သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-17
ဇူလိုင်လဆန်းပိုင်း ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှုကြောင့် လူ ၂၀၀ လောက် အသေအပျောက်ရှိခဲ့ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအထိပါ စိုးရိမ်မှု ပေါ်ပေါက်စေခဲ့ပါတယ်။ ဒါပေမဲ့ ဖားကန့်မှာ ရေမဆေးကျောက်ရှာဖွေသူတွေ ဒီကနေ့အထိ သိသိသာသာ လျော့မသွားသေးပါဘူး။
2020-07-16
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ထိုင်းနိုင်ငံရဲ့နယ်စပ် ကုန်သွယ်ရေး ထိခိုက်နစ်နာမှုတွေ သိသိသာသာ ရှိလာနေပါတယ်။ မြန်မာနဲ့ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာလည်း အချိန်ငါးလအတွင်း ထိုင်းဘက်က ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ မြန်မာဘက်ကတော့ ထိုင်းလောက် ထိခိုက်နစ်နာမှုတွေမရှိဘူးလို့ ဆိုပါတယ်။
2020-07-16
အင်္ဂါနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကန့်ဘလူသကြား စက်ရုံ စီမံကိန်းအတွက် တပ်မတော်က သိမ်းပိုက်ခဲ့တဲ့ မြေဧက ၁ဝဝဝ ကျော်နဲ့ ပတ်သက်ပြီး ထပ်မံလျော်ကြေးပေးဖို့ အစီအစဉ်မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို လွှတ်တော်မှာ မေးမြန်းခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်က လယ်သမားတွေရဲ့ နစ်နာမှုအတွက် မျှတမှုရရှိအောင် ဆက်လက်ဆောင်ရွက်မယ်လို့ RFA ကို ပြောပါတယ်။
2020-07-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး ဥပဒေ၊ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲတဲ့အမှုပေါင်း ငါးရာကျော်၊ တရားစွဲခံရသူ တစ်ထောင်ကျော်ရှိနေတယ်။ တရားစွဲ ဆိုတာ အစိုးရက အများဆုံးဖြစ်နေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ - အသံရဲ့ ဇူလိုင်လ ၁၆ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2020-07-16
တပ်မတော်ကပစ်ခတ်လို့ ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာမှာ အရပ်သား သေဆုံး ဒဏ်ရာရတယ်ဆိုတဲ့ကိစ္စအတွက် တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ပွင့်လင်း မြင်သာမှုမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ပြောပါတယ်။
2020-07-16
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းကနေ မြို့ပေါ်ကိုထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ အစိုးရကဖွင့်ပေးထားတဲ့ ကယ်ဆယ်ရေးစခန်းမှာ မဆန့်တော့လို့ စခန်းပြင်ပက ရပ်ကွက်အသီးသီးမှာ နေထိုင်နေရတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ရှိနေပါပြီ။ စခန်းပြင်ပက ဒုက္ခသည်တွေဟာ အကူအညီအထောက်အပံ့တွေ မရတဲ့အတွက် စားဝတ် နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
2020-07-15
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က အသက် ၃၁ နှစ်အရွယ် ဦးကျော်လှိုင်ကို တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်စုချေ သတင်းထောက်တွေကို ဒီနေ့ပြောဆိုခဲ့ပြီး တပ်မတော်ကတော့ ဒါဟာ စွပ်စွဲချက်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
2020-07-15
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာကနေ တပ်မတော် ဖမ်းဆီးသွားတဲ့ ဒေသခံ ၆ ယောက်ထဲက တစ်ယောက်ဟာ ထိန်းသိမ်းစစ်ဆေးခံနေရစဉ်အတွင်း သေဆုံးသွားပါတယ်။
2020-07-15
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အလုပ်သမား၊ လယ်သမားနဲ့ အခြေခံ လူတန်းစားအလွှာတွေကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီငယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်အချို့ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မျှော်လင့်ချက်တွေ အပြည့်ရှိနေပေမယ့် ကပ်ဘေးကာလ ကန့်သတ်ချက်၊ စည်းရုံးရေးအင်အားနဲ့ ငွေကြေးအင်အား စတဲ့အခက်အခဲကိုယ်စီ ရှိနေကြပါတယ်။
2020-07-15
အစိုးရဝန်ထမ်းတွေ ပင်စင်ခံစားခွင့်အတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေ မူကြမ်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေပူးပေါင်းကော်မတီကို တင်သွင်းလိုက်ပြီဖြစ်ပါတယ်။
2020-07-14
လာမယ့် နိုဝင်ဘာလမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရိုဟင်ဂျာတွေကို မဲပေးခွင့်ပြုဖို့လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက ပြောလိုက်ပါတယ်။
2020-07-14
မလေးရှားနိုင်ငံရောက် တရားမဝင်မြန်မာအလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး မြန်မာနိုင်ငံပြန်ချင်ပေမယ့် အခု အချိန်အထိတော့ တရားဝင်ပြန်ခွင့် မရကြသေးပါဘူး။ တချို့ကတော့ ပွဲစားတွေနဲ့ ဆက်သွယ်ပြီး မှောင်ခိုလမ်းကြောင်းတွေနဲ့ ပြန်နေကြတယ်လို့ ဆိုပါတယ်။
2020-07-14
တပ်မတော်ပိုင် မြန်မာ့စီပွားရေးကော်ပိုရေးရှင်းရဲ့ ကန့်ဘလူသကြားစက် စီမံကိန်း အတွက်၊ သိမ်းဆည်းခဲ့တဲ့ မြေယာတွေနဲ့ပတ်သက်ပြီး၊ လျော်ကြေးထပ်ပေးဖို့ မရှိကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။
2020-07-14
NLD ပါတီရဲ့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအားလုံးကို စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပါတီတာဝန်က ရပ်စဲလိုက်တယ်လို့ NLD ပါတီက ပြောပါတယ်။
2020-07-14
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အငူမော်-မော်တော်ကားလမ်းပေါ်မှာ ရှိတဲ့ ချိန်ခါလီရွာနဲ့ ကိုးတန်ကောက်ရွာကြားမှာ ဇူလိုင် ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့တိုက်ပွဲကြောင့် ချိန်ခါလီရွာသား နှစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။