သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-08
ဥရောပသမဂ္ဂက တပ်မတော်စစ်သုံးစရိတ် ပွင့်လင်းမြင်သာရေးအတွက် အရပ်သား NLD အစိုးရကို တိုက်တွန်းပေမယ့်၊ တပ်မတော်ဘတ်ဂျက်ကိစ္စဟာ လတ်တလောအခြေအနေမှာ တို့ထိလို့ မရသေးတဲ့အခြေအနေဖြစ်တယ်လို့ NLD ပြန်ကြားရေးအဖွဲ့ဝင်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
2019-10-08
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာမှာ တပ်မတော်ကပစ်ခတ်လို့ အသက် ၇၀ ဝန်းကျင် မွတ်စလင်လူကြီးတစ်ဦး သေဆုံးသွားတယ်လို့ ရွာသားတွေကပြောပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
2019-10-08
မကွေးတိုင်းအတွင်း အစိုးရဘဏ္ဍာငွေနဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ဖို့ တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီတချို့ဟာ ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ အရည်အသွေး ညံဖျင်းတာတွေ ရှိတဲ့အတွက် စိစစ်ပေးဖို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်တွေကို အကြောင်းကြားလိုက်ပါတယ်။
2019-10-08
တပ်မတော်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ကြာညိုပြင် မွတ်စလင်ကျေးရွာတို့ကို လက်နက်ကြီးစခန်းအဖြစ်အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင့်တပ်တော် AA က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2019-10-08
AA တပ်ဖွဲ့ဝင်တွေလို့ အဖမ်းခံထားရသူ ခြောက်ယောက်ကို ဒီကနေ့ မန္တလေးခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ပါတယ်။
2019-10-07
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းတိုက်ဆရာတော် ဦးကဝိဓဇ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနဲ့ ဒေသခံ ဦးမြင့်မောင်တို့ကို တပ်မတော်က စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ဖမ်းဆီးသွားတာပါ။
2019-10-07
လာမယ့် အောက်တိုဘာ ၁၅ ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေကြား NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ လေးနှစ်ပြည့်မြောက်တော့မှာပါ။
2019-10-04
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ် အများစု ဦးဆောင်တဲ့ ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ ဖွဲ့စည်းပုံ အခန်း ၄ ဥပဒေပြုရေး အပိုင်းအထိ မနေ့က အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။
2019-10-04
တပ်က အမှုဖွင့်တဲ့ ဘာသာရေးခေါင်းဆောင်များထဲမှာ KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်အမှု ရုပ်သိမ်းလိုက်ပေမယ့် မန္တလေးက ဆရာတော် သုံးပါး အမှု မရုပ်သိမ်းပေးတာကတော့ တပ်မတော် ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုပုံချင်း မတူတာကြောင့်ဖြစ်တယ်လို့ တပ်မတော်က ပြောလိုက် ပါတယ်။
2019-10-03
ကရင့်အာဇာနည်နေ့ အသုံးအနှုန်းကြောင့် ဖမ်းဆီးတရားစွဲဆိုခံရတဲ့ နော်အုန်းလှကို ဝန်းရံခဲ့တဲ့ ဒေါ်စိန်ထွေး အပါအဝင် သုံးဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ဒီကနေ့ ထပ်မံအမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။
2019-10-03
လားရှိုးဒေသနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်နေကြတဲ့အပေါ် ဘာသာရေးခေါင်းဆောင်တွေ နှုတ်ဆိတ်မနေကြဖို့နဲ့ တိုက်ပွဲတွေကို ဆန့်ကျင်ကြောင်း ပြောကြဖို့ ရန်ကုန်ကက်သလစ်ခရစ်ယာန် သာသနာပိုင်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက နှိုးဆော်စာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2019-10-03
ဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေထဲက တချို့ကို ရခိုင်ပြည်နယ်ထဲ ဝင်ရောက်လေ့လာနိုင်ဖို့ တရုတ်အစိုးရက အကြံပြုထားတာကို မြန်မာဘက်က ငြင်းပယ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် အခြေစိုက် Daka Tribune သတင်းဌာနက ရေးသားထားပါတယ်။
2019-10-03
စင်္ကာပူကနေ ပြည်နှင်ဒဏ်ပေးခံရပြီး ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံရသူများအမှုရဲ့ တရားလို ဒုရဲမှူးတင့်ရွှေ ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ပထမဆုံး စတင်စစ်ဆေးခဲ့ပါတယ်။
2019-10-03
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းအနီး မနေ့က တိုက်ပွဲဖြစ်ရာ မှာ စခန်းထဲ ကျည်တွေ ကျရောက်ခဲ့တာကြောင့် ကျည်ထိမှန်တဲ့ ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ ဒီနေ့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
2019-10-01
တအာင်းပလောင် တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ငါးခုမှာ သုံးလအတွင်း လူ့အခွင့်ရေးချိုးဖောက်ခံရသူ လူ ၇၀ လောက်ရှိပြီး လူဆယ်ဦး သေဆုံးခဲ့တယ်လို့ တအာင်းပလောင် အမျိုးသမီးအစည်းရုံး တာဝန်ရှိသူတွေက ပြောပါတယ်။