သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-18
ဇန်နဝါရီ ၉ ရက်နေ့ကစပြီး လူဦးရေစာရင်းကောက်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်က တိုက်ခိုက်တာကြောင့် ၁၀ရက်အတွင်း အနည်းဆုံး ငါးဦး သေဆုံးပြီး လေးဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
2023-01-18
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ် မံစီမြို့နယ် အင်ဘာပါ ကျေးရွာအနီးမှာ တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီတစ်ခုက မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြနေကြပါတယ်။
2023-01-18
မြန်မာ့အရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပြီး သက်ဆိုင်သူအားလုံးနဲ့ နိုင်ငံအဆင့် စေ့စပ်ဆွေးနွေးနိုင်ဖို့ ကြိုးစားမယ်လို့ အာဆီယံ အထူးကိုယ်စားလှယ်သစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီရဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ပြောဆိုချက်ကို ကြိုဆိုရမှာဖြစ်ပေမယ့် လက်တွေ့ထိရောက်ဖို့ ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
2023-01-18
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းဆန့်ကျင်ဆန္ဒပြခဲ့ရာမှာ ထိပ်ဆုံးကပါဝင်ခဲ့သလို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်နေကြတဲ့ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေအပြင် သေဒဏ်ချမှတ်မှုပါ ရှိလာနေတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
2023-01-17
၂၀၂၂ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ပင်လယ်ပြင်ကို ကူးဖြတ်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ရ၊ ပျောက်ဆုံးခဲ့ကြရသူ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး ၃၄၈ ဦး ရှိခဲ့ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
2023-01-17
ကပစလို့ အတိုကောက်ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကနေ လက်နက်တွေ ထုတ်လုပ်တာဖြစ်ပြီး အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ အမှတ်(၂)ကာကွယ်ရေး ပစ္စည်းစက်ရုံကို ၁၉၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။
2023-01-17
မြန်မာနိုင်ငံမှာ စစ်ကောင်စီက သူတို့အပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေကို နှိမ်နင်းဖို့အတွက် ပျူစောထီးအဖွဲ့တွေကို ဖွဲ့စည်းလာပြီးနောက် မဘသဆရာတော် ဦးဝါသဝက ၂၀၂၁ ခုနှစ် ဩဂုတ်လလောက်ကစလို့ စစ်ကိုင်းတိုင်းက ပျူစောထီးအဖွဲ့တွေကို ဦးဆောင်လာခဲ့ပါတယ်။
2023-01-17
အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို ဒရုန်းနဲ့ ထောက်လှမ်းဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်း နှစ်နှစ်နီးပါး ရောက်လာချိန်မှာတော့ ဒရုန်းနဲ့ ပြန်တိုက်ခိုက်ခံနေရပါပြီ။
2023-01-17
တပ်မ-၃၃ လက်အောက်ခံ ရွှေဘိုလေ့ကျင်ရေးတပ် (၈) က အင်အား ၇၀ နီးပါးပါစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းအစောပိုင်း ရွာထဲဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့သလို နေအိမ် ၁၀၀ နီးပါးကိုလည်း မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
2023-01-16
ရေဦးမြို့နယ်က ကက်သလစ်ခရစ်ယာန်တွေ နေထိုင်တဲ့ ချမ်းသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဘုရားကျောင်းနဲ့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-15
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်း စစ်ကောင်စီက ကျင်းပတဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံး၊ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-01-14
အခုလိုညီလာခံမကျင်းပနိုင်ခဲ့တဲ့အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ညီလာခံကို တက်ရောက်လာမယ့် အင်အားကြီး တရုတ်နိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေက နိုင်ငံ့ခေါင်ဆောင်တွေကို အသုံးချပြီး စစ်ကောင်စီရဲ့ တရားဝင်ဖြစ်မှုကို ပြသဖို့ရည်ရွယ်ချက် မအောင်မမြင်ဖြစ်သွားရတယ်လို့ Jason Tower က သုံးသပ်ပါတယ်။
2023-01-14
ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးသေဆုံးရတဲ့ ထောင်ဆူပူမှုမှာ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ခဲ့ပါတယ်။
2023-01-13
ဗုဒ္ဓဘာသာထုံးစံအရ သရဏဂုံတင်ဖို့ ပြောဆိုတဲ့အခါ ကိုဂျင်မီက "ငါတို့က တော်လှန်ရေးလုပ်တာဖြစ်တယ်၊ တိုင်းပြည်အတွက်လုပ်တာဖြစ်တယ်။ ဘာမှမဟုတ်တာ မလုပ်ခဲ့ဘူး၊ ဒါကြောင့် သရဏဂုံမတင်ဘူး၊ မင်းတို့လုပ်စရာရှိတာလုပ်ပါ" လို့ ထောင်ပိုင်ကို ပြန်ပြောခဲ့ကြောင်းသိရပါတယ်။
2023-01-13
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရဘက်က ကြိုတင်သိထားတဲ့အခြေအနေရှိပြီး ဒီအပေါ်မှာ တုံ့ပြန်ဆောင်ရွက်မှုမရှိတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။