သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-23
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ မှာ သောကြာနေ့ ညပိုင်းက လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲ တာကြောင့် မြို့ခံ ၃ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
2016-01-23
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း နိုင်ငံသားတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေဟာ ဒေါ်လာ ၈၀၀ လောက် ရှိရာကနေ လက်ရှိအချိန်မှာ တစ်ဦး ပျမ်းမျှဝင်ငွေ ဒေါ်လာ ၁၃၀၀ လောက်အထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ တယ်လို့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောလိုက်ပါတယ်။
2016-01-23
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီး ရပ်ကွက် လေးခုက မြေဧက ၁၉ဝ နီးပါး မှာရှိတဲ့ နေအိမ် ၁၅ဝ ကျော်ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက နေထိုင်ခွင့် မပေးတော့ဘဲ ဒီနေ့ လူအင်အား တစ်ထောင်လောက်သုံးပြီး ခြံစည်းရိုးခတ်လိုက်ပါတယ်။
2016-01-23
ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေကနေပြီး တိုက်ရိုက်ရွေးချယ်နိုင်ဖို့ို အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကနေ တောင်းဆိုလိုက်ပါတယ်။
2016-01-23
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၅ မှာရှိတဲ့ Master Wang Feng Myanmar 1 ဇာထိုးပန်းထိုးစက်ရုံက အလုပ်သမား ၁၈ဝဝ လောက်ဟာ လုပ်ခလစာအပြည့်အဝ ရရှိရေးအတွက် စက်ရုံထဲမှာ ဆန္ဒပြနေကြပါတယ်။
2016-01-23
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ရဲ့အလံ ပုံစံကို ပြောင်းမပေးရင် ပါတီကို မတရားအသင်းအဖြစ် သတ်မှတ်မယ် လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က အကြောင်း ကြားခဲ့တာကြောင့် ပါတီရဲ့အလံပုံစံကို ပြောင်းလဲခဲ့ရတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။
2016-01-23
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အမှန်တကယ်ရရှိနိုင်ဖို့ ရည်ရွယ်ချက် နဲ့ ရှေ့နေ တစ်ရာကျော် တက်ရောက်တဲ့ ညီလာခံကနေ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းကို ဖွဲ့စည်းလိုက်ပါတယ်။
2016-01-23
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ အကျဉ်းထောင် အသီသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁ဝ၂ ဦးရှိတယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2016-01-23
မကြာသေးခင်က ရန်ကုန်မြို့ ပန်းဆိုးတန်းနဲ့ ကုန်သည်လမ်းထောင့်မှာ ဖွင့်လှစ်လိုက်တဲ့ Sky Net ရွှေသံလွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းပိုင် တဲ့ ရွှေဘဏ်အဆောက်အဦးဟာ မြန်မာနိုင်ငံ ရဲ့ ရှေးဟောင်းအဆောက်အဦးတွေကြားမှာ မသင့်တော်တဲ့ပုံစံနဲ့ ဆောက်လုပ်ထားတာကြောင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ပြန်လည်ပြင်ဆင်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2016-01-23
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ဘိန်းစိုက်ခင်းဧက ၂ ထောင်လောက်ကို ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ဝိုင်းမော်မြို့ခံ တစ်ထောင်ကျော်ဟာ လုံခြုံရေးလိုက်ပါပေးမယ့် ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ မနက်ဖြန်မှာ သွားရောက်ဖျက်ဆီးကြမှာ ဖြစ်ပါတယ်။
2016-01-23
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ အထိမ်းအမှတ်နဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေထဲက နိုင်ငံသားအကျဉ်းသား ၁ဝဝ ကျော်ကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။
2016-01-23
အပတ်စဉ် သောကြာနေ့တိုင်း RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ "မှတ်မှတ် သားသား စကားများ" အစီအစဉ်ဖြစ်ပါတယ် ။ မြန်မာ့နိုင်ငံရေး လောကထဲက လူပုဂ္ဂိုလ်တွေရဲ့ စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထား ပါတယ်။
2016-01-23
သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ အကျဉ်းထောင် အသီသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁ဝ၂ ယောက် ရှိတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၂ ယောက် ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ပြောပါတယ်။
2016-01-23
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု၊ အမှတ်-၃ ဒုက္ခသည်စခန်းက ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေကို စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် ၁ဝ မှာရှိတဲ့ လုံးချင်းအိမ်တွေမှာ ပြောင်းရွှေ့ နေရာချထားပေးပါတယ်။
2016-01-23
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ဖိနပ်နဲ့ တက်နင်းထားတဲ့ပုံကို အင်တာနက် Facebook မှာ မျှဝေခဲ့တယ်ဆိုပြီး တရားစွဲခံထားရတဲ့ ကချင်တိုင်းရင်းသား ပက်ထရစ် ခွန်ဂျာလီကို လှိုင်မြို့နယ်တရားရုံးက ဖန်နဝါရီလ ၂၂ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။