သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-07
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံတင်ခွင့် ရပြီးရင် အင်န်အယ်လ်ဒီ ပါတီဝင် အဖြစ် ပြန်လည် လျှောက်ထားဖို့ ဆုံးဖြတ်လိုက်ပြီလို့ လွှတ်တော် အမတ် ဦးကြည်မြင့်က အာရ်အက်ဖ်အေကို ပြောပါတယ်။
2011-12-07
မြန်မာ့နိုင်ငံရေး သမိုင်းမှာ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့သူ ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ဝင် သခင်လှကွန်း ဒီဇင်ဘာလ ၄ ရက် မနက်က ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီး ဒီဇင်ဘာ ၆ ရက် မနေ့က ဈာပန ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
2011-12-07
မြန်မာစစ်အစိုးရကို တရားမဝင် လေယာဉ်တစ်စင်းနဲ့ လေယာဉ် အပိုပစ္စည်းတွေ တင်ပို့ရောင်းချမှု ကျူးလွန်ခဲ့တဲ့ ကနေဒါ အခြေစိုက် Kenn Borek Air လေကြောင်း ကုမ္ပဏီကို ကနေဒါ အစိုးရ တရားရုံး တစ်ခုက ဒေါ်လာ ၂ သောင်းခွဲ ဒဏ်ငွေပေးဆောင်ဖို့ မနေ့က အမိန့်ချမှတ် လိုက်ပါတယ်။
2011-12-06
မြန်မာစစ်တပ်နဲ့ ရှမ်းပြည် တပ်မတော်တို့ အကြား အခု လဆန်းပိုင်းက အပစ်အခတ် ရပ်စဲဖို့ ပဏာမ သဘောတူညီခဲ့ကြပြီးနောက် မြန်မာ စစ်တပ်ထဲမှာရော၊ ရှမ်းပြည် တပ်မတော်ထဲမှာပါ အပစ်ရပ် အမိန့်စာတွေ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သိရပါတယ်။
2011-12-06
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် NED National Endowment for Democracy ခေါ် နိုင်ငံတကာ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့အဖွဲ့ အကြီးတန်း ညွှန်ကြားရေးမှူး Mr. Brian Joseph က မနေ့က နေ့လယ် ၁၁ နာရီခွဲမှာ လာရောက် တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရပါတယ်၊
2011-12-06
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးဦးလွင် ဟာ အင်္ဂါနေ့ည ၈ နာရီ ၄၀ ဝန်းကျင် လောက်မှာ ရန်ကုန်မြို့နေအိမ်မှာ ၉၆ ပါး ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
2011-12-06
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် စက်မှုတက္ကသိုလ် Virginia Tech က ကျောင်းသူ ကျောင်းသားတွေနဲ့ အင်တာနက် ဗီဒီယိုက တဆင့် မြန်မာ့ဒီမိုကရေစီရေးနဲ့ ပညာရေးကိစ္စတွေကို တိုက်ရိုက် ဆွေးနွေးခဲ့ပြီး၊ ကျောင်းသားတွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2011-12-06
အလုပ်သမား ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် တောင်သူလယ်သမား သမဂ္ဂ၊ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းဖို့ လျှောက်ထားတဲ့ အခါမှာတော့ အကြောင်းအမျိုးမျိုး ပြပြီး လက်မခံခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ Kyoto မြို့မှာ ကျင်းပနေတဲ့ ILO အာရှနဲ့ ပစိဖိတ် အစည်းအဝေးမှာ တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
2011-12-06
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အတွက် နာရေးကူညီမူအသင်း (ရန်ကုန်) က ကျပ်ငွေ သိန်း ၃၀၀ မတည်ပြီး အကူအညီတွေ မနေ့က စတင် ပေးနေကြောင်း သိရပါတယ်။
2011-12-06
လတ်တလောရပ်နားထားတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေကို အခုလာမယ့် ၂၀၁၂ ခု ဇန္နဝါရီလ ဒုတိယအပတ်အတွင်း ပြန်လည်ကျင်းပမယ်လို့ သိရပါတယ်။
2011-12-06
မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာမယ့် ပုပ်ရဟန်းမင်းကြီး Benedict ရဲ့ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လာမယ့် ကြာသပတေးနေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
2011-12-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကြီးမှူးကျင်းပမယ့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်အကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ် ဒီကနေ့ မနက် ၁၀ နာရီက Sakura tower အပေါ်ထပ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာမှာ ပရိသတ် တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။
2011-12-05
လာမယ့် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားတွေ အတွက် ထိပ်တန်း အာရှခရီးစဉ် တနေရာ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် အခြေစိုက် အာရှပစိတ်ဖိတ် ခရီးသွား လုပ်ငန်း Asia Transpacific Journeys က မနေ့က ခန့်မှန်း ပြောကြားလိုက် ပါတယ်။
2011-12-05
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် နည်းပညာ တက္ကသိုလ် Virginia Tech ကျောင်းသူ ကျောင်းသားတွေနဲ့ အင်တာနက် ဗီဒီယိုကနေ ဒီကနေ့ မနက်မှာ တိုက်ရိုက် ဆွေးနွေးတယ်လို့ သိရပါတယ်။
2011-12-05
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက် အရွေးချယ်ခံဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။