သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-03
‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု’ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်နှစ်၊ တရားမဝင် စီတန်း လှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ အတွက် အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၄ လ ကျခံဖို့ ဒီနေ့ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
2014-09-03
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ် ကိုင်နေကြတဲ့ မြန်မာနဲ့ ကမ်ဘောဒီး ယား ရွှေ့ပြောင်းအလုပ်သမားတွေ အရေးကို သတင်းဖေါ်ထုတ်ပေးနေတဲ့ ဗြိတိန်နိုင်ငံသား Andy Hall ဟာ မနေ့က ဘန်ကောက်မြို့ တရားရုံးတစ်ရုံးမှာ အသရေဖျက်မှုနဲ့ စတင် အမှုရင်ဆိုင်ခဲ့ရပါတယ်။
2014-09-02
တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ ၂ဝ၁၄ ခု အာရှနဲ့ ပစိဖိတ်မယ်ရွေးပွဲမှာ အလှမယ် ဘွဲ့ ဆွတ်ခူးရရှိခဲ့တဲ့ မေမြတ်နိုးက သူ့အပေါ်နာမည် ပျက်အောင် မဟုတ်မမှန်စွပ်စွဲတဲ့ ပြိုင်ပွဲစီစဉ်သူ ကိုရီးယား အရာရှိတွေအနေနဲ့ တောင်းပန်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
2014-09-02
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပပြီးဆုံး သွားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပထမအကြိမ် ညီလာခံကနေ တိုင်းရင်းသားအားလုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်အထိ ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ စက်တင်ဘာ ၂ ရက်နေ့က ဆုံးဖြတ်ခဲ့ကြပြီး UNFC အဖွဲ့ကိုဦးဆောင်မယ့် ဗဟိုအလုပ်အမှုဆောင် ကော် မတီသစ်ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။
2014-09-02
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေ က မြန်မာနိုင်ငံသား အဖြစ် စိစစ်ထားခဲ့တဲ့ ဒုက္ခသည် ၂ ထောင် ကျော်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က သတင်း မီဒီယာတွေကို ပြော ကြားချက်ဟာ ရိုးသားမှုမရှိကြောင်း ၊ မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက အင်တာနက်လူမှုရေး စာမျက်နှာ ကနေ ဒီကနေ့ ဝေဖန် လိုက်ပါတယ်။
2014-09-02
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ် ရှောက်ချောင်းကျေးရွာအနီးမှာရှိတဲ့ ရွှံ့မီးတောင် ပေါက်ကွဲခဲ့ တာကြောင့် လယ်ယာမြေ ဧကပေါင်း ၂၀၀ လောက် ပျက်စီးသွားခဲ့ပါတယ်။
2014-09-02
ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ လုပ်ပိုင်ခွင့်အာဏာ ချုပ်ကိုင် ထားမှုကို ကန့်ကွက်တဲ့အနေနဲ့ အဖွဲ့တွင်းပါဝင်မှုကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း KNU က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2014-09-02
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရွေးချယ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနဲ့ အလုပ်အမှုဆောင်တွေဟာ မြန်မာနိုင်ငံ ကျောက် မျက်လုပ်ငန်းရှင်များအသင်းရဲ့ သင်းဖွဲ့စည်းမျဉ်းတွေနဲ့ မကိုက် ညီတဲ့အတွက် ကန့်ကွက်ကြောင်း မန္တလေးမြို့မှာရှိ တဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေက ဒီနေ့ သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။
2014-09-02
ရန်ကုန်မြို့ ဒဂုံမြိုသစ်အရှေ့ပိုင်း ဒဂုံတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖဲ့ွဝင် ၁၀၀ လောက် စုပေါင်းပြီး အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။
2014-09-02
ကူးစက်မြန် အီဘိုလာရောဂါ သံသယ လူနာအဖြစ် ကုသမှုခံယူနေတဲ့ မြန်မာနိုင်ငံ သားဟာ အီဘိုလာရောဂါပိုး လုံးဝမရှိတဲ့ အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက် ပါတယ်။
2014-09-01
မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာအတွက် အင်တာနက် အွန်လိုင်းကနေ တဆင့် လျှောက်ထားလို့ရတဲ့ e-visa စနစ်ကြောင့် လာမယ့် ၂၀၁၅ ခုနှစ်မှာ နိုင်ငံခြားသား ခရီးသွားဦးရေ ၅ သန်းအထိ ဝင်ရောက်လာနိုင်တယ်လို့ မျှော်လင့်နေပါတယ်။
2014-09-01
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု စွဲချက်နဲ့တရားစွဲဆိုခံနေရတဲ့ Unity ဂျာနယ်က သတင်းထောက် ၄ ဦးနဲ့ အမှုဆောင်အရာရှိချုပ်တို့ကို အီတလီနိုင်ငံက သတင်း လွတ်လပ်ခွင့်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေအဖြစ် ဂုဏ်ထူးဆောင် အီတလီနိုင်ငံသားဆု ချီးမြှင့်လိုက်ပါတယ်။
2014-09-01
သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မနေ့ညနေ ပိုင်းက ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာ လန်နိုင်ငံတွေကို ချစ်ကြည်ရေးခရီး ထွက်ခွာသွားပါတယ်။
2014-09-01
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အမှုအတွက် အရင် က ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ပီနန်ဆရာတော် က နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ထံ ပေးပို့တဲ့စာကို သက်သေခံစာအဖြစ် လက်ခံစစ်ဆေးဖို့ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2014-09-01
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီလို့ ခေါ်တဲ့ UNFC အဖွဲ့မှာ ပါဝင်တော့မှာ မဟုတ်ဘဲ ကိုယ်စားလှယ်တွေ အားလုံးကို ရုပ်သိမ်းကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ တဲ့ UNFC ညီလာခံကို ဒီကနေ့ တရားဝင်စာပေးပို့ လိုက်ပါတယ်။