သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-23
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ (NLD) ရဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနေအိမ်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဒီဇင်ဘာလ ၂၂ ရက် မနေ့ နေ့လယ် ၂ နာရီခွဲခန့်မှာ ချိတ်ပိတ် သွားပါတယ်။
2021-12-23
ကချင်ပြည်နယ် ဗန်းမော်မြို့က တရားလွတ်တော် ရှေ့နေတစ်ဦးဟာ ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင်က ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
2021-12-23
စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီပိုင် ကျောက်စိမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဒီဇင်ဘာလ ၂၁ ရက် နေ့မှာပဲ ပေးအပ်လိုက်တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
2021-12-23
ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးမယ်ဟာ တပိုင်တနိုင်ဝင်ငွေရဖို့ အတွက် သူ့သားသမီးတွေနဲ့အတူ ရိုးရာခေါင်းပေါင်းချည်ထည်တွေ ရက်လုပ်နေပါတယ်။
2021-12-23
သတင်းမီဒီယာသမားတွေအနေနဲ့ အရင်အစိုးရအဖွဲ့ရဲ့ အမည်၊ ရာထူး၊ ဌာနနဲ့ အင်္ဂါစဉ်တွေအတိုင်း သုံးစွဲခြင်းမပြုဖို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက မနေ့က ထုတ်ပြန်ချက်ဟာ သတင်းမီဒီယာအပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့ သတင်းသမားတွေက ပြောပါတယ်။
2021-12-23
ရခိုင်ပြည်နယ် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦး ဒီဇင်ဘာ ၂၂ ရက် မနေ့ညမှာ အသတ်ခံလိုက်ရပါတယ်။
2021-12-22
လက်ရှိနွေဦးတော်လှန်ရေးအတွက် အလှူငွေကောက်ခံနေသူတွေ အဖွဲ့အစည်းတွေ ထဲမှာ ကိုယ်ကျိုးရှာသူတချို့ ရှိနေတယ်လို့ ပြည်တွင်းလှုပ်ရှားသူတချို့က ပြောပါ တယ်။ တပြိုင်နက်မှာ အလှူငွေရရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ပြည်တွင်းပြည်ပက ပေးပို့တဲ့ လှူဒါန်းငွေတွေ ကို ထိထိရောက်ရောက်သုံးစွဲဖို့လိုတယ်လို့ အလှူငွေ ကောက်ခံနေတဲ့ အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။
2021-12-22
မြေပြင်တိုက်ပွဲတွေမှာ တပ်သား ကျဆုံးမှုများလာတာနဲ့အမျှ စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်အသုံးပြုလာတော့မယ်လို့ လက်နက်ကိုင်တော်လှန်ရေးဆောင်ရွက်နေသူတွေက တွက်ဆထား ပါတယ်။ စစ်ကောင်စီဘက်ကလည်း "အကြမ်း ဖက်သောင်းကျန်းသူ တိုက်ဖျက်ရေး" အမည်တပ်ပြီး လိုအပ်တဲ့ အင်အားကို အသုံးပြုတိုက်ခိုက်သွားမယ်လို့ တုံ့ပြန် ပါတယ်။
2021-12-22
၂ဝ၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမား လေးသောင်းကျော် ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို အလုပ်ခန့်သူတွေရော အလုပ်သမားတွေကိုပါ ပြစ်ဒဏ်တွေ ပေးခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပေမဲ့ မြန်မာနိုင်ငံထဲကနေ ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်သူတွေ နေ့စဉ်ရှိနေဆဲ ဖြစ်ပါတယ်။
2021-12-22
ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကစလို့ ထိုင်းနိုင်ငံအတွင်း ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၄၄ဝဝ ကျော် ရှိနေတယ်လို့ ထိုင်းစစ်တပ်က မနေ့က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
2021-12-22
ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ကြတဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်က မြို့နယ် တချို့မှာတော့ နေအိမ်တွေ ဘုရားကျောင်းတွေ မရှိတော့သလို မြို့လူထုဟာလည်း စစ်ဘေးကနေ ထွက်ပြေးနေကြရပါတယ်။
2021-12-22
နေပြည်တော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးမင်းသူဟာ ရာဇသတ် ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးက ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-22
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒု-ရဲအုပ် ချယ်ရီထက်ရဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) အမှုနဲ့ပတ်သက်လို့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဒီနေ့ အမှုစစ်အရာရှိကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-22
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Vardhan Shringla ဟာ မြန်မာနိုင်ငံကို ဒီညနေပိုင်းက ရောက်ရှိလာပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် အိန္ဒိယက အဆင့်မြင့်တာဝန်ရှိသူတယောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ခရီးဖြစ်ပါတယ်။
2021-12-22
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် လိပ်ခြံရွာကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၂၁ ရက် မနေ့ ညနေပိုင်းက ဝင်ရောက်စီးနင်းတပ်စွဲခဲ့ပြီးနောက် ဈေးဆိုင်တွေကနေ ရွှေထည်နဲ့ ငွေသားတွေ ပျောက်ဆုံးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။