သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-08
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး ဝင်ရောက် စစ်ဆေးသင့်တယ်လို့ လူထု အခြေပြု အဖွဲ့အစည်းတွေက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒီကနေ့ တင်ပြခဲ့ကြပါတယ်။
2011-06-08
၂၀၀၇ ခုနှစ် အစပိုင်း ကတည်းက အိုင်အယ်လ်အို ရုံးခွဲက လက်ခံ ရရှိတဲ့ အဓမ္မလုပ်အားပေး ခိုင်းစေခံရမှု တိုင်ကြားမှုပေါင်း ၇၅၀ ခန့်လက်ခံရရှိခဲ့ပြီး အဲဒီအထဲမှာ တိုင်ကြားမှု ၆၀၀ နီးပါးက အသက်မပြည့်သူ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတဲ့ တိုင်ကြားမှုတွေ ဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် အိုင်အယ်လ်အိုရုံးခွဲက မနေ့က ပြောပါတယ်။
2011-06-08
ဒေါ်အောင်ဆန်းစုကြည် မကြာခင် စတင်တော့မယ့် နယ်ခရီးစဉ်မှာ လုံခြုံရေးဟာ အဓိက သော့ချက်ဖြစ်တဲ့ အတွက် သူမအနေနဲ့ အထူး သတိထားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးယာယီ တာဝန်ခံ ဟောင်း Priscilla Clapp က မနေ့က သတိပေး ပြောကြားလိုက်ပါတယ်။
2011-06-07
ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ချုပ်က သူတို့ ထိမ်းချုပ်ရာ လိုင်ဇာ ၊ မိုင်ဂျာယန်နဲ့ အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာ မြန်မာအစိုးရ ထုတ်ပေးတဲ့ မှတ်ပုံတင်ကဒ် မရှိသူတွေကို ကေအိုင်အို အသိအမှတ်ပြု မှတ်ပုံတင် သဘောမျိုး သက်သေခံ အီးကဒ်ပြားတွေ အခု နှစ်ဆန်းပိုင်းက စတင်ပြီး ထုတ်ပေးနေတယ်လို့ သိရပါတယ်။
2011-06-07
ဧရာဝတီတိုင်း ကျုံပျော်မြို့ရဲ့ ၅ မိုင်လောက် အကွာမှ ာရှိတဲ့ ဇရစ်ရိုး ကျေးရွာ အုပ်စုမှာ ဆေးပေးခန်း တခု ဆောက်လုပ်ဖို့နဲ့ အလယ်တန်း ကျောင်းရံပုံငွေ အတွက်ဆိုပြီး ကျေးရွာ အုပ်စု အုပ်ချူပ်ရေးမှုးကနေ ပြီးခဲ့တဲ့နှစ် မိုးရာသီ စပါးစိုက်ပျိုးချိန် ကာလမှာ တောင်သူ လယ်သမားတွေကို ထုတ်ချေးပေးတဲ့ စိုက်ပျိုး စားရိတ် ချေးငွေတွေထဲကနေ အသီးသီး ဖြတ်ယူခဲ့တယ်လို့ ဇရစ်ရိုး ကျေးရွာမှာ နေထိုင်တဲ့ တောင်သူ တစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။
2011-06-07
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် ဇွန်လ ၁၅ ရက်နေ့က စတင် အသစ် ဖွင့်လှစ်ပေးမယ့် အလုပ်သမား လက်မှတ် အစီအစဉ်နဲ့ ပတ်သက်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ILO အရာရှိများ NGOs များ၊ ရွှေ့ပြောင်း အလုပ်သမား အရေး လုပ်ဆောင်နေကြတဲ့ လူထု အခြေပြု အဖွဲ့အစည်းများ ပါဝင်တဲ့ လုပ်ငန်းစဉ် ရှင်းလင်းပွဲ တခုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2011-06-07
သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံ တချို့က ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှား အုံကြွမှု အခြေအနေတွေကို နားလည် သိရှိပြီး ကဏ္ဍ အလိုက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာနေဇင်လတ်က ပြောပါတယ်။
2011-06-07
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ တားဆီး ပိတ်ဆို့မှု အပေါ် NLD ပါတီရဲ့ သဘောထားကို ဂျာမဏီနိုင်ငံက လူ့အခွင့်အရေး၊ မူဝါဒနဲ့လူသားခြင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကော်မရှင်နာ ကို ဆွေးနွေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2011-06-07
ကနေဒါနိုင်ငံ Quebec ပြည်နယ်က The City of Saint-Luc လူ့အခွင့်အရေး ဆုကို ဒီနှစ် အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ပေးအပ် လိုက်ပါတယ်။
2011-06-07
မကြာမီ စတင်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေး အစီအစဉ်အတွက် အာဏာပိုင်တွေကို ကြိုတင် အသိပေးဖို့ ရည်ရွယ်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးက RFA ကို ပြောပါတယ်။
2011-06-06
ပဲခူးမြို့ စွန်ရှိ ဟင်္သာကုန်း ကမာနတ် ရွာအနီးရှိ Cap 1 ဦးထုပ်စက်ရုံက အလုပ်သမ ၅၀ကျော် အလုပ်ခွင်ကနေ ဇွန်လ ၆ ရက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ပုံစံနဲ့ ထွက်ခွာလာတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-06-06
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ် ထိန်းချုပ်ဖို့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အသုံးချနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-06-06
လူငယ်ကွန်ရက်အဖွဲ့က ရန်ကုန်မြို့ ဗေဒါကျောင်းမှာ ဖွင့်ဖို့ စီစဉ်ထားတဲ့ နိုင်ငံရေး စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ သင်တန်းမှာ သင်တန်းပေးမဲ့ ဆရာတွေ ဖြစ်တဲ့ ဒေါက်တာ ကျော်ရင်လှိုင်တို့ အဖွဲ့ကို အာဏာပိုင်တွေက အကြီးအကျယ် ဖိအားပေးတဲ့အတွက် အစီအစဉ် ဖျက်သိမ်းလိုက်ရတယ်လို့ သိရှိရပါတယ်။
2011-06-06
၂၀၁၁ ခုနှစ်အတွက် မြန်မာစာပေ ဟောပြောပွဲတရပ်ကို တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့၊ ဘို့ဆာဂိုလ် သဘင် ခန်းမမှာ ဇွန်လ ၅ ရက် မနေ့က ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံက ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ ဖြစ်ကြတဲ့ စာရေးဆရာ ဖေမြင့်နဲ့ ကာတွန်းဆရာ အော်ပီကျယ်တို့က ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
2011-06-06
ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သဘာoပတ်ဝန်းကျင်နေ့ကို ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရွေပြောင်း အလုပ်သမား ကလေးငယ်တွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်း ၅ ကျောင်း စုပေါင်းပြီး ကျင်းပခဲ့ပါတယ်။