သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-23
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာရှိတဲ့ တွံတေး၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်တွေက မြေဧက သုံးသောင်းပေါ်မှာ ရန်ကုန်မြို့သစ် စီမံကိန်းအကောင် အထည်ဖော်ဖို့ ကုမ္ပဏီကြီးသုံးခုက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဗုဒ္ဓဟူးနေ့က တင်ဒါတင်သွင်းခဲ့ပါတယ်။
2015-09-23
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဟာ ကယားပြည် နယ် ဖားဆောင်းမြို့နယ်က မော်ချီးသတ္တုတွင်းကို မနေ့က အထူးရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပြီး တောင်ပေါ်ရပ်ကွက် မှာရှိတဲ့ မော်ချီးသတ္တုတွင်း ရုံးခန်းမမှာ ဒေသခံတွေနဲ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2015-09-23
မဲစာရင်းတွေ သွားရောက်ကြည့်ရှုကြဖို့နဲ့ မဲပေးဖို့ အသိပညာပေးလက်ကမ်း စာစောင်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေက ဧရာဝတီတိုင်းဒေ သကြီး ဓနုဖြူ၊ ဇလွန်၊ ဟသာၤတ၊ လေးမျက်နှာမြို့နယ်တွေမှာ ဒီနေ့ လိုက်လံဖြန့်ဝေပြီး တိုက်တွန်းနှိုးဆော်နေပါတယ်။
2015-09-23
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သရက်တောကျေးရွာက အလယ် တန်းကျောင်းမှာ ကျောင်းသား ကျောင်းသူ ၁ဝဝ ကျော် ဒီနေ့ ရေအဆိပ်သင့်ပြီး မူးဝေအော့အန်နေ တာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
2015-09-23
လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် သက်သေခံလက်မှတ် ရရှိထားသူအားလုံး မဲပေးခွင့် ရမှာဖြစ်သလို တပြိုင်နက်မှာ တခြားသူကိုယ်စား လိမ်လည် မဲပေးမယ့် သူတွေကို ဥပဒေအရအရေးယူသွား မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2015-09-23
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် က ကောင်းဝှက်ကျေးရွာမှာ မနေ့ည က ကျေးရွာတွေထဲကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2015-09-23
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီ ရုံးဆိုင်းဘုတ်နဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ မနေ့ညက ဖျက်ဆီးခံ လိုက်ရတယ်လို့ သိရပါတယ်။
2015-09-23
လူမျိုးခြား ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားထား သူတွေက တိုင်းပြည်ကိုချစ်ပါတယ် ဆိုပြီးပြောဆို လာရင် မယုံကြဖို့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မှာ ရွေးကောက်ပွဲဝင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ဒီနေ့ သူ့ရဲ့မဲဆွယ်စည်းရုံးဟောပြောပွဲမှာ ဒေသခံတွေကို ပြောလိုက်ပါတယ်။
2015-09-23
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ဒီနေ့ သာယာ ဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့်စစ်ဆေး တာ မရှိဘဲ ရုံးချိန်းပဲ သတ်မှတ်ပေးလိုက်ပါတယ်။
2015-09-23
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ အတွက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ယှဉ်ပြိုင်မယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ က ကိုသူရိန်ရွှေဟာ သူ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
2015-09-23
မဲပေးခွင့်ဆုံးရှုံးတာဟာ လူ့အခွင့်ရေး ချိူးဖောက်ခံရမှု တစ်ခုဖြစ်တယ်လို့ သင်္ဃန်းကျွန်းမဲဆန္ဒနယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိုနေဘုန်းလတ် က ပြောပါတယ်၊
2015-09-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးတဲ့ မိန့်ခွန်းကို မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီက နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ထုတ်လွှင့်ခဲ့ပါတယ်။
2015-09-23
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က သက္ကယ်ပြင်(သံ) ကျေးရွာမှာ ရေဘေးကြောင့် မဲစာရင်းကြည့်ရှုသူနည်းပါးနေပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း နားမလည်ကြသူ အများအပြားရှိနေကြပါတယ်။
2015-09-23
အမျုးိသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ထဲက ထန်းမနိုင်၊ ဝါးဘလောက်သောက်၊ သမင်ခြံကျေးရွာတွေကို ဒီနေ့ မနက်ကသွားရောက်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဟောပြောခဲ့ပါတယ်။
2015-09-23
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်၂ မဲဆန္ဒနယ်မြေထဲက ဝါးတစ်ရာကျေးရွာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေက စက်တင်ဘာလ ၂၂ရက်နေ့မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။