သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-28
ရှမ်းပြည်နယ်၊ လားရှိုးအကျဉ်းထောင် တာဝန်ရှိသူတွေက ထောင်အနီး နေထိုင်တဲ့ မိသားစု သုံးစုကို ထွက်ခွာသွားဖို့ အမိန့်ထုတ်ထားပေမယ့် အိမ်နဲ့မြေနေရာအတွက် ငွေကုန်ကြေးကျခံခဲ့ရတာကြောင့် ဖယ်ရှားမပေးနိုင်ဘူးလို့ မိသားစုဝင်တွေက ဒေသခံသတင်းထောက်တွေကို ဒီနေ့ ပြောလိုက်ပါတယ်။
2020-07-28
မြောက်ဦးမြို့နယ် နရန်းကျေးရွာမှာ မနေ့က နေ့လယ်ပိုင်း တပ်မတော်စစ်ကြောင်း တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာ တပ်က ဒေသခံတစ်ဦးကို ဖမ်းဆီးရိုက်နှက် ခဲ့ပါတယ်။ ဖမ်းဆီးရိုက်နှက်ခံရသူဟာ မြောက်ဦးမြို့နယ် ပါးတော်ကျေးရွာက အသက် ၃၈ နှစ်အရွယ် ကိုထွန်းထွန်းဝင်း ဖြစ်ပါတယ်။
2020-07-28
ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာအနီး တောင်ယာထဲမှာ မိုင်းပေါက်ကွဲတာကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသတွင်း ကမ်းလင့်လက်များ ပရဟိတအဖွဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
2020-07-28
ဆေးလိပ်နဲ့ ဆေးရွက်ကြီးမှာပါဝင်တဲ့ နီကိုတင်းကို အပူပေးပြီးရှူရှိုက်ရတဲ့ အီး-စီးကရက်နဲ့ ရေပြောင်းလို့ခေါ်တဲ့ ရှီရှားတွေကို လူငယ်တွေကြားမှာ အလွယ်တကူတွ ဝယ်ယူအသုံးပြုလို့ ရနေတဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်တွေ ရှိနေလို့ နိုင်ငံတော်အနေနဲ့ ထိန်းချုပ်တားမြစ် ပိတ်ပင်ပေးဖို့ အဆိုကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။
2020-07-28
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ တပ်မတော်က တပ်စခန်းချထားတာ၊ ကျောင်းပစ္စည်းတွေ ပျက်စီးနေတာကြောင့် သံဃာအပါး ၅၀ နီးပါးဟာ ရွာပြန်ဖို့ အခက်ခဲဖြစ်နေပါတယ်။
2020-07-28
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်သူတွေအနေနဲ့ ဒေသခံကယားပါတီတွေကိုပဲ ဦးစားပေးမဲပေးကြဖို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေက လှုပ်ရှားနေကြပါတယ်။
2020-07-28
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း တပ်စွဲထားတဲ့ တပ်မတော်စစ်စခန်းတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ သေဆုံးသွားတဲ့ ဒေသခံတွေအတွက် တရားမျှတမှုရရှိဖို့ ဒုတိယအကြိမ်အဖြစ် ဖာပွန်ဒေသခံ ငါးထောင်နီးပါး ဒီနေ့ ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။
2020-07-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ အရည်အချင်းမပြည့်ဝသူတွေပါဝင်နေတယ်ဆိုပြီး ဒေသခံတွေက တိုင်ကြားတဲ့အတွက် အရေးယူမှု တချို့ရှိတယ်လို့ ကြားသိရပါတယ်။
2020-07-27
ရှမ်းပြည်နယ်မှာ အင်အားအကောင်းဆုံး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၁၅၀ ရှိတယ်လို့ RFA ကို ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ ပြောပါတယ်။
2020-07-27
လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်စုစုနွေးဟာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းဖို့ စီစဉ်ထားခဲ့ပေမယ့် အဲဒီ မဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကြေညာလိုက်တဲ့အတွက် နေရာပြောင်းလဲဝင်ပြိုင်ဖို့ ဆောင်ရွက်နေပါတယ်။
2020-07-27
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ထောင့်ချေကျေးရွာသားတစ်ဦးဟာ မနေ့က လယ်ယာလုပ်ငန်းခွင်မှာ ပစ်ခံရပြီး ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံမှာ တက်ရောက် ကုသနေရပါတယ်။
2020-07-27
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ခလရ (၃၄) တပ်ရင်းက လိပ်ခမော်ကျေးရွာ ဒေသခံ မောင်စိုးအောင်ကို ဇူလိုင်လ ၂၆ ရက်မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-07-27
ရာသီဥတုဆိုးရွားမှုကြောင့် ဇူလိုင်ထဲမှာ အပူချိန် အမြင့်ဆုံး စံချိန်တင်တဲ့ နေရာ ၁၄ ခုရှိခဲ့ပြီး မြို့နယ် ၁၁ ခုမှာတော့ မြစ်ရေ စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
2020-07-27
ရခိုင်ပြည်နယ် လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်ဟာ ချုံခိုတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရရုံသာမက သတင်းမီဒီယာတွေကလည်း အလစ်ချောင်း ထိုးနှက်နေကြတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။ လေ့လာသူတွေကတော့ တပ်မတော်ရဲ့ စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပါတယ်။
2020-07-26
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းကျေးရွာထဲကို လက်နက်ကြီးကျည်ကျတာကြောင့် ဒေသခံ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။