သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-19
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေ နဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုသာ လက်ခံလိုက်နာကြဖို့ ပါတီဝင်တွေကို ညွှန်ကြား ထားကြောင်း ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သိန်းလင်းက ပြောပါတယ်။
2014-12-19
ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦး အတွက် သက်သေထွက်ဆိုပေးမယ့်သူတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးကို အမျိုးသားလွှတ်တော်ရဲ့ စီးပွားရေး ၊ နိုင်ငံရေး၊ ဥပဒေရေးရာကော်မရှင်က တာဝန်ယူပေး မှာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိ သူတွေက ဒီနေ့ ပြောပါတယ်။
2014-12-19
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့အတွက် လက်ရှိအခွင့်အရေးတွေကိုဆုပ်ကိုင်ပြီး၊ နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ အဖွဲ့အားလုံးပါဝင်ဖို့ ကမ္ဘာကျော်ခေါင်းဆောင်ဟောင်းတွေ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
2014-12-18
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည် တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီ လို့ပြောဆိုနေကြပေမယ့် တရားစီရင်ရေး စနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေး ပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။
2014-12-18
သာသနာ ညိုနွမ်းစေမှုပုဒ်မနဲ့ အရေးယူ ခံထားရတဲ့ စာရေးဆရာ ထင်လင်းဦး နဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တာနဲ့ အရေးယူခံ ရတာဟာ ကိုက်ညီမှုမရှိဘူးလို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦိးဉာဏ်ဝင်း ကပြောပါတယ်။
2014-12-18
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ အလုပ် လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ် သမားတွေ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့ အတွက် ဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမားနေ့ အထိမ်း အမှတ်အခမ်းအနားမှာ ပြောပါတယ်။
2014-12-18
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခမှာပါဝင်ခဲ့သူ မွတ်စလင် ၃ ဦးကို သံတွဲခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၆ ရက်နေ့ မှာ ထောင်ဒဏ် နှစ် ၃ဝ စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2014-12-18
ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေ နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြည်တွင်းမှာ ပြန်လည်အခြေချနေထိုင်ရေးမှာ ကန့်သတ်ချက်တွေနဲ့ အဟန့် အတားတွေ ရှိနေသေးတယ်လို့ အရင်က ပြည်ပမှာ အခြေစိုက်တဲ့ အဖွဲ့အစည်း ၃ ခုက ဒီနေ့ ပြောပါတယ်။
2014-12-18
ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦး အမှုအတွက် သက်သေထွက်ဆိုပေး နိုင်မယ့် သူတွေရှိပေမဲ့ လုံခြုံရေး စိုးရိမ်ချက်ကြောင့် သက်သေအဖြစ်မလိုက်ရဲကြဘူးလို့ မြန်မာနိုင်ငံသား ၂ ဦး အမှုကို လိုက်လံဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
2014-12-18
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး အတွင်းက မြန်မာ့ မီးရထားဝန်ကြီးဌာန တိုင်းအမှတ် (၈) နယ်မြေထဲမှာရှိတဲ့ ကျူးကျော်အိမ်တွေကို ဖယ်ရှားတော့မယ်လို့ တိုင်းအမှတ် (၈) မန်နေဂျာက ပြောပါတယ်။
2014-12-18
ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ နယ် ဂေါ့ကျေးရွာအုပ်စုက လယ်ယာမြေ ဧက ၁၀၀ ကျော်မှာ "နေလင်းနဲ့သားများ" ကုမ္ပဏီက ငါးကန်တူးဖော်နေတာကို ကန့်ကွက်ကြောင်း လယ်သမား တစ်ရာနီးပါးက ဥက္ကံမြို့ ဘောလုံးအားကစား ကွင်းမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-12-18
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ဝင်ပေါက်မှာ ပိတ်ဆို့ဆန္ဒပြနေတဲ့ မိကျောင်းကန် သားတွေက အစိုးရအနေနဲ့ သူတို့နဲ့မညှိနှိုင်းနိုင်ရင် လာရောက်ဖမ်းဆီးဖို့ဆိုပြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်အပါအဝင် အဖွဲ့အစည်း ၉ ခုထံ ဒီကနေ့ စာပေးပို့လိုက်ပါတယ်။
2014-12-18
သာသာနာညှိုနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းက V Gastro Bar ဆိုင်ပိုင်ရှင်၊ မန်နေဂျာနဲ့ နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာတို့ကို ဒီနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-12-18
နောက်နှစ်ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလအတွင်း မြို့နယ် ၁၀၈ မြို့နယ်မှာ လူနေမှုစစ် တမ်းကောက်ယူပြီး ရရှိလာတဲ့ အချက် အလက်တွေ ကိုအခြေခံပြီးမှသာ အနည်းဆုံးလုပ်ခလစာကို သတ်မှတ်သွားမယ်လို့ နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အ နည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး ဆွေးနွေးပွဲက သဘော တူလိုက်ကြပါတယ်။
2014-12-17
ဂျပန်နိုင်ငံက ကမ္ဘာကျော် Mitsui ကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချဖ့ိုအတွက် MPPL မြန်မာ့ စွမ်းအင် ကုမ္ပဏီလီမိတက်ရဲ့ အစုရှယ်ယာ ၄၄ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ကုမ္ပဏီက မနေ့က ကြေညာလိုက် ပါတယ်။