သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာက ကိုစည်သူအောင် ဆိုသူဟာ AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခံထားရာကနေ သွေးအန်ပြီး စိုးရိမ်ရတဲ့အခြေအနေကြောင့် စစ်တွေထောင်အချုပ်ကနေ စစ်တွေဆေးရုံမှာ ဒုတိယအကြိမ် ဆေးကုသခံယူနေရပါတယ်။
2019-09-17
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်း သတ်မှတ်ချက်ကို ပြင်ဖို့ တပ်မတော်က ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2019-09-16
မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေရှိနေပေမယ့် “ရွှေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် GCM” ကို လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2019-09-16
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ညှဉ်းပန်းခံရမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2019-09-16
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာ ခြောက်သိန်းကျော်ဟာ ဖွဲ့စည်းပုံအရ ဖိနှိပ်ချုပ်ချယ်မှုတွေ ကြုံနေရတာကြောင့် လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင် FFM က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-09-16
ရွှေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် GCM ကို မြန်မာနိုင်ငံအနေနဲ့ သဘောတူကြောင်း မဲပေးခဲ့တာသာဖြစ်ပြီး လက်မှတ်ရေးထိုးခဲ့ခြင်းမရှိကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။
2019-09-16
လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တင်သွင်းမယ်လို့ ဗိုလ်မှူးချုပ် မောင်မောင်က RFA ကို ပြောပါတယ်။
2019-09-16
မြဝတီမြို့မှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်နေထိုင်လာတာများလာပြီး မင်းမဲ့စရိုက်ဆန်ဆန် မူးယစ်ရမ်းကားတာတွေရှိနေတာကြောင့် ဥပဒေမဲ့နေထိုင်သူတွေကို စာရင်းပြုစုဖို့ မြဝတီအခြေစိုက် အရပ်ဘက်ကော်မတီဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2019-09-16
ချင်းပြည်နယ်၊ ဟားခါးမြို့က ရှုခင်းသာမှာ ပြည်နယ်အစိုးရနဲ့ လွှတ်တော်တို့က ပူးပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမယ်ဆိုတဲ့ သတင်းရထားတဲ့အပေါ် ကန့်ကွက်ကြောင်း ချင်းလူငယ်ကွန်ရက်က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2019-09-16
မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ အခြေအနေကနေ၊ အခုဆိုရင် တရုတ်နယ်စပ် မူဆယ်မြို့လယ်မှာ ပြည့်တန်ဆာလုပ်ငန်းအတွက် အမျိုးသမီးတွေ အလိုရှိကြောင်း ပေါ်ပေါ်ထင်ထင် ကြော်ငြာလာတဲ့ အခြေအနေအထိ ရောက်ရှိလာပြီဖြစ်ပါတယ်။
2019-09-16
မြန်မာနိုင်ငံမှာလည်း စစ်မက်ဒေသက ကလေးတွေနဲ့ စီးပွားရေးမပြေလည်တဲ့ မိဘတွေက ပေါက်ဖွားလာတဲ့ ကလေးတွေ ကျောင်းမနေနိုင်တဲ့အပြင် ကလေးလုပ်သားတွေလည်း ဖြစ်နေရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2019-09-15
ဒီမိုကရေစီဖော်ဆောင်ရာမှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့ အရေးကြီးပြီး လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီဖြစ်လို့ မရကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ကိုယ်စားလှယ်က ဒီနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား စာတမ်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
2019-09-15
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့ အရေးကြီးပြီး လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီမျိုး ဖြစ်လို့မရကြောင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ တပ်မတော်သား ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
2019-09-15
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ တောင်ရိုးစေတီရဲ့အနောက်ဘက် တောင်တန်းနေရာတွေကို ဒီကနေ့ ညနေပိုင်းမှာ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်ခဲ့သလို မြေပြင်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ နမ့်ဆန်ဒေသခံတွေက ပြောပါတယ်။
2019-09-15
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြကျေးရွာမှာ မနေ့ညက အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်လို့ စစ်သားဟောင်း တစ်ယောက် သေဆုံးခဲ့ပါတယ်။