သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-20
Myanmar Now သတင်းဌာနရဲ့ ဖော်ထုတ်မှုကြောင့် မိုက်ကယ်ကျော်မြင့် ဦးဆောင်တဲ့ UDP ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်း ခဲ့ပါတယ်။ အဲဒီ ပါတီ အတွင်းရေးကို ဖော်ထုတ်ရေးသားခဲ့တဲ့ Myanmar Now သတင်းဌာနကို Pen Myanmar စာနယ်ဇင်းအဖွဲ့က ၂ဝ၂ဝ ခုနှစ်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထူးချွန်စွာ ကျင့်သုံးသူများဆု ချီးမြှင့် လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
2020-10-20
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ရွာ NLD ရပ်ကျေးအလုပ်အမှုဆောင် ဦးဝင်းဗိုလ်နဲ့ တရွာတည်းမှာနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူ မောင်ချမ်းမြေ့သူ၊ မောင်သူရိန်လင်းတို့ ညီအစ်ကိုနှစ်ဦးတို့ အောက်တို ဘာလ ၁၅ ရက်နေ့က စကားများခိုက်ရန် ဖြစ်ပြီး ကိုယ်ထိလက်ရောက်ဖြစ်ရာကနေ NLD ရပ်ကျေးအလုပ်အမှုဆောင် ဒဏ်ရာရခဲ့ပါတယ်။
2020-10-20
ရခိုင်ပြည်နယ်မှာ စစ်တွေမြို့မှာ မနေ့က နေ့လယ်ပိုင်း အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြတောင်းဆိုလို့ ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသား သုံးဦးနဲ့ ပူးပေါင်းဝန်းရံသူတစ်ဦးဟာ ဒီနေ့မှာ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲ ခံလိုက်ရပါတယ်။
2020-10-20
ဖျက်သိမ်းခံလိုက်ရပြီဖြစ်တဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်ကို တရားရုံးက ဒီနေ့ ထောင်ပြေးမှုနဲ့ စွဲချက်တင်လိုက်ပြီး ဦးကျော်မြင့် ကတော့ သူမှာအပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ ချမ်းအေးသာစံ မြို့နယ်တရားရုံး က တရားသူကြီး ဦးကျော်မျိုးဝင်း က ပြောပါတယ်။
2020-10-20
ကပ်ဘေးကာလ ရခိုင်ပြည်နယ်မှာ နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေ အပါအဝင် သာမန် ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးမှု ဆက်ဖြစ်နေပါတယ်။
2020-10-20
နှင်းဆီပါတီ လို့ခေါ်တဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းတဲ့အပေါ် ပါတီဘက်က အယူခံဝင်သွားမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦးက ပြောလိုက်ပါတယ်။
2020-10-20
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၁၅ မြို့နယ်မှာ ရွေးကောက်ပွဲ ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တာဟာ ကော်မရှင်တစ်ခုတည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောလိုက်ပါတယ်။
2020-10-19
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေဟာ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်ကုန်ပိုင်းက ၃ သိန်း ၆ သောင်းကျော်ရှိပါတယ်။ ဒီနှစ်အတွင်း ထပ်တိုးလာတဲ့ ဒုက္ခသည်ဦးရေကိုတော့ အတိအကျ မသိရသေးပါဘူး။
2020-10-19
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကော်မရှင်က ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အတွက် တစ်ပြည်နယ်လုံးမှာရှိတဲ့ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် (၄ ပုံ ၃ ပုံနီးပါး) ၇၃ ရာခိုင်နှုန်းကျော် မဲပေးခွင့် ဆုံးရှုံးသွားပါတယ်။ ဒီလိုကြေငြာရာမှာလည်း တိုက်ပွဲမရှိ၊ တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေမှာပါ ဖျက်သိမ်းလိုက်တဲ့အတွက် ကော်မရှင်ရဲ့ ကြေငြာချက်ဟာ သမာသမတ်ကျရဲ့လားလို့ နိုင်ငံရေးခေါင်းဆောင်တချို့က သံသယရှိနေကြပါတယ်။
2020-10-19
ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျောင်းသားတွေဦးဆောင်ပြီး အင်အား ၅ဝ ကျော် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားတွေ သေဆုံးနေရတာကို အစိုးရက နှုတ်ဆိတ်နေတဲ့အပေါ် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး၊ လောလောဆယ် လေးယောက် ဖမ်းဆီးခံထားရပါတယ်။
2020-10-19
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲ ဝင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် လိုက်ပါတယ်။
2020-10-19
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်နဲ့ရှမ်းပြည်နယ်မှာ တစ်မြို့နယ်လုံး ရွေးကောက်ပွဲ မကျင်းပတော့မယ့် မြို့နယ် ၁၅ မြို့နယ်နဲ့ ကချင်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတို့က ဖျက်သိမ်းလိုက်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု ၅၀၀ ကျော်တို့မှာ မဲပေးခွင့်ဆုံးရှုံးသွားသူ ၁၃သိန်းကျော် ရှိနေပါတယ်။
2020-10-19
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့ရဲ့ တိုက်ပွဲတွေ ရပ်တန့်သွားလို့ စစ်ဘေးဒုက္ခသည်ရွာသားတွေဟာ သူတို့နေရပ်ကို အသီးသီး ပြန်ကုန်ကြပါပြီ။
2020-10-19
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြို့နယ်တချို့မှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ကြေညာခဲ့ တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှာကို စိုးရိမ်ရတဲ့အတွက် ပြန်လည်သုံးသပ် ပေးဖို့ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ကအောက်တိုဘာ ၁၈ မနေ့က ရက်စွဲနဲ့ စာပေးပို့ပြီး တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
2020-10-19
မော်လမြိင်မြို့ဟာ မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးမြို့ဖြစ်နေပြီး အာဏာပိုင်တို့ကလည်း ကူးစက်မှု လျှော့ချဟန့်တားနိုင်ဖို့အတွက် အသွားအလာ ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးအတွက် နေအိမ်အပြင်ထွက်ပြီး အလုပ်လုပ်နေကြရသူတွေ အများအပြားရှိနေပါတယ်။