သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-14
လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ စပယ်ပွင့် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2012-05-14
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျေးရွာ (၆) အုပ်စုက ရှားခဲအင်းကို မှီခိုလုပ်ကိုင်နေတဲ့ အင်းသူ အင်းသား (၁၀၀၀၀) ခန့်က ဒီအင်းကို သူတို့တွေ လုပ်ကိုင်စားသောက်ခွင့်ရဖို့ အခက်အခဲရှိတာကြောင့် အစိုးရထံကနေ သူတို့ကို လုပ်စားခွင့်ပြုဖို့ (၄) ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ပါတယ်။
2012-05-13
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ ချောင်းသာကျေးရွာက အိမ်ခြေ (၂၅၀) ကျော်ကို ကျေးရွာဥက္ကဋ္ဌ အပါအဝင် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေက အစိုးရပိုင်မြေပေါ် ကျူးကျော်နေတယ်ဆိုပြီး ၃ လအတွင်း ထွက်ခွာပေးဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။
2012-05-13
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်က သီးနှံစိုက်ပျိုးထားတဲ့ ခြံမြေဧက ၂၀ ခန့်ကို ဆက်သွယ်ရေး အာဏာပိုင်တွေက ဝင်ရောက် ဖျက်ဆီးနေတဲ့အတွက် ပိုင်ရှင်ဒေသခံပြည်သူ စိုက်ပျိုးထားဆဲ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးကုန်ပြီး၊ မြေယာမဲ့ဘ၀ ကို ရောက်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
2012-05-13
နိုင်ငံရေး အကျဉ်းသားဟောင်းများ ဦးစီးပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံ ခေါင်းစဉ်နဲ့ ဟောပြောပွဲတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံမှာ ဒီကနေ့ မနက်က ကျင်းပခဲ့ပါတယ်။
2012-05-13
သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရတဲ့ ဒလမြို့နယ်ကို ဒီကနေ့ ၈၈ မျိုးဆက်ကျောင်းသားတွေ သွားရောက်ခဲ့ပြီး သောက်သုံးရေ လှူဒါန်းခဲ့သလို ရေရရှိရေးအတွက် ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
2012-05-13
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြက်ပေါင်တိုက်နယ်က လယ်သမားတွေ စုပေါင်းပြီး လယ်သမားသမဂ္ဂ ဖွဲ့စည်းခဲ့တာကို နည်းဥပဒေ ပေါ်ထွက်လာခြင်း မရှိသေးတဲ့အတွက် ဆိုကာ မြို့နယ်အာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
2012-05-13
မန္တလေးတိုင်း အတွင်းက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံ ပြည်သူတွေအတွက် NLD ပါတီက အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်သွားဖို့ ရှိကြောင်း သိရပါတယ်။
2012-05-12
မြန်မာပြည်သားချင်း ရိုင်းပင်းကူညီစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရှိကြတဲ့ ပြည်သူ့ဂုဏ်ရည်အသင်း အဖွဲ့ဝင်တွေဟာ ပြည်တွင်းက လူမှုအထောက်အကူပြု လုပ်ငန်းတွေကို ကူညီပံပိုးဖို့ ရန်ပုံငွေရှာဖွေပွဲတွေကို အပတ်စဉ် ကျင်းပနေပါတယ်။
2012-05-12
မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေတာတွေကို လာမယ့် ဇွန်လ (၁၀) ရက်နေ့အထိ မရပ်တန့်ရင် အပစ်အခတ် ရပ်စဲထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအနေနဲ့ မြန်မာအစိုးရနဲ့ ပဏာမ သဘောတူထားတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကိုပြောပါတယ်။
2012-05-12
သီတင်းပတ် နှစ်ပတ်လောက် ကြာအောင် ပိတ်ထားခဲ့တဲ့ ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် ( ဒီကေဘီအေ ) က ပြန်ဖွင့်ပေးလိုက်ပြီလို့ ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။
2012-05-12
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို ဒီနေ့သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံဟောပြောခဲ့ပါတယ်။
2012-05-12
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဖောင်ဒေးရှင်းက ဒုတိယအကြိမ် ကူညီထောက်ပံ့ရေး အစီအစဉ်ကို ဒီကနေ့ ရန်ကုန်မြို့က တော်ဝင်နှင်းဆီခြံမှာ ပြုလုပ်ခဲ့ပါတယ်။
2012-05-12
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် သူတာဝန်ရှိတဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်က ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို ဒီကနေ့ လက်တွေ့ ကွင်းဆင်း လေ့လာခဲ့ပါတယ်။
2012-05-12
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ပေးဖို့နဲ့ မကြာခင်မှာ သံအမတ်အကြီးအဆင့် ပြန်ခန့်အပ်ဖို့ စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် အထူးကိုယ်စားလှယ် မစ္စတာ ပက်ထရစ် မာဖေး (Patrick Murphy) က ပြောလိုက်ပါတယ်။