သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-14
တပ်ကြပ် အောင်နိုင်ဟာ တပ်မတော်မှာ ၂၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ခမရ - ၂၀၂ က ဗိုလ်ကြီးအဆင့်ရှိသူကို သေနတ်နဲ့ သုံးချက်တိတိပစ်ခတ်ပြီး ရက္ခိုင့်တပ်တော်(AA)ထံ လာရောက်ပူးပေါင်းခဲ့တာလို့ အေအေက ထုတ်ပြန်တဲ့ဗီဒီယိုဖိုင်ထဲမှာ တပ်ကြပ် အောင်နိုင်ဆိုသူက ပြောဆိုထားပါတယ်။
2019-10-14
ဘာသာရေးပဋိပက္ခတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခံထားရတဲ့ ဗလီ ၆၄ လုံးကို အမြန်ဆုံးပြန်ဖွင့်ခွင့်ပေးဖို့ နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ သက်ဆိုင်ရာဌာနတွေ ကို အောက်တိုဘာလ ၁၀ ရက်နေ့တုန်းက စာရေးသားပေးပို့တောင်းဆိုထားပါတယ်။
2019-10-13
ရှမ်းပြည်မြောက်ပိုင်း သိန္နီနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တပ်မတော်နဲ့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တို့ တိုက်ခိုက်ကြရာမှာ လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
2019-10-12
အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတကာ အကူအညီ ယူမယ်ဆိုရင်ခွင့်ပြုချက် တောင်းရမယ်ဆိုတဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ရဲ့ ကန့်သတ်ချက်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေအကြောင်း တင်ပြထားပါတယ်။
2019-10-11
ပြီးခဲ့တဲ့လအတွင်းက မြန်မာနိုင်ငံတောင်ပိုင်း ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီမြို့မှာ နိုင်ငံခြားသားတွေ အထူးများပြားလာတာနဲ့ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်စိတ်ဖြစ်ခဲ့ရပါတယ်။ အဲဒီမြို့မှာ ထူးထူးခြားခြား တရုတ်နိုင်ငံသားတွေ များပြားနေတာကြောင့်ဖြစ်ပါတယ်။ အလားတူပဲ ဒေသခံတွေ စိုးရိမ်လာနေတဲ့ နေရာတစ်ခုကတော့ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာဖြစ်ပါတယ်။
2019-10-11
ဘင်္ဂလားဒေ့ရ်ှဘက်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတချို့ ရခိုင်ပြည်နယ်ဘက် ပြန်လည်ဝင်ရောက်လာကြပေမယ့် သူတို့ နောက်ဆုံး နေထိုင်သွားတဲ့နေရာတွေမှာ ပြန်လည်နေထိုင်ဖို့ အခြေအနေ မပေးသေးပါဘူး။
2019-10-11
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ အရပ်ဖက်အုပ်ချုပ်ရေးပိုင်းကို ပြောင်းဖွယ်ရှိတယ်ဆိုတဲ့ ယူဆသူ အများအပြား ရှိနေပါတယ်။
2019-10-10
မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်ရေးအတွက် အဆင့်မြှင့်တင်ရာမှာ ဂျပန်နိုင်ငံက ကူညီပေးနေတဲ့ အခြေအနေတွေကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
2019-10-10
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဘွဲ့ပေးအပ်ခဲ့တဲ့ YMBA အဖွဲ့ တရားဝင်/မဝင်ဆိုပြီး အငြင်းပွားမှုကို သတင်းရေးသားခဲ့တဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို လက်နက်ကိုင်အဖွဲ့အစည်း နာမည်တွေသုံးပြီး ခြိမ်းခြောက်ဖိအားပေးနေတယ်လို့ ရန်ကုန်ခေတ်သစ်မီဒီယာက ပြောပါတယ်။
2019-10-10
ရခိုင့်တပ်တော် AA အဖွဲ့ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးကို အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလို ဒုရဲမှူးတင့်ရွှေက သက်သေခံ တင်သွင်းတဲ့စာရွက်ဟာ သက်သေခံဥပဒေနဲ့ မညီဘူးဆိုပြီး တရားခံရှေ့နေတွေက ကန့်ကွက်ခဲ့ပါတယ်။
2019-10-10
၂၀၂၀ ရွေးကောက်ပွဲကာလမှာ တိုက်ပွဲတွေ မဖြစ်ပွားရေးက အရေးကြီးတယ်လို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီနဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က တိုက်တွန်းလိုက်ပါတယ်။
2019-10-10
ရှမ်းပြည်အရှေ့ပိုင်း ဝ ဒေသမှာ မကြာသေးမီက မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်လို့ ယူဆရသူတချို့ကို နှိမ်နင်းရာမှာ အသေပစ်ခတ်ဖမ်းဆီးမှုတွေရှိနေပါတယ်။
2019-10-09
တရုတ်ပြည်မှာ အလုပ်လုပ်ဖို့သွားရာကနေ ရောင်းစားခံလိုက်ရတဲ့ အိမ်ထောင်ရှင် မြန်မာအမျိုးသမီးတစ်ဦးဟာ စက်တင်ဘာလကုန်ပိုင်းမှာ မြန်မာပြည်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ငါးလ ပါလာပြီး မိသားစုဆီကို ပြန်ဖို့ အခက်အခဲဖြစ်နေပါတယ်။
2019-10-08
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့အတို့ဟာ ဒီနေ့ရန်ကုန်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။
2019-10-08
ရန်ကုန်မြို့သစ်စီမံကိန်းနယ်မြေထဲက မြေသိမ်းခံရသူတချို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယာယီ မြေသိမ်းမိန့်နဲ့ မြေ ၂၀ % ဒီကနေ့ ပြန်လည်ပေးအပ်လိုက်ပါတယ်။