သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-20
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖဲ့ွဝင်တွေဟာ လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ နေပြည်တော် မှာ တေ့ွဆုံသွားမယ်လို့ သိရပါတယ်။
2014-11-20
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အတွက် ကေအိုင်အိုဗဟိုဌာနချုပ်နဲ့ နီးကပ်တဲ့ ခရာဘွမ်တောင်ကြောတလျှောက်မှာရှိတဲ့ အစိုးရတပ်တွေနဲ့ လက်နက်ကြီးတွေကို ဖယ်ရှားပေးဖို့ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ဗဟိုကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2014-11-20
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အတည်ပြုရေးအ တွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ သွားမှာဖြစ်ပြီး အဲဒီ့အတွက် ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
2014-11-20
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သံဃာထုတွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည် ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ သံဃာတွေရဲ့ လက်မှတ်တွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆရာတော်တချို့က ကောက် ယူနေပြီ ဖြစ်ပါတယ်။
2014-11-20
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် သာသနာရေးဦးစီးဌာနက သာသနာညှိုးနွမ်းစေမှုနဲ့ ချောင်းဦး မြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲလိုက်ပါတယ်။
2014-11-20
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ “ဦးမြငါးစင်လှေဆိပ်” ကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲ့ ဆိပ်ခံတံတားစီမံကိန်း နယ်မြေထဲမှာပါတယ်ဆိုပြီး ပိတ်လိုက်တာကြောင့် လှိုင်မြစ်တဘက်ကမ်းကို ကူးပြီး ကျောင်းတက်ရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေက လှေဆိပ် ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြ ပါတယ်။
2014-11-20
ဒီလ နိုဝင်ဘာ ၁၈-ရက်နေ့က ထုတ်ဝေတဲ့ အစိုးရသတင်းစာတွေမှာ… အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြ တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အများပြည်သူသိရှိအောင် ဆိုပြီး၊ ပညာရေးဥပဒေနဲ့ ပတ်သက်လို့ ရှင်းပြထား ပါတယ်။
2014-11-20
Asian Human Rights Commission (AHRC) လို့ခေါ်တဲ့ “အာရှလူ့အခွင့်အရေးကော်မရှင်” ရဲ့ ညီလာခံကို ဟောင်ကောင်မြို့မှာ ကျင်းပနေပါတယ်။
2014-11-20
ပြန်ကြားရေးဝန်ကြီးဌာနကို အသရေဖျက်တယ်ဆိုပြီး Eleven Media Group အပေါ် တရားစွဲထားတဲ့အမှုကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
2014-11-20
စစ်တွေမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က ဒေသခံ ကဗျာဆရာတွေနဲ့ ကဗျာချစ်သူတွေသူစုပေါင်းပြီး ခေတ်ပေါ်မော်ဒန်ကဗျာ ရွတ်ဆိုပွဲကို ကျင်းပခဲ့ကြပါတယ်။
2014-11-20
UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်မှာ တရုတ်နိုင်ငံလုပ် အနီအောက်ရောင်ခြည်သုံး FN-6 ပခုံးထမ်းလေယာဉ် ပစ်ဒုံးကျည်တွေ ပိုင်ဆိုင်နေပြီလို့ ဂျိမ်းစ် စစ်ရေး မဂ္ဂဇင်းက ဖော်ပြပါတယ်
2014-11-20
ထိုင်းငါးဖမ်းလှေတွေပေါ် မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လူကုန်ကူးခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူကုန်ကူးခံရသူတွေအတွက် ကူညီဆောင် ရွက် ပေးနေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ အပါအဝင် ထိုင်းအစိုးရ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလမြို့မှာ ဆွေးနွေး ပွဲတစ်ခု ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2014-11-19
ကေအိုင်အို ဌာနချုပ် အနီးရှိ ဗိုလ်လောင်း သင်တန်းကျောင်းကို အစိုးရတပ်က မနေ့ကလက်နက်ကြီးနဲ့ ပစ်ခတ် လို့ ကေအိုင်အို ဗိုလ်လောင်း ၂၀ ကျော်သေဆုံးသွားခဲ့ရာမှာ၊ အဲ့ဒီမှာသင်တန်းတက်နေတဲ့ ABSDF မြောက်ပိုင်းကျောင်း သားတပ်မတော်အဖွဲ့ က ၂ ယောက်လည်း ပါဝင်တယ်လို့ သတင်းရရှိ ပါတယ်။
2014-11-19
ပြန်ကြားရေးဝန်ကြီးဌာနက Eleven Media Group ကို အသရေဖျက်မှုနဲ့ တရားစွဲဆို ထားတဲ့အမှုကို ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ ၄ ကြိမ်မြောက်စစ်ဆေးရာ တရားလိုဖြစ်တဲ့ ပြန် ကြားရေးဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုးကို စတင်စစ်ဆေးခဲ့ပါတယ်။
2014-11-19
ထိုင်းနိုင်ငံမှာ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားနှစ်ဦးကို မနက်ဖြန် Koh Samuei ခရိုင်တရားရုံးမှာ အာမခံပေးဖို့ တင်ပြသွားမှာဖြစ်တယ် လို့ မြန်မာသံရုံးအထူးအဖွဲ့က ပြောပါတယ်။