သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-21
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နုတ်ထွက်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်သာ ရပ်တည်လိုကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ကို ဒီနေ့အကြောင်းကြားစာပေးပို့ လိုက်ပါတယ်။
2017-07-21
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆိုင်းဘုတ်တွေ ဖြုတ် သိမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြား လိုက်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတဦး က ပြောပါတယ်။
2017-07-21
ရခိုင်ပြည်နယ် မောင်တောမြို့ သုံးမိုင် စစ်ဆေးရေးဂိတ်မှာ ကာလတန် ဖိုး ငွေကျပ်သိန်း ၁၅၀၀ ဝန်းကျင်တန်ဖိုး ရှိတဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ၇၈၀၀၀ ကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
2017-07-21
ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ကြပ် စိုးမြင့်အောင်နဲ့ ဗဟန်းမြို့မရဲစခန်းက ဒုရဲမှူး အေးမင်းသိန်း တို့ကို "နိုင်ငံ သားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေ" ချိုးဖောက်မှုနဲ့ အရေးယူပေးဖို့ မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဦးတိုက်လျှောက် ထားတာကို မနေ့က ဗဟန်းမြို့နယ်တရားရုံးက ပယ်ချ လိုက်ပါတယ်။
2017-07-21
The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို တပ်မတော်က သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုလိုက် ပါတယ်။
2017-07-21
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မှာ မောင်းပြန်သေနတ် ၂၂ လက်ကို ဖမ်းဆီးရမိပြီး နောက်ဆက်တွဲ ကွင်း ဆက်တွေအရ ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ဖမ်းဆီးရမိထားတယ်လို့ လွိုင်ကော်မြို့မရဲစခန်းက ပြော ပါတယ်။
2017-07-21
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ နယ်မြေမတည်ငြိမ်လို့ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြသူ ၇၀၀ ထဲက ဒေသခံ ၃၀၀ ကျော်လောက်ဟာ သူတို့နေရပ်ဆီ ဒီကနေ့ပြန်သွားကြပြီဖြစ်ပါတယ်။
2017-07-20
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အခုလ ၁၃ ရက်နေ့က အမျိုးသားလွှတ်တော်ကို တင်သွင်းခဲ့ပြီး၊ အမျိုးသားလွှတ်တော်မှာ မကြာခင် ရက်ပိုင်းအတွင်း ဆွေးနွေးကြတော့မှာပါ။
2017-07-20
ဧရာဝတီတိုင်းအတွင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းမကြီးပေါ်မှာ စည်ပင်သာယာရေး အဖွဲ့တွေက မြို့ဝင်ကြေး ကောက်ခံနေတာဟာ ဥပဒေနဲ့မညီဘူးလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောလိုက်ပါတယ်။
2017-07-20
အမျိုးသားလွှတ်တော် စိုက်ပျိုးရေး- မွေးမြူရေးနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးရာမှာ ခေတ်နဲ့မလျော်ညီတော့တဲ့ ငါးလုပ်ငန်းဥပဒေ ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
2017-07-20
ဒု-သမ္မတဦးမြင့်ဆွေ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အစည်းအဝေးကို ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရုံးမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-07-20
ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌနေရာကို ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းနဲ့ အပြိုင်ဝင်ရောက်ရွေးချယ်ခံခဲ့တယ်ဆိုပြီး ရခိုင် အမျိုးသားပါတီ ANP ပါတီကနေ ထုတ်ပယ်လိုက် ပါတယ်။ အဲဒီလို ရခိုင်ပြည်နယ် လွှတ်တေ်ာဒုတိယ ဥက္ကဌ ဦးဦးမြသန်းကတော့ ထုတ်ပယ်ခံရတာကို သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
2017-07-20
ပြီးခဲ့တဲ့ ဇွန်လဆန်းက ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တနိုင်းနယ်က ရွှေနဲ့ပယင်းမှော်တွေကို ဒေသအာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။ အလုပ်လုပ်နေသူတွေကို လည်းနေရပ်ပြန်ခိုင်းခဲ့ပါတယ်။
2017-07-20
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပဖို့ စီစဉ်ထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော် မတီ CSSU အစည်းအဝေးကို ပိတ်ပင်ပေးဖို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ခင်ဇော်က တောင်းဆိုတဲ့ အတွက် ထိုင်းအာဏာပိုင်တွေက အစည်းအဝေးမကျင်းပဖို့ တားဆီးခဲ့တယ်လို့ သိရပါတယ်။
2017-07-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်တက္က သိုလ်ကို သွားရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှာ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့အတူ ရန်ကုန်တက္ကသိုလ်က ပါမောက္ခချုပ်အပါဝင် တက္ကသိုလ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။