သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-05
အခုနှစ် နိုဝင်ဘာလောက်မှာ ကျင်းပဖွယ် ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို အဓိက ယှဉ်ပြိုင်ဖို့ အတွက် ပါတီ ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရက်တစ် မိတ်ဆွေ ပါတီများ အဖွဲ့က နေရာ ၄၀ နီးပါး ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
2011-07-05
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် မြန်မာ သံရုံး ဒုတိယ အကြီးအကဲ သံမှူးကြီး ဦးကျော်ဝင်း ဘက်ပြောင်းပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံလိုက်တဲ့ ကိစ္စကို မိမိတို့ တစုံတရာ မသိပါဘူးလို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
2011-07-05
ဒီမိုကရေစီနည်းလမ်းနဲ့အညီ ပြည်သူလူထုက အစိုးရတရပ်ကို ရွေးချယ်တင်မြှောက်တာမျိုးကို မိမိတို့အနေနဲ့ကြိုဆို ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
2011-07-05
ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြလို့ထောင်ချခံထားရတဲ့ ကိုထင်ကျော်ဟာ စစ်ကိုင်းတိုင်း ခနီ ္တးထောင် မှာ ကျန်းမာရေး မကောင်းတဲ့အတွက် ထောင်အာဏာပိုင်တွေက အပြင်ဆေးရုံ တက်ခွင့်ပြုလိုက်ပေမယ့် ဒေသခံ ရဲအရာရှိတွေရဲ့ အာဏာပြ အကြမ်းဖက် လုပ်ရပ်ကြောင့် ဆေးမကုရပဲ ထောင်ထဲ ပြန်သွားရတယ်လို့ သတင်း ရရှိပါတယ်။
2011-07-05
`ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကြား သွေးစည်း ညီညွတ်မှု ခိုင်မာဖို့ အတွက်ကတော့ အဖွဲ့ဝင်တွေ ကိုယ်တိုင်က ကြိုးစားရမှာ ဖြစ်ပါတယ်၊ ကိုယ်တိုင် ညီညွတ်ချင်တဲ့ ဆန္ဒ မရှိလို့ကတော့ ညီညွတ်ရေး တရား ဟောလည်းပဲ အချည်းနှီး ဖြစ်မှာပါ။ ...
2011-07-05
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံမှူး ဦးကျော်ဝင်း မနေ့က အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းလိုက်တဲ့ အပေါ် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) နဲ့ မြန်မာ မိသားစုတွေက ကြိုဆိုလိုက်ကြပါတယ်။
2011-07-05
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံဘုရားဖူး ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုဆိုတာ၊ မှတ်တမ်းယူတာတွေ မလုပ်ဖို့ နယ်ခံ ဘုရား ဂေါပကတွေကို ကြိုတင် သတိပေး တားမြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။
2011-07-04
အခု လကုန်ကစပြီး ဝန်ထမ်းတွေရဲ့ ပင်စင်လစာကို အစိုးရသစ်က တိုးပေးတော့မှာ ဖြစ်ပါတယ်။ အငြိမ်းစား ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး သက်သာအောင် တိုးပေးတာလို့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
2011-07-04
ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဦးသိန်းစိန် အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ခေါ်ဖို့ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ အဖွဲ့ ၉ ဖွဲ့ ပူးပေါင်းပြီး ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-07-04
ပုဂံမြို့ကို ဘုရားဖူး ထွက်ခွာသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေက ပုဂံ ညောင်ဦးလေဆိပ်မှာ ဒီကနေ့ မနက်ပိုင်းက ကြိုဆိုခဲ့ကြပါတယ်။
2011-07-04
ODA ခေါ် နိုင်ငံရပ်ခြား စီးပွားရေး အကူအညီတွေကို မြန်မာနိုင်ငံကို ပြန်လည်ပေးအပ်ဖို့ စဉ်းစားနေပြီလို့ ဂျပန်နိုင်ငံထုတ် ‘ယိုမီအူရီ’ သတင်းစာမှာ ဒီကနေ့ ရေးသားထားပါတယ်။
2011-07-04
မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ရဟန်းသံဃာတွေကို အာဏာပိုင်တွေ နှိပ်စက် ညှဉ်းပန်းပုံတွေအကြောင်း ရေးသားထားတဲ့ “သံတိုင်နောက်က မှတ်တမ်းများ” ဆိုတဲ့စာအုပ်ကို ပြည်ပအခြေစိုက် သာသနာဥသျှောင်အဖွဲ့ကြီးက ဒီရက်ပိုင်းအတွင်း ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။
2011-07-04
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၇ နာရီမှာ ပုဂံညောင်ဦးဒေသကို မန္တလေးလေကြောင်းနဲ့ ခရီးထွက်ခွာ သွားပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လံပို့ဆောင်သူ ဦးထင်ကျော်က ပြောပါတယ်။
2011-07-03
ဝါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်ပါတယ်။
2011-07-03
ဒေါ်လာဈေးကျဆင်းပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်မှု ဂယက်ကြောင့် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်း အများစု အရှုံးနဲ့ လည်ပတ်နေကြရတယ်လို့ သိရပါတယ်။