သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-20
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ရာရောက်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာ ရှစ်သိန်း လောက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်ဟာ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ လေးနှစ် ပြည့်မှာဖြစ်ပေမယ့် အမေရိကန်နိုင်ငံက ဒီတိုက်ခိုက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်တာ မရှိ သေးဘူးလို့ Refugee International အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2021-08-20
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစလို့ အခုချိန်ထိ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေထဲမှာ လူသိများ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်း သားတွေအပါအဝင် Covid-19 ကူးစက်ခံထားရသူ အကျဉ်းသား ၆၀၀ ကျော် ရှိနေပြီး အဲဒီထဲမှာ နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ ပညာရှင်တချို့ ထောင်ထဲမှာပဲ အသက်ဆုံးခဲ့ရပါတယ်။
2021-08-20
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မရဲစခန်းက ရဲတပ်ကြပ် ဝင်းမင်းသန့် က ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့မှာ အာဏာဖီဆန်ရေး CDM လုပ်ဆောင်သွားတဲ့အတွက် ရွာသာယာကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် သူ့ရဲ့ မိဘနှစ်ဦးကို စစ်ကောင်စီက နေအိမ်ကို လာရောက်ဖမ်းဆီးသွားတယ်လို့ ရွာသာယာကျေးရွာက ဒေသခံတွေက ပြောပါတယ်။
2021-08-20
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာ ကောဝိသရာမ ဘုန်းတော် ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က သတ်ဖြတ်ခံရတဲ့ကိစ္စဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။
2021-08-20
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲမှာ သြဂုတ်လ ၂၀ ရက် ဒီနေ့ နေ့လယ် တစ်နာရီက မြို့လယ်မှာရှိတဲ့ ရဲစခန်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က လာရောက်တိုက်ခိုက်ရာမှာ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-20
တစ်မိသားစုတည်းကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် NLD ပါတီဝင်တွေ ဖြစ်ကြတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး၊ မိုးညှင်းမြို့နယ် NLD ပါတီဝင် ဒေါ်ခင်ခင်စိန်၊ မိုးညှင်းမြို့နယ် ကိုယ်စားပြု ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း တို့ သုံးဦးစလုံး ရှေ့ဆင့် နောက်ဆင့် အဖမ်းခံထား ရတယ်လို့ ဖခင်ဖြစ်သူ ဦးဖေစိန်က RFA ကို ပြောပါတယ်။
2021-08-20
မန္တလေးတိုင်း မိတ္ထီလာမြို့ အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့က အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား ကိုရိန်မိုးထူးဟာ လွတ်မြောက်နယ်မြေတစ်ခုမှာ ငှက်ဖျားရောဂါနဲ့ သြဂုတ်လ ၁၉ ရက်နေ့က ကယ်လွန်သွားတာနဲ့ ပတ်သက်လို့ မိသားစုက ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ခံနေရတယ်လို့ မိတ္ထီလာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့က ပြောပါတယ်။
2021-08-20
စစ်တပ်က အာဏာသိမ်းပြီး တစ်လကျော်အကြာ မတ်လ ၁၇ ရက်နေ့က စစ်ကိုင်း တိုင်း၊ ကလေးမြို့ပေါ်က တာဟန်းရပ်ကွက်ထဲမှာ စစ်အာဏာရှင်ကို ဆန္ဒပြရင်း ပစ်ခတ်ခံရတာကြောင့် ချင်းလူမျိုး ဒုတိယနှစ်ကျောင်းသား ကိုပေါင်မင်းလွန် ခြေထောက်ကို ကျည်ဆံထိမှန်ပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အထိ ပြန်မလွှတ်သေးဘဲ ကလေးမြို့အကျဉ်းထောင် ထဲမှာ ဖမ်းဆီးထားသလို မိသားစုကလည်း တွေ့ခွင့်မရပါဘူး။
2021-08-20
အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) နဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) တို့ရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ ပတ်သက်လို့ လာမယ့် ဩဂုတ်လ ၂၃ ရက် တနင်္လာနေ့မှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲက ဥတ္တရခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှာ အသီးသီးစစ်ဆေးသွားမယ်လို့ စစ်ဆေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဩဂုတ်လ ၁၈ ရက်မှာ ကြေညာလိုက် ပါတယ်။
2021-08-20
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ရပ်စဲနေတဲ့ကာလအတွင်းမှာ AA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ ယန္တရားတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း AA ရဲ့ တော်လှန်ရေးကဏ္ဍဟာ အခုအချိန်မှာ ၇၅ ရာခိုင်နှုန်း အထိ ခရီးရောက်နေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2021-08-20
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံးအထိမ်းအမှတ်နေ့အဖြစ် ထောင်တွင်း ဆန္ဒပြတောင်းဆိုမှုမှာ ရိုက်နှက်ခံရတာကြောင့် အကျဉ်းသား သုံးဦး ဆေးရုံတက်ကုသနေရပြီး နောက်ထပ် ၃၇ ဦးကတော့ နှစ်ပတ်တာ တိုက်ပိတ်ဒဏ်ခံနေရတယ်လို့ အိုးဘိုထောင်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2021-08-20
တရုတ်အစိုးရက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအရဆိုပြီး ပြည်တွင်း စီမံကိန်း ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၆ သန်းကျော် ကူညီပေးတဲ့လုပ်ရပ်ဟာ စစ်ကောင်စီကို အာဏာဆက်လက်တည်မြဲရေးအတွက် ထောက်ပံ့ပေးသလို ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ထောက်ပြဝေဖန်လိုက်ပါတယ်။
2021-08-20
တရုတ်နိုင်ငံအတွင်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်မရှိဘဲ နေရပ်ပြန်ဖို့ခက်ခဲနေတဲ့ မြန်မာနိုင်ငံသား ၃၀၀ လောက်က သူတို့နေရပ်ပြန်ခွင့်ရအောင် စီစဉ်ပေးဖို့ သြဂုတ်လ ၁၉ ရက် မနေ့ညပိုင်းက ရွှေလီမြို့၊ တာဆိုင်းကိုင်း၊ ရဲစခန်းရှေ့မှာ စုဝေးတောင်းဆိုခဲ့ရာမှာ အာဏာပိုင်တွေရဲ့ ရိုက်နှက်မောင်းထုတ်ခံခဲ့ကြရတယ်လို့ စုဝေးတောင်းဆို ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေက RFA ကို ပြောပါတယ်။
2021-08-20
မန္တလေးတိုင်း တောင်သာမြို့နယ်၊ စံဦးရွာကို ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက် ၄ နာရီလောက်က စစ်ကောင်စီ တပ်အင်အား ၁၀၀ လောက် ရောက်ရှိလာပြီး ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ) အများပြည်သူ အကျိူးပျက်စီးစေမှု နဲ့ အမှုဖွင့်ထား သူကို ဖမ်းဆီးဖို့ ကြိုးစားရာမှာ ရှာမတွေ့လို့ဆိုပြီး မိသားစုဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ လေးဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ စံဦးရွာက ဒေသခံတွေက ပြောပါတယ်။
2021-08-19
စစ်ကောင်စီတပ်က ဘာသာရေးအဆောက်အဦးတွေကို စစ်ရေးအတွက် အသုံးပြု နေတာဟာ နောင်မှာ နိုင်ငံရေးပြဿနာထက် ပိုမိုကြီးမားတဲ့ ဘာသာရေး ပဋိပက္ခ အသွင် ဆောင်လာနိုင်တယ်လို့ ချင်းပြည်နယ် ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က ဩဂုတ်လ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။