သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-24
အမျိုးသားစာဆိုကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၉ ကြိမ်မြောက်မွေးနေ့ အထိမ်းအမှတ်ကို ရွှေတိဂုံဘုရားတောင်ဘက်မုဒ် မှာရှိတဲ့ ဆရာကြီးရဲ့ ဂူဗိမာန်မှာ မတ်လ ၂၁ ရက်ကနေ ဒီကနေ့ မတ်လ ၂၃ ရက် နေ့အထိ ကျင်းပခဲ့ပါတယ်။
2015-03-24
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ဖို့အတွက် ရန်ကုန်မြို့မှာ ခြောက်ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်
2015-03-24
မန္တလေးမြို့မှာ လျှပ်စစ်မီတာခ တိုးမြင့်ကောက်ခံတဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ၂ ဦးနဲ့၊ ကူညီသူ ၂ ဦးကို တရားမဝင် စီတန်းလှည့် လည်မှု ပုဒ်မ (၁၈) နဲ့ အမြင့်ဆုံးထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2015-03-24
ရေအရင်းအမြစ်ဆိုင်ရာ ဓာတ်ပုံအနုပညာ ပြပွဲတခုကို ကယားပြည်နယ်လွိုင်ကော်မြို့မှာ နှစ်ရက်ကြာ ပြသခဲ့ပါတယ်။
2015-03-24
ကျောင်းသားသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်မြို့ အင်းယားကန်ဘောင် မှာ မတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-03-24
ကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အပေါ် ကန့်ကွက် ဆန္ဒပြပွဲကို မတ်လ ၂၁ ရက်နေ့က မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။
2015-03-24
ကရင်ပြည်နယ် ဘားအံမြို့မှာ သိမ်းယူခံ ထားရတဲ့ လယ်ယာမြေဧက ငါးသောင်းကျော် ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်း ဆိုရာ မှာ ပါဝင်သူ ၁၃ ဦးကို တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈နဲ့ ဘားအံမြို့နယ် မြို့မရဲစခန်းက တရားစွဲလိုက် ပါတယ်။
2015-03-24
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ လွတ်မြောက်ဖို့အတွက် မွတ်စလင် လူငယ်များကွန်ရက်က ရန်ကုန်မြို့မှာ မနေ့မနက်က ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-03-23
လက်ရှိဖမ်းဆီးခံထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ လက်ပံတန်း အကြမ်းဖက် ဖြိုခွဲမှုမှာ ထပ်မံဖမ်းဆီးခံလိုက်ရသူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့ ပူးပေါင်းပြီး ဓါတ်ပုံကမ်ပိန်းတွေ၊ လက်ဝါးကမ်ပိန်းတွေ ပြုလုပ်ကြ မှာဖြစ်ပါတယ်။
2015-03-23
အစိုးရက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတော့မယ်လို့ ကြေညာထားတာကို ပြန်ရုပ်သိမ်းပေးဖို့အတွက် ပြီးခဲ့တဲ့နှစ် မတ်လက မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့သူ ၂ ဦးနဲ့ လာရောက်အားပေးသူ ၂ ဦး၊ စုစုပေါင်း ၄ဦးကို ချမ်းအေးသာစံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပါတယ်။
2015-03-23
မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းကြားမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်နေတဲ့ အဖွဲ့အစည်း အုပ်စုတွေရှိနေကြောင်း အစီရင်ခံစာ တစ်စောင်ကို Justice Trust အဖွဲ့က ထုတ်ပြန်လိုက် ပြီး ဒီကနေ့မနက်က ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များအသင်းမှာ သတင်းစာရှင်း ပွဲပြုလုပ်ခဲ့ပါတယ်။
2015-03-23
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပနိုင်အောင် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF မဟာမိတ်ပါတီတွေက တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကို တိုက်တွန်း လိုက်ပါတယ်။
2015-03-23
ဒီနေ့ကျရောက်တဲ့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ၁၃၉ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံအနီးက ဆရာကြီးရဲ့ ဂူဗိမာန်မှာ မိသားစု ဝင်တွေနဲ့ ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကျင်းပ ခဲ့ပါတယ်။
2015-03-23
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရတဲ့ တရားမဝင် သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား တစ်ရာကျော်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် သူတို့ရဲ့ မိသားစုဝင်တွေက တရုတ်နဲ့ မြန်မာနိုင်ငံနယ်စပ် ထိန်ချုံးမြို့ မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-03-23
ရန်ကုန်မြို့ သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော် လမ်းမှာရှိတဲ့ ဝန်ကြီးများရုံးဟောင်း (အတွင်းဝန်ရုံး)မှာ ပြီးခဲ့တဲ့မတ်လ ၂၁ ရက်နေ့ညက မွေးနေ့ပါတီပွဲကျင်းပခဲ့တဲ့အတွက် ပြစ် တင်ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။