သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-10
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။
2023-10-10
ပဲခူးမြစ်ကမ်းနံဘေးရှိ အထက်ဇိုင်းဂနိုင်းကြီးအုပ်စု ရွာကိုးရွာဟာ သုံးရက်ကြာတဲ့အထိ ရေနစ်မြုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-10-10
ကချင်ပြည်နယ်က IDP ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူများစခန်း တိုက်ခိုက်ခံရတဲ့အတွက် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သားတွေ သေကြေ၊ ထိခိုက်ဒဏ်ရာရတာကို အထူးစိုးရိမ်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးက ဒီနေ့ပြောကြားလိုက်ပါတယ်။
2023-10-10
ရန်ကုန်-ကော့သောင်း လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်တွေကနေ တစ်ဦးကို တစ်သိန်းခွဲခန့်အထိ ငွေတောင်းနေပြီး စစ်ကိုင်း၊ မကွေးနဲ့ ချင်းမှတ်ပုံတင် ကိုင်ဆောင်သူဆိုရင် ပိုစစ်ဆေးသလို ငွေပိုတောင်းတယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-10-10
UWSA ထိန်းချုပ်တဲ့ ဝိန်းကောင်မြို့က ငွေလိမ်ဂိုဏ်းတစ်ခုမှာ ရောင်းစားခံတဲ့ မြန်မာလူငယ်တစ်ဦး ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ အောက်တိုဘာ ၆ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2023-10-10
မီဇိုရမ်ပြည်နယ်မှာ သုံးရက်အတွင်း မြန်မာဘက်ကသယ်လာတဲ့ ကွမ်းသီးခြောက်အိတ် (၁၅၀၀ ကျော်) ရူပီး သိန်းခုနစ်ရာနီးပါးကို အာသံရိုင်ဖယ်တပ်နဲ့ အကောက်ခွန်ဌာနတို့ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပါတယ်။
2023-10-10
မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ကို ကုလအထွေထွေညီလာခံမှာ ထည်သွင်းပြောကြားခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက အောက်တိုဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-10-10
ပုလဲမြို့နယ်က ရွာတွေကို အင်အားသုံးရာကျော်ပါ စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တဲ့အပြင် စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေပါ ယူနေတာကြောင့် ဒေသခံ တစ်သောင်းခွဲကျော် ထွက်ပြေးနေကြရပါတယ်။
2023-10-09
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း သတ်ဖြတ်ခံရမှုမှာ သံသယရှိသူ မြန်မာလူငယ်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
2023-10-09
ပထမဆုံး ထုတ်ကုန်ရှစ်မျိုးကို သပိတ်မှောက်တဲ့နေရာမှာ ၇၅ ရာခိုင်နှုန်းလောက်ထိ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုတစ်ခေါက်ဟာ ဒုတိယမြောက် သပိတ်မှောက်ရမယ့် ထုတ်ကုန်စာရင်းဖြစ်ပါတယ်။
2023-10-09
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ် PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အကျအဆုံးရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2023-10-09
ထားဝယ်မြို့နယ်၊ ဖွတ်လက်တိုရွာချောင်းဖျားမှာရှိတဲ့ သံသတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KTLA ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။
2023-10-09
ရန်ကုန်တိုင်း ကြည့်မြင်တိုင်ညစျေးထဲမှာ ဖွင့်ထားတဲ့ ဇမ္ဗူရာဇ်ရွှေဆိုင်ရဲ့ ပိုင်ရှင်ဦးမင်းဇော်ဦး အောက်တိုဘာ ၈ ရက်နေ့က ရွှေထည်ပစ္စည်းတွေနဲ့အတူ ဆိုင်သိမ်းပြီးအပြန် လူတစ်စုရဲ့ ရိုက်နှက်ဖမ်းဆီးတာကို ခံရပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။
2023-10-09
အခုတစ်ခေါက်ဖမ်းဆီးခံရတဲ့ ၇၀၆ ယောက်ထဲမှာ တရားခံပြေး ၂၆ ယောက်ပါတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ပြောထားပါတယ်။
2023-10-09
ဧရာဝတီတိုင်းမှာ PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးမှုတွေ ခပ်စိပ်စပ်ဖြစ်လာပြီး ၂၀၂၃ ခုနှစ်အတွင်း လေးဆယ်နီးပါး အဖမ်းခံခဲ့ရသလို နှစ်ဆယ်ခန့် အခုထိမလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။