သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-03-17
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ စုံပြီး လူဦးရေ များတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိရပါမယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-03-16
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဧရာဝတီတိုင်း မအူပင်မြို့ကို ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်အဖြစ် လာရောက်ဖို့ မြို့ခံလူငယ် (၄၀)နီးပါးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ မနေ့မနက်က စုရုံးပြီး မေတ္တာရပ်ခံခဲ့ကြပါတယ်။
2012-03-16
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် တင်ပြတောင်းခံထားတဲ့ကိစ္စကို လွှတ်တော်နာယက ဦးခင်အောင်မြင့်က မနေ့က ပယ်ချလိုက်ပါတယ်။
2012-03-16
သတင်းမီဒီယာတွေအပေါ် သတ္တုတွင်းဝန်ကြီးဌာနက တုံ့ပြန်တာဟာ ခြိမ်းခြောက်မှုပါတဲ့ လုပ်ဆောင်မှု လုပ်လာတာဖြစ်တယ်လို့ မြန်မာဂျာနယ်လစ် ကွန်ယက်အဖွဲ့က သဘောထား ထုတ်ပြန်လိုက်ပါတယ်။
2012-03-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပုံငွေအတွက် ပန်းချီပြခန်းတစ်ခုကို ဗဟန်းမြို့နယ် မဟာစည်ရိပ်သာလမ်း တကောင်း အနုပညာပြခန်းမှာ ဒီနေ့ ဖွင့်လှစ်ပါတယ်။
2012-03-16
အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်ခ်မစ်ချဲဟာ မန္တလေးအင်န်အယ်လ်ဒီတိုင်းရုံးမှာ တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့နဲ့ ဒီနေ့မနက် ၈နာရီကစတင်ပြီး ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပါတယ်။
2012-03-16
ဘိုကလေးမြို့မှာ အကျဉ်းထောင်ဝတ်စုံ ဝတ်ဆင်ပြီး တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်နဲ့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကို အာဏာပိုင်တွေက ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးလိုက်ပါတယ်။
2012-03-16
မြန်မာ့နိုင်ငံမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာဖို့ တပ်မတော်သားတွေလည်း ပူးပေါင်းပါဝင်သင့်ကြောင်း ရန်ကုန် (ဝိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-03-15
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို အစိုးရက ရာဇဝတ် အကျဉ်းသားအနေနဲ့သာ အခုချိန်ထိ သတ်မှတ်ထားတာကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အေအေပီပီ အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
2012-03-15
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ထောင်တွင်းဖန်တီးမှု အနုပညာတွေကို ပထမဆုံး ခင်းကျင်းပြသတဲ့ ၂၀၁၂ Amnesty Prison Art Show နောက်ဆုံးနေ့ အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရေးဆွဲတဲ့ ပန်းချီပုံတူတွေ အများဆုံး ရောင်းချရခဲ့ကြောင်း သိရပါတယ်။
2012-03-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဝေးတော့တဲ့ ကာလအတွင်း ပြည်ပခရီးထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ဟောင်ကောင်တက္ကသိုလ်က ချီးမြှင့်တဲ့ ဥပဒေပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံတဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။
2012-03-15
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ အိုးအိမ် လယ်ယာ လုပ်ငန်းအဝဝကို ပစ်ထားခဲ့ရပြီး နေရပ်မှ ကိုယ်လွှတ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2012-03-15
မြန်မာအစိုးရက အတည်ပြုခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့် ဥပဒေမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံဖို့ပျက်ကွက်ရင် အပြစ်ပေး အရေးယူခံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ နိုင်ငံတကာ စံညွှန်းနဲ့ မကိုက်ညီသေးဘူးလို့ HRW ခေါ် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဝေဖန်လိုက်ပါတယ်။
2012-03-15
အမေရိကန်အစိုးရက ကချင်စစ်ပြေး ဒုက္ခသည်တွေကို အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ကူညီသွားမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲလ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-03-15
ပဲခူးတိုင်း ကဝမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) အထုံကျေးရွာအုပ်စုက ကျေးရွာတွေမှာ ခုချိန်ထိ မဲစာရင်းတွေ မကပ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။