သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-19
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ပန်ဆိုင်း (ကြူကုတ်) လမ်းပေါ်က နမ့်တောင်းကျေးရွာမှာ ဒီကနေ့ ညနေပိုင်း သုံးနာရီကျော်က မြေမြုပ်မိုင်းနှစ်လုံး ပေါက်ကွဲတဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2018-09-19
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်က့တရုတ်နိုင်ငံနယ်စပ် မြန်မာဘက်ခြမ်းမှာ တရုတ်ဘက်က မြောင်းတွေတူးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရုတ် ပြည်ပရေးရာဌာနကို ကန့်ကွက်စာ ပေးပို့သွားမယ်လို့ သိရပါတယ်။
2018-09-19
ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က နမ့်ခမ်းမြို့ခံ ရှမ်းအမျိုး သမီး နန်းမိုဟွမ်ကို ဖမ်းဆီးထားတဲ့ကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးပြီး ပြည်နယ်အစိုးရထံ တင်ပြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2018-09-19
ရခိုင်အရေးနဲ့ ပတ်သက်ပြီး တဖက်သတ် ဖိအားပေးစိန်ခေါ်မှုတွေကို ပြည်သူရဲ့ ညီညွတ်မှု အင်အားနဲ့ ရင်ဆိုင်ကျော်လွှားသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2018-09-19
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ ကမန်လူမျိုးအမည်နဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနေတာတွေကို ပြန်လည်စိစစ်ပေးဖို့နဲ့ ကမန်မဟုတ်သူတွေအတွက် ထုတ်ပေးထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးဖို့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-09-19
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲမှာ ပါဝင်ခဲ့တယ်ဆိုပြီး ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်နဲ့ ကိုရွှေကြယ်မိုး တို့ ၃ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁၅ ရက် ဒါမှမဟုတ် ငွေဒဏ်ကျပ် နှစ်သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2018-09-19
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဦးဆောင်ပြီး ၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးပွဲရလဒ်တွေကို ပြန်လည်သုံးသပ်ပွဲကို တောင်ကြီးမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2018-09-19
မလေးရှားနိုင်ငံမှာ အရက်တုသောက်မိပြီး သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၆ ယောက်ရှိပြီလို့ ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။
2018-09-19
ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနဲ့ ပတ်သက်လို့ အစိုးရ အဆက်ဆက် ဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်တွေဟာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်တာတွေ၊ အကြမ်းဖက်တာတွေကို စုံစမ်းဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့ကြောင်း၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-09-19
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ ထိတ်လန့်အံသြဖွယ်ရာ ဖြစ်ကြောင်းနဲ့ တာဝန်ရှိတဲ့ မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ ကို လူမျိုးတုံးရှင်းလင်းမှု၊ လူသားဖြစ်တည်မှုဆန့်ကျင်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူစစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။
2018-09-19
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှောင်းထုတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ပဏာမ ကြားနာစစ်ဆေးမှုတွေကို စတင်လိုက်ကြောင်း နယ်သာလန်နိုင်ငံ The Hague မြို့ရှိ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အင်္ဂါနေ့ မနေ့က ကြေညာပါတယ်။
2018-09-18
ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားခဲ့တဲ့ ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို အနောက်ပိုင်းခရိုင် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ ငွေဒဏ်တစ်သိန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2018-09-18
ခေတ်အဆက်ဆက်အစိုးရတွေ အသုံးပြုနေကြတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေပုဒ် ၄ ခုကို ပယ်ဖျက်ပေးနိုင်ရေး လွှတ်တော်မှာတင်သွင်းဖို့ စီစဉ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကော်မတီ AAPP က ပြောပါတယ်။
2018-09-18
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေအဖြစ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တာကို ဒေသခံရခိုင်နဲ့ ကမန် အမျိုးသားတိုးတက်ရေးပါတီ ရခိုင်အမျိုးသားကွန်ရက်တို့ ပူးပေါင်းပြီး ဒီလုပ်ငန်းစဉ်မှာ မသမာမှုတွေရှိနိုင်တဲ့အတွက် အရေးယူပေးဖို့ ကြေညာချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-09-18
လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ စစ်အစိုးရရေးဆွဲပြုစုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တွေက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။