သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-19
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာလျော့သွားလို့ ကျောင်းတွေပြန်ဖွင့်ခွင့် ပေးနေပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေအတွက် ဖွင့်ထားတဲ့ကျောင်းတွေတော့ ဖွင့်ခွင့်မရလို့ မြန်မာနိုင်ငံသား ကလေးပေါင်း သောင်းနဲ့ချီပြီး ပညာရေးနစ်နာနေတယ်လို့ သိရပါတယ်။
2020-07-17
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews သောမတ်စ် အင်ဒရူးစ် က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေး ကောင်စီမှာ ဇူလိုင် ၁၃ ရက်နေ့က တင်ပြခဲ့တဲ့ မိန့်ခွန်းမှာ မြန်မာပြည်မှာ ကျင်းပမယ့်ရွေးကောက်ပွဲနဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဝေဖန်သွားခဲ့ပါတယ်။
2020-07-17
တိုက်ပွဲတွေကြောင့် ကလေးငယ်တွေ လက်နက်ထိမှန် သေဆုံးတာ၊ ဒဏ်ရာရတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွေအတွက် တိုင်ကြားလွှာ လက်ခံရေးဌာနဖွင့်ဖို့ ပြည်ထောင်စု အစိုးရက စီစဉ် ဆောင်ရွက်နေပါတယ်။
2020-07-16
ကျေးရွာအနီးအနားတွေမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက ဒေသခံ တစ်ယောက်သေ၊ သုံးယောက်ဒဏ်ရာရပြီး သုံးထောင်လောက်ဟာ စစ်တွေအပါအဝင် တခြားနီးစပ်ရာဒေသတွေကို ထပ်မံထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။
2020-07-15
မနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ကန့်ဘလူသကြားစက်စီမံကိန်းအတွက် တပ်မတော်က သိမ်းပိုက်ခဲ့တဲ့ မြေယာတွေအတွက် လျော်ကြေးထပ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မြေသိမ်းခံတောင်သူတွေကတော့ ဒီပြောကြားချက်ကို လက်မခံဘဲ သူတို့ရဲ့ နစ်နာမှုတွေအတွက် ဥပဒေဘောင်အတွင်းက ဆက်လက် တောင်းဆိုမယ် လို့ RFA ကို ပြောပါတယ်။
2020-07-14
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှု ရပ်နားခြင်း မရှိသေးသလို ကျေးလက်ဒေသမှာ နေထိုင်သူတွေဟာလည်း AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်မှု သံသယနဲ့ အဆက်မပြတ် ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။
2020-07-13
နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၁ အရ ပါတီတခုက နုတ်ထွက်ခွင့်မရသူတဦး အနေနဲ့ တခြားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးက ပြည်သူ့လွှတ်တော်မှာ မနေ့က ပြောကြားခဲ့ပါတယ်။
2020-07-13
ဖားကန်မြို့နယ်၊ လုံးခင်းက ဝှေခါ ကျောက်စိမ်းတွင်းပြိုကျလို့ လူ နှစ်ရာကျော် သေဆုံးဒဏ်ရာရခဲ့တဲ့ အခြေအနေမှန်ကိုဖေါ်ထုတ်ဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တကယ့်အခြေအနေမှန်တွေကို သိအောင်မကြိုးစားဘူးလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
2020-07-13
နှစ်နှစ်တစ်ခါ နိုင်ငံအသီးသီးမှာကျင်းပလေ့ရှိတဲ့ မြန်မာနိုင်ငံပတ်သက်ပြီး ကမ္ဘာအရပ်ရပ်သုတေသနပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတာတွေ ပြသတဲ့ပွဲကို ဒီနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုက မြောက်ပိုင်းအီလီနွိုင်းတက္ကသိုလ်မှာ အွန်လိုင်းကနေ ကျင်းပနေပါတယ်။
2020-07-12
ရခိုင်အမျိုးသားပါတီ ANP က နုတ်ထွက်ခွင့်တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ပါတီကနေ နုတ်ထွက်ခွင့် မရသေးတဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ တခြားနိုင်ငံရေးပါတီကနေ ရွေးကောက်ပွဲ ပြန်လည်ဝင်ရောက်ယှဉ်ပြို င်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။
2020-07-11
တစ်ချိန်က ကျော်ကြားခဲ့တဲ့ အကယ်ဒမီ ငါးထပ်ကွမ်း မင်းသားကြီး ဦးကျော်ဟိန်းဟာ ဦးကိတ္တိသာရ ဆိုတဲ့ရဟန်းဘဝနဲ့ သြစတေးလျနိုင်ငံ ကန်ဘာရာမြို့မှာ စနေနေ့က ကွယ်လွန်သွားပါတယ်။
2020-07-11
ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးနိုင်ရေးအတွက် အစိုးရနဲ့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုးစားနေကြပါတယ်။ ကယား ပြည်နယ်က ကျောင်းတွေမှာတော့ ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်ထားပေမယ့် လိုအပ်ချက်တွေရှိနေပါတယ်။
2020-07-09
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မနေ့က နွားကျောင်းရင်းကနေ မိုင်းနင်းမိတဲ့ဒေသခံအရပ်သားတစ်ဦးဟာ စစ်တွေဆေးရုံမှာ ဇူလိုင် ၉ ရက် ဒီမနက်မှာ ကွယ်လွန်သွားပါတယ်။
2020-07-09
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ပေးဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ပေးဖို့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆို လိုက်ပါတယ်။
2020-07-09
၂၀၀၈ အခြေခံဥပဒေအရ သမ္မတဟာ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခွင့်ရပြီး အဲဒီကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို စစ်ဆေးနိုင်တဲ့ခုံရုံးကို ဖွဲ့စည်းခွင့်ရထားပါတယ်။ ဒါ့အပြင် ခုံရုံးရဲ့ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေနဲ့ ပတ်သက်ရင်လည်း ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတွက် ကော်မရှင် ရဲ့ ဖွဲ့စည်းမှုနဲ့ လုပ်ပိုင်ခွင့်ဟာ သမ္မတနဲ့ အာဏာရပါတီရဲ့ အောက်ကိုရောက်နေတယ်ဆိုတဲ့ ထောက်ပြချက်တွေ ရှိနေပါတယ်။