-09-18
ရခိုင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးဖြစ် လာမယ့် ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်း ကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီ Myanmar Kyaukphyu Special Economic Zone Holding Public Co,Ltd - MKSH ကုမ္ပဏီ ကို ပြည်နယ်အစိုးရက ခွင့်ပြုလိုက်ပါတယ်။
2015-09-18
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကနေ ရွေးကောက်ပွဲဝင်မယ့် ကျားခေါင်း ပါတီ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း နှစ်ဦးဟာ နားကွမ်းလုံ၊ ကောင်းကြဲ၊ အီနိုင်းနဲ့ အထက်မန်အိုင်ကျေး ရွာတွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးရင်း ဒေသခံတွေဆီကနေ အလှူငွေတွေ ကောက်ခံ ခဲ့ကြပါတယ်။