သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-31
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မိုင်းကြောင့် အရပ်သား သုံးဦး သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်နဲ့ ၃ဝမှာ မိုင်းနင်းမိလို့ အရပ်သား နှစ်ဦး သေဆုံးပြီး၊ တစ်ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားရပါတယ်။
2020-07-31
အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD က အမတ်လောင်းတွေအတွက် ဆောင်ရန် ရှောင်ရန် အချက်တွေကို ဇူလိုင်လ ၂၉ ရက်နေ့ရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားရာမှာ ၂၀၂၀ ရွေးကောက်ပွဲကာလ အွန်လိုင်းလူမှုကွန်ရက် အသုံးပြုတဲ့အခါမှာ ပျံ့နှံ့မှုများပြားစေရေးအတွက် ငွေကြေး သုံးစွဲတာကို တားမြစ်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
2020-07-31
"ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ရာ ဒေသက မြို့နယ် လေးခုမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်တော့ဘူးလို့ UWSA ရဲ့ လားရှိုးအခြေစိုက်ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဒီနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
2020-07-31
မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လာမယ့်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ ၁၅ ဖြည့်ပြီး ပေးပို့ထားသူ ၅၆၀ ကျော်ရှိတယ်လို့ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ မြန်မာသံရုံးက ဇူလိုင် ၂၇ မှာ သတင်းထုတ်ပြန်ပါတယ်။
2020-07-31
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးမှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေဟာ စိုးရိမ်ပြီး အသွားအလာတွေ တိတ်ဆိတ်နေပါတယ်။
2020-07-31
NCA လက်မှတ် မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပင်လုံညီလာခံကို တက်ရောက်လိုတယ်လို့ ပြောနေပေမယ့် အစိုးရရဲ့ ဖိတ်ကြားမှုထဲမှာ ပါဝင်မလားဆိုတာ မသိရသေးပါဘူး။ ကပ်ဘေးကာလအတွင်း ပြန်လည်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုကိုတော့ ဖိတ်ကြားသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောထားပါတယ်။
2020-07-30
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ လွိုင်ဆမ်ဆစ်တောင်အနီးက ခိုတင်ကျေးရွာမှာ ဇူလိုင်လ ၃၀ ရက် မနေ့ညနေပိုင်းက မိုင်းတစ်လုံးပေါက်ကွဲလို့ ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးငယ် ငါးဦး ဒဏ်ရာရသွားပါတယ်။
2020-07-30
ရခိုင်ပြည်နယ် မြောက်ဦးမြို့နားမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ ဒီနေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်း မှာတော့ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။
2020-07-30
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ဖိအားရင်ဆိုင်နေရတာဟာ ရခိုင်ပြည်နယ်ပဋိပက္ခတွေနဲ့ အဓိကဆက်နွယ်နေပြီး ဖိအားတွေလျော့ကျဖို့ဆိုရင် သံတမန်တွေက ရှေ့တန်းမှာ ဆောင်ရွက်နေသလို ပြည်သူတွေကလည်း ပြည်တွင်းမှာ သံတမန်တွေကို အထောက်အကူဖြစ်စေမယ့် အပြုသဘောဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
2020-07-29
ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အမြဲစည်ကားနေတတ်တဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Night Bazzar လို့ခေါ်တဲ့ ညဈေးတန်းဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့တာ ၄ လကျော်ကြာခဲ့တာ သြဂုတ်လ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်တွေက စီစဉ်နေကြပါပြီ။ ဒီညဈေးမှာ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီပြီး အလုပ်လုပ်နေတာပါ။
2020-07-29
AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တပ်မတော်က တရားစွဲထားတဲ့ အရပ်သား ငါးဦးအမှုနဲ့ ပတ်သက်ပြီး တပ်မတော်သား တရားလိုပြသက်သေ သုံးဦးကို စစ်တွေခရိုင်တရားရုံးမှာ စစ်ဆေးခဲပါတယ်။
2020-07-29
ကယားပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တခုစ်ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က နေပြည်တော်မှာ ရှေ့လ သြဂုတ်လထဲ ကျင်းပမယ့် စတုတ္တအကြိမ် ၂၁ ပင်လုံ ညီလာခံကို တက်ရောက်ဖို့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောပါတယ်။
2020-07-29
မဟာမဲခေါင်ဒေသတွင်း စီးပွားရေး စင်္ကြံလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး တည်ဆောက်ဖို့ ပြည်ပချေးငွေ ဒေါ်လာ သန်း ၄၀၀ ကျော် ရယူမယ့်ကိစ္စကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကိုယ်စားလှယ်တချို့က ကန့်ကွက်ခဲ့ပေမယ့်လည်း ကိုယ်စားလှယ် ထက်ဝက်ကျော်က ထောက်ခံတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2020-07-29
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပြန်လာအလုပ်လုပ်နိုင်ကြောင်း ထိုင်းနိုင်ငံက ခေါ်ထားပေမယ့် ကျမ်းမာရေး စစ်ဆေးခ ကုန်ကျစရိတ်တွေကို ကျခံရမယ့်ကိစ္စ မပြတ်သားတာကြောင့် အလုပ်သမား ပြန်လည်စေလွှတ်ဖို့ ကြန့်ကြာနေရပါတယ်။
2020-07-28
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ညက တပ်မတော်သား သုံးယောက်ရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးအတွက် တရားမျှတမှုရရှိရေးကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့ ၁၂၁ ဖွဲ့က အစိုးရကို မနေ့က သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။