သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-04
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ “ဝ” လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် တွေ ညှိနှိုင်းခဲ့ကြပေမယ့် “ဝ” ဒေသထဲက မြို့နယ်လေးခုမှာတော့ မဲပေးခွင့်ရှိသူ စာရင်းတွေတောင် ကောက်ယူနိုင်ခဲ့ ခြင်း မရှိပါဘူး။ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ အဲဒီဒေသက ပြည်သူတွေအတွက် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးရတယ်လို့ နိုင်ငံရေးပါတီတချို့က သုံးသပ်ပါတယ်။
2020-08-04
၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က မဲစာရင်း ကြေညာ နေပေမယ့် လုံခြုံရေးအခြေအနေ စိတ်မချရတာကြောင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်က ကျေးရွာအများစုနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က နေရာတွေမှာ မဲစာရင်း မကြေညာနိုင်ဖြစ်နေပါတယ်။
2020-08-04
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြား ဒေသခံ အရပ်သား ၂၀ ပျောက်ဆုံးနေပြီး အဲဒီထဲက ငါးဦးကို AA အဖွဲ့က ဖမ်းဆီးထားတယ်လို့ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။
2020-08-03
ကယားပြည်နယ်အတွင်းက ဆေးရုံဆေးခန်းတွေနဲ့ ကျေးလက် ကျန်းမာရေးဌာနခွဲ တွေမှာ ဆရာဝန်နဲ့ သူနာပြုတွေ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကျော် ခန့်ထားဖို့ လိုအပ်ရာမှာ လက်ရှိအချိန်ထိ ၅၀ ရာခိုင်နှုန်းကျော်သာ ခန့်ထားနိုင်ပြီး ဝန်ထမ်းလိုအပ်ချက်တွေ အမြောက်အများရှိနေပါတယ်။
2020-08-03
နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ထုတ်ပြန်ထားတဲ့ မဲပေးခွင့်ရှိသူစာရင်းမှာ အမှားအယွင်းတွေ ပါဝင်နေသလို မဲစာရင်းကို သွားရောက်စစ်ဆေးဖို့ စိတ်ဝင်စားတဲ့ မဲဆန္ဒရှင်လည်း နည်းပါးနေပါတယ်။
2020-08-01
၁၉၅၉ ခုနှစ်တပ်မတော်အက်ဥပဒေ ပြင်ဆင်ဖို့ အမျိုးသားလွှတ်တော်မှာ ဇူလိုင်လ ၃၀ ရက်နေ့က ဆွေးနွေးခဲ့ပါတယ်။
2020-08-01
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မန်တုံမြို့နယ်တွေမှာ TNLA အဖွဲ့က ဇူလိုင်လအတွင်း အပြစ်မဲ့ အရပ်သား ရှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့ ၅၀ နီးပါးတို့က စွပ်စွဲပြီး ဒီလုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ဇူလိုင်လ ၃၁ ရက် မနေ့တုန်းက သဘောထား ထုတ်ပြန်ထားပါတယ်။
2020-07-30
အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း မဲပေးခွင့်ရှိသူ လူဦးရေ ၁၆ သိန်း ၄ သောင်းကျော် ရှိပါတယ်။ စစ်တွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံ ၂ သိန်းကျော်လောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာမို့ ဒုက္ခသည်စခန်းတွေမှာပါ မဲပုံးထောင်ပေးဖို့ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုနေတာတွေလည်း ရှိပါတယ်။
2020-07-30
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အထဲမှာ လူငယ်နဲ့ အမျိုးသမီးတွေကို ပိုမိုထည့်သွင်း လာကြပါတယ်။ ဒါဟာ အမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို အားပေးတာဖြစ်သလို ငါးဆယ်ရာခိုင်နှုန်းကျော်သော အမျိုးသမီးမဲဆန္ဒရှင်တွေရဲ့ မဲကိုရဖို့အတွက်ဖြစ်တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။
2020-07-30
ထိုင်းနိုင်ငံတောင်ပိုင်းလို သံရုံးနဲ့ဝေးကွာတဲ့မြို့တွေက ရွှေ့ပြောင်းမြန်မာအလုပ် သမားတွေဟာ သံရုံးအထိသွားပြီး ကြိုတင်မဲပေးဖို့ ခက်ခဲတာကြောင့် မဲပေးချင် ပေမယ့် အများစုက စာရင်းသွင်းမထားကြဘူးလို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။
2020-07-29
ဒီရက်ပိုင်းအတွင်း လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမပေးကြဖို့နဲ့ မဲပေးရင်လည်း ပယ်မဲဖြစ်အောင် ပြုလုပ်ကြဖို့ လှုံ့ဆော်ပြောကြားသံတချို့ ပေါ်ထွက်နေပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖြတ်သန်းနေသူတချို့ရဲ့ သဘောထားတွေကကော ဘယ်လိုရှိပါသလဲ...။
2020-07-29
မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမတ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းနီးပါးနဲ့ လူငယ် ၄၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2020-07-29
ရွေးကောက်ပွဲကို ထောက်ခံတာမျိုး မဟုတ်ပေမယ့် ဒေသအတွင်း လူထုရဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှုကို မဟန့်တားလိုတဲ့အတွက် TNLA ထိန်းချုပ်နယ်မြေတွေမှာ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပနိုင်တယ်လို့ TNLA ဘက်က ပြောပါ တယ်။ အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကလည်း သူတို့ လှုပ်ရှားတဲ့နယ်မြေမှာ ရွေးကောက်ပွဲလွတ်လပ်စွာ ကျင်းပနိုင်ရေး လမ်းဖွင့်ပေးသွားမယ်လို့ ဆိုပါတယ်။
2020-07-28
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ အာဆီယံက ပါဝင်ကူညီရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ အာဆီယံအဖွဲ့ဝင်တွေ ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီထွက်ပြေးသွားသူတွေ ပြန်လာရေးအစီအစဉ်ဟာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေတာကြာပြီ ဖြစ်ပါတယ်။
2020-07-27
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် အသုံးပြုမှု ပိတ်ဆို့ခံထားရတာကြောင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေအတွက် ညှိနှိုင်းဆောင်ရွက်ရေး၊ တိကျတဲ့ သတင်းအချက်အလက် ကောက်ယူရရှိရေး၊ အနိုင်ကျင့် နှိပ်စက်ခံရတာတွေကို လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေမှာ ထိခိုက်စေတယ်လို့ Human Rights Watch (HRW) နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။