သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-20
မကွေးတိုင်း ပခုက္ကူမြို့နယ် ကွန်းရွာဘုရား ပွဲမှာ ဆင်မင်းကျေးရွာနဲ့ ရွှေတန်း တစ်ကျေးရွာ ရွာသူ ရွာသားတွေ ဒီလ ၁၈ ရက်နေ့က ဘော လုံးပွဲကြည့်ရင်း ခိုက်ရန်ဖြစ်ပွားပြီး ဆင်မင်းကျေးရွာက နေ အိမ် ၁၃ လုံး ဖျက်ဆီးခံရ တာကြောင့် ကျေးရွာနှစ်ရွာအကြား မှာ လုံခြုံရေးချထားလိုက် ပါတယ်။
2016-08-20
အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အစိုးရသစ်ကို ယုံကြည်ပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်ရဖို့ ကြိုးစားနေကြောင်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
2016-08-20
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန နဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် တို့ရဲ့ကူညီမှုနဲ့ မြန်မာအလုပ်သမား ၂၅ဝ ကျော်ဟာ ဝန်ဆောင်ခမပေးရဘဲ ထိုင်းနိုင်ငံအခြေစိုက် Thai Union Group ကုမ္ပဏီမှာ သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရရှိပြီဖြစ်ပါတယ်။
2016-08-20
ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ဖာပွန် စတဲ့မြို့နယ် ၄ ခုမှာ ဇူလိုင်လကနေ သြဂုတ် ၁၉ ရက်နေ့အထိ ဂျပန် ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိပြီး ရောဂါ ခံစားနေရသူ ၁၄ ဦးရှိနေတယ်လို့ ကရင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထွန်းမင်း က ပြော ပါတယ်။
2016-08-20
၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ အတွက် ရွေးကောက်ပွဲမှာ အနိုင်မရ တဲ့ နိုင်ငံရေးပါတီ ၇ဝ ကျော်ကို ကိုယ်စားပြု ဖို့အတွက် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်မယ့်ပွဲကို သူတို့ အနေနဲ့ မတက်ရောက်ကြောင်းနဲ့ အဲ့ဒီရွေးချယ်ပွဲကို ကန့်ကွက်ကြောင်း ကယားပြည်နယ် အခြေစိုက် နိုင်ငံရေး ပါတီ ၃ ပါတီက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2016-08-20
ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိ တဲ့ ပြည်သူ့ဆက်ဆံရေးရုံးတွေနဲ့ စာကြည့် တိုက်တွေကို လူမှုအခြေပြုဗဟိုဌာနတွေအဖြစ် ပြောင်းလဲ ဖွင့်လှစ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဒီကနေ့ ပြောလိုက်ပါတယ်။
2016-08-19
“တရုတ်-မြန်မာ” နှစ်နိုင်ငံဆက်ဆံရေးကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း တိုးတက်ဖြစ်ထွန်း စေလိုတဲ့ အကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်က မြန်မာနိုင် ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြော လိုက်ပါတယ်။
2016-08-19
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ အမုန်းစကားပြောကြားမှုနဲ့ ပတ်သက်ပြီး ဥပဒေရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ထားပြီး ပြဌာန်းဖို့ ကြိုးစားနေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။
2016-08-19
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာနား မှာ ကျောင်းသားကျောင်းသူတွေ စီးလာတဲ့ စက်လှေတစ်စီး ဒီနေ့မနက်က နစ်မြုပ်ခဲ့ရာ မှာ ကျောင်းသူ ၄ ဦး ပျောက် ဆုံးနေပါတယ်။
2016-08-19
သမ္မတဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး အခုလကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
2016-08-19
ကချင်ပြည်နယ် ဆဒုံး-ကန်ပိုက်တီဒေသ တရုတ်-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် ၆ အနီးမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တပ်ရင်း ၃ တို့အကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေလို့ အဲ့ဒီနားတဝိုက် မှာ နေထိုင်တဲ့ လီဆူရွာ သားတွေ တရုတ်နိုင်ငံထဲ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
2016-08-19
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနဲ့ မုံရွာမြို့ကို အမြန်ရေယာဉ် တိုက်ရိုက်ပြေးဆွဲပေး ဖို့ ဒေသခံတွေက လက်မှတ်တွေ ကောက် ခံနေပြီး ရရှိတဲ့လက်မှတ်တွေကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ ပေးပို့သွားမှာ ဖြစ်ပါတယ်။
2016-08-19
မြန်မာရုပ်ရှင်ဖွံ့ဖြိုးရေးအတွက် "မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ'' အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ စတင်ကျင်းပ ခဲ့ပါတယ်။
2016-08-19
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေ သကြီး၊ ရေကြည်မြို့နယ်မှာ ပျက်စီးသွားခဲ့တဲ့ စပါးစိုက် ဧက ခြောက်ထောင်ကျော် အတွက် စိုက်ပျိုးစားရိတ်ချေးငွေတွေကို ပယ်ဖျက်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ တင်ပြလိုက် တယ်လို့ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။
2016-08-19
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ဗဟိုညီလာခံကို လာမယ့် သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ နေပြည်တော်က ပါတီဌာနချုပ်မှာကျင်းပမှာ ဖြစ် ပါတယ်။