သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-08
ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နောင်တောင်ကီကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ရှမ်းပြည် ပြန် လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
2014-09-07
သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ဆွစ်ဇာလန်နိုင်ငံ က တဆင့် နယ်သာလန်နိုင်ငံ Amsterdam မြို့ကို ရောက်ရှိလာပြီး၊ စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လေ့လာမယ်လို့ နယ်သာလန် နိုင်ငံက ထုတ်ပြန်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
2014-09-07
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀၀ ကျော်က ကိုယ်စားလှယ်တွေက လူ့အခွင့်အရေး၊ လယ်သမားအရေး၊ ငြိမ်းချမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ နဲ့ပတ်သက်ပြီး မနေ့ကနဲ့ ဒီနေ့ ၂ ရက်ကြာ ဆွေးနွေးနေကြ ပါတယ်။
2014-09-07
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ် တဲ့အခါ ရွေးကောက်ပွဲပုံစံ နှစ်မျိုးကျင့်သုံးသင့်ကြောင်း လာမယ့်လွှတ်တော်အစည်းအဝေးမှာ တင်ပြသွားမယ် လို့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာ ရေးကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။
2014-09-07
ပီအာ ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် ကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံပွဲနဲ့ ပီအာစနစ်အကြောင်း ဟောပြောပွဲကို ဒီနေ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ဓမ္မိကရာမ ဘုန်းကြီးကျောင်းမှာ ပြည် သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်နဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။
2014-09-07
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ နိုင်ငံ သားဖြစ်ခွင့်လျှောက်ထားသူတွေထဲက မြို့နယ်နဲ့ ပြည်နယ်အဆင့် စိစစ်ပြီး စီးတဲ့လျှောက်လွှာ ၂၀၀ နီးပါးကို ပြည်ထောင်စုအဆင့် စိစစ်နိုင်ဖို့ ဒီနေ့ ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
2014-09-07
မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထား ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ သတိထား ကာကွယ်ကြဖို့နဲ့ တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ဆောင် ရွက်မှုတွေ ပြည့်ပြည့်စုံစုံ စီမံလုပ်ဆောင်ဖို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ ) အဖွဲ့ (ဗဟို) က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2014-09-07
အခုနှစ်ကုန်လောက်မှာ ကျင်းပဖို့ပြင်ဆင်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဘူး လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။
2014-09-06
ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်တဲ့ ရဲဘော်ခင်ကျော်က ABSDF ကနေခွဲထွက်ပြီး Union National Resistance Army ခေါ် ပြည်ထောင်စု ကာကွယ်ရေးတပ်ကို ဥက္ကဌ အနေနဲ့ တာဝန်ယူ တည်ထောင် လိုက်တဲ့အကြောင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က သိမ်ဇရပ်ကျေးရွာမှာ ဒီနေ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။
2014-09-06
ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့ နဲ့ မြဝတီမြို့နယ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ စစ်တပ်တွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်သိန်းနီးပါး ပြန် လည်ရရှိဖို့အတွက် ဒီနေ့ လယ်သိမ်းခံထားရတဲ့ လယ် သမားတွေ ဘားအံမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြ ပါတယ်။
2014-09-06
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ် သက်ပြီး တိုင်းရင်းသားပါတီတွေကို ကိုယ် စားပြုတဲ့ ရှေ့လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ကော် မတီတစ်ခု ဖွဲ့စည်းသွားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ မဟာမိတ် တိုင်းရင်းသားပါတီတို့ ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ပြု လုပ်တဲ့ အစည်းအဝေးမှာ သဘောတူခဲ့ကြ ပါတယ်။
2014-09-06
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကို လာမယ့် အောက်တိုဘာလကုန်မှာ နေပြည်တော် မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
2014-09-06
မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိ မှ ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာမှုရှိမယ်လို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2014-09-06
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဒေသ ဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA က စီစဉ်နေတဲ့ လုပ်ငန်းစဉ် Blueprint ဟာ အချိန်ကာ လစောလွန်းပြီး ဒီစီမံကိန်းတွေကြောင့် ဒေသတွင်းပဋိပက္ခကို ပိုပြီးဆိုးဝါးလာစေနိုင်တယ်လို့ ကရင်ငြိမ်းချမ်းရေး ကွန်ရက် KPSN က ပြောကြားလိုက်ပါတယ်။
2014-09-06
ဥရောပ ၃ နိုင်ငံကို ခရီးထွက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဂျာမနီနိုင်ငံကနေ ဆွစ်ဇာလန် နိုင်ငံကိုရောက်ရှိပြီး စက်တင် ဘာ ၅ ရက် မနေ့က ၂ နိုင်ငံဖွံ့ဖြိုးရေးပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။